မြန်မာနိုင်ငံကို တဖြည်းဖြည်းဖြန့်ကျက်လာတဲ့ Ooredoo 4G Plus Network





Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

မြမြန်မာနိုင်ငံမှာ စမတ်ဖုန်းမိုဘိုင်းအော်ပရေတာတွေက အခုဆိုရင် ယခင်တုန်းက 3G Network ကိုပဲ ပေးခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာတော့ 4G Network တွေကို စတင်လာခဲ့တာ နှစ်အနည်းငယ်ရှိသွားပြီပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ 4G Mobile Network ကို စတင်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတဲ့ Ooredoo Myanmar ကနေ အခုအချိန်မှာ သူရဲ့ နောက်ဆုံး 4G Plus Network ကို မြန်မာနိုင်ငံရဲ့ မြို့နယ်တွေအများအပြားမှာ ရရှိနိုင်နေပြီလို့ သိရပါတယ်။ Ooredoo ရဲ့ 4G Plus Network ဟာဆိုရင် 4G Network ကို ပိုပြီး အဆင့်မြင့်ထားတာဖြစ်ပြီး အင်တာနက်အတွက်လက်ရှိမှာ အမြန်ဆုံးအင်တာနက် Speed ရရှိနေတာဖြစ်ပြီးတော့ စမ်းသပ်ကြည့်တဲ့အချိန်မှာလည်း Download Speed ကို 64Mbps နဲ့ အထက်ကို ရရှိနေတာပဲဖြစ်ပါတယ်။

Ooredoo Myanmar ရဲ့ ပြောကြားချက်အရ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ မြို့နယ် ၂၀၀ ခန့်မှာ Ooredoo 4G Plus Network ကိုရရှိနေပြီလို့ သိရပါတယ်။ အခုလိုမျိုး အောင်မြင်မှုဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံက Mobile Data ကို အသုံးပြုသူတွေအတွက် သိသိသာသာကို ကောင်းတဲ့သတင်းပဲဖြစ်ပါတယ်။

Ooredoo ရဲ့ အခုလိုမျိုး 4G Plus Network ရနေတဲ့ မြို့နယ် ၂၀၀ ထဲမှာ Akhayar ပရိသတ်ကြီးရော ရှိနေကြပါသလား?

Zawyè (Akhayar) 

www.akhayar.com