Ooredoo Myanmar နဲ႔အတူ ဖြင့္လွစ္လုိက္တဲ့ Myanmar Idol Season 3

Myanamar Idol ရဲ့ Season 3 ကုိ Ooredoo နဲ႔ အတူ ဖြင့္လွစ္လိုက္ပါျပီ။

Myanmar Idol လို႔ ဆိုလိုက္တာနဲ႔ ပရိသတ္ကို ရင္ခုန္စိတ္လႈပ္ရွားမႈအျပည့္ေပးျပီး ဝါသနာရွင္၊ အဆိုရွင္ေတြရဲ့ အဆိုပညာအစြမ္းေတြ၊ ဖက္ရွင္နဲ႔ ေတးသြားအလွအပေတြကို အျပည့္အဝျမင္ေတြ႔ရမယ့္ အဆိုျပိဳင္ပြဲတစ္ခုဆိုတာ သိၾကမွာပါ။

Myanmar Idol ရဲ့ Season 1 မွာဆုိရင္ အားလံုးသိတဲ့အတုိင္း Rio၊ ေအာင္ျပည့္ထြန္း၊ ခုိင္သဇင္သင္း၊ ေအာင္ေတဇာေက်ာ္၊ ေစာထက္ႏုိင္စိုး၊ ေမၾကည္၊ ေဇာ္မင္းဦး၊ Sophia Everest ၊ M ေဇာ္ရိန္အစရွိတဲ့ အရည္အခ်င္းရွိ ျပိဳင္ပြဲဝင္ေရာက္ခဲ့ျပီး ပရိသတ္အခ်စ္ေတာ္ လားလားလို႔ ေခၚတဲ့ ေစာလားေထာ္ဝါးက Winner ဆုၾကီးကို ဆြတ္ခူးရရွိခဲ့ပါတယ္။
Season 2 မွာဆုိရင္လည္း Aမီစ်ာန္၊ ျဖဴေလး၊ ခ်မ္းျငိမ္း၊ ယြန္း၊ ရဲေနာင္၊ မုိင္းမိုင္ ဆုိင္း၊ ဇင္ၾကီး၊ ပိုးမီစတဲ့ ျပိဳင္ပြဲဝင္ေတြ ဝင္ျပိဳင္ခဲ့ျကျပီး ပရိသတ္ရဲ့ အသည္းတံုးၾကီး သားငယ္က Winner ျဖစ္ခဲ့သလို ခ်စ္ဖို႔ ေကာင္းသလို အဆိုလည္း ေကာငး္တဲ့ ဘီလီလမင္းေအးက 1st Runner Up ဆြတ္ခူးခဲ့တာလည္း အမွတ္ရေနဦးမွာပါ။
အခုတစ္ခါမွာလည္းး ရင္ခုန္စရာေကာင္းတဲ့ Myanmar Idol Season 3 ၾကီး စေတာ့မွာမို႔ ေမာ္လျမိဳင္၊ ပဲခူး၊ ပုသိမ္စတဲ့ ျမိဳ႕ေတြမွာ Mobile Casting နဲ႔ အသံစစ္ေဆးေနျပီျဖစ္သလို မႏၱေလး၊ ေတာင္ၾကီးစတဲ့ ျမိဳ႕ၾကီးေတြမွာလည္း ပဏာမအသံစစ္ေဆးမႈေတြလည္း ျပဳလုပ္ေနျပီျဖစ္ပါတယ္။

Myanmar Idol Season 3 မွာ Winner ျဖစ္ခဲ့ရင္ေတာ့ ေတးစီးရီး Album နဲ႔အတူ က်ပ္သန္း ၂၀ ဆုရရွိမွာ ျဖစ္တဲ့အတြက္ အေတာ့္ကို ရင္ခုန္စရာပါ။ ဒီတစ္ေခါက္ Myanmar Idol Season 3 ခရီးလမ္းမွာေတာ့ အဆုိဝါသနာရွင္ေတြကို အားျဖည့္ကူညီတဲ့အေနနဲ႔ Ooredoo က ဝင္ေရာက္ပံ့ပိုးထားပါတယ္။
Ooredoo ရဲ့ “ေပ်ာ္ရႊင္ခ်ိတ္ဆက္ ဂီတအိပ္မက္”ဆိုတဲ့အတုိင္း Myanmar Idol Season 3 မွာ ဝါသနာရွင္လူငယ္ေတြရဲ့ အရည္အခ်င္းေတြကို ပြဲထုတ္ရာမွာ ကူညီဖို႔ Official Telecom Partner အျဖစ္ ကူညီပံ့ပိုးေပးထားပါတယ္။

