[ZawGyi]

ေရႊျမန္မာတုိ႔ရဲ႕ အလွဴေရစက္လက္နဲ႔မကြာ သဒၶါစိတ္ထား

စီးပြားေရးလုပ္ငန္းေတြမွာလည္း ဝင္ေငြေကာင္းလာၿပီဆုိရင္ စားသုံးသူေတြကုိ ျပန္လည္အက်ိဳးျပဳလာတတ္ၾကတယ္။ အက်ိဳးအျမတ္ရရွိေစတဲ့ စားသုံးသူေတြကုိ ျပန္လည္ေက်းဇူးျပဳေသာအားျဖင့္ ျပန္လည္လွဴဒါန္းတတ္လာၾကပါတယ္။ ႏုိင္ငံေတာ္အတြက္ အက်ိဳးျဖစ္ေစတဲ့ ပညာေရး၊ လူမႈေရး၊ စီးပြားေရးနဲ႔ ဘာသာေရးလုပ္ငန္းေတြကုိ လုပ္ကုိင္ရင္း စားသုံးသူေတြကုိ ျပန္လည္ကူညီလာၾကပါတယ္။

ျမန္မာႏုိင္ငံရဲ႕ မုိဘုိင္းေအာ္ပေရတာတစ္ခုျဖစ္တဲ့ အူရီဒူး (Ooredoo Myanmar) ဟာဆုိရင္ “မိနစ္မ်ားမ်ားေျပာေလ အူရီဒူးကမ်ားမ်ားလွဴေပးေလ” အစီအစဥ္ကို စတင္ခဲ့ျပီး ရက္ေပါင္း ၉၀ အတြင္းမွာ ျပည္သူလူထု (၁) မိနစ္ဖုန္းေျပာတိုင္း အူရီဒူးက (၁) က်ပ္လွဴဒါန္းခဲ့ရာ က်ပ္သိန္းေပါင္း (၉ဝဝ) ေက်ာ္အထိကုိ မေကြးတုိင္းေဒသႀကီးရဲ႕ ဘုန္းေတာ္ၾကီးသင္ပညာေရးေက်ာင္းေတြမွာ လွဴဒါန္းခဲ့ပါတယ္။

ျမန္မာလူမ်ိဳးေတြဟာ အလွဴအတန္းလုပ္ႏုိင္ေအာင္လုိ႔ အလုပ္ႀကိဳးစားတတ္ၾကတယ္။ စီးပြားေရးအဆင္ေျပလာတဲ့အခါ အလွဴေရေခ်ာင္းစီး ေမာင္းတီးလွဴတတ္ၾကတယ္။  ဆင္းရဲဒုကၡေရာက္ေနတဲ့သူေတြကုိလည္း တက္