ဒိုင္ေတြ အျဖစ္နဲ႔လည္း အကယ္ဒမီရန္ေအာင္၊ ျမန္မာျပည္သိန္းတန္၊ မ်ိဳးေက်ာ့ျမိဳင္၊တင္ဇာေမာ္တို႔က ေဆာင္ရြက္မွာမို႔ Myanamar Idol Season 3 ကို ရင္ခုန္စြာနဲ႔ ေစာင့္ေမွ်ာ္ၾကပါစို႔။

ရုိးလူ (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Myanamar Idol ရဲ့ Season 3 ကို Ooredoo နဲ့ အတူ ဖွင့်လှစ်လိုက်ပါပြီ။

Myanmar Idol လို့ ဆိုလိုက်တာနဲ့ ပရိသတ်ကို ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်ပေးပြီး ဝါသနာရှင်၊ အဆိုရှင်တွေရဲ့ အဆိုပညာအစွမ်းတွေ၊ ဖက်ရှင်နဲ့ တေးသွားအလှအပတွေကို အပြည့်အဝမြင်တွေ့ရမယ့် အဆိုပြိုင်ပွဲတစ်ခုဆိုတာ သိကြမှာပါ။

Myanmar Idol ရဲ့ Season 1 မှာဆိုရင် အားလုံးသိတဲ့အတိုင်း Rio၊ အောင်ပြည့်ထွန်း၊ ခိုင်သဇင်သင်း၊ အောင်တေဇာကျော်၊ စောထက်နိုင်စိုး၊ မေကြည်၊ ဇော်မင်းဦး၊ Sophia Everest ၊ M ဇော်ရိန်အစရှိတဲ့ အရည်အချင်းရှိ ပြိုင်ပွဲဝင်ရောက်ခဲ့ပြီး ပရိသတ်အချစ်တော် လားလားလို့ ခေါ်တဲ့ စောလားထော်ဝါးက Winner ဆုကြီးကို ဆွတ်ခူးရရှိခဲ့ပါတယ်။
Season 2 မှာဆိုရင်လည်း Aမီဈာန်၊ ဖြူလေး၊ ချမ်းငြိမ်း၊ ယွန်း၊ ရဲနောင်၊ မိုင်းမိုင် ဆိုင်း၊ ဇင်ကြီး၊ ပိုးမီစတဲ့ ပြိုင်ပွဲဝင်တွေ ဝင်ပြိုင်ခဲ့ကြပြီး ပရိသတ်ရဲ့ အသည်းတုံးကြီး သားငယ်က Winner ဖြစ်ခဲ့သလို ချစ်ဖို့ ကောင်းသလို အဆိုလည်း ကောင်းတဲ့ ဘီလီလမင်းအေးက 1st Runner Up ဆွတ်ခူးခဲ့တာလည်း အမှတ်ရနေဦးမှာပါ။
အခုတစ်ခါမှာလည်းး ရင်ခုန်စရာကောင်းတဲ့ Myanmar Idol Season 3 ကြီး စတော့မှာမို့ မော်လမြိုင်၊ ပဲခူး၊ ပုသိမ်စတဲ့ မြို့တွေမှာ Mobile Casting နဲ့ အသံစစ်ဆေးနေပြီဖြစ်သလို မန္တလေး၊ တောင်ကြီးစတဲ့ မြို့ကြီးတွေမှာလည်း ပဏာမအသံစစ်ဆေးမှုတွေလည်း ပြုလုပ်နေပြီဖြစ်ပါတယ်။

Myanmar Idol Season 3 မှာ Winner ဖြစ်ခဲ့ရင်တော့ တေးစီးရီး Album နဲ့အတူ ကျပ်သန်း ၂၀ ဆုရရှိမှာ ဖြစ်တဲ့အတွက် အတော့်ကို ရင်ခုန်စရာပါ။ ဒီတစ်ခေါက် Myanmar Idol Season 3 ခရီးလမ်းမှာတော့ အဆိုဝါသနာရှင်တွေကို အားဖြည့်ကူညီတဲ့အနေနဲ့ Ooredoo က ဝင်ရောက်ပံ့ပိုးထားပါတယ်။
Ooredoo ရဲ့ “ပျော်ရွှင်ချိတ်ဆက် ဂီတအိပ်မက်”ဆိုတဲ့အတိုင်း Myanmar Idol Season 3 မှာ ဝါသနာရှင်လူငယ်တွေရဲ့ အရည်အချင်းတွေကို ပွဲထုတ်ရာမှာ ကူညီဖို့ Official Telecom Partner အဖြစ် ကူညီပံ့ပိုးပေးထားပါတယ်။

ဒိုင်တွေ အဖြစ်နဲ့လည်း အကယ်ဒမီရန်အောင်၊ မြန်မာပြည်သိန်းတန်၊ မျိုးကျော့မြိုင်၊တင်ဇာမော်တို့က ဆောင်ရွက်မှာမို့ Myanamar Idol Season 3 ကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြပါစို့။

ရိုးလူ (Akhayar) 

www.akhayar.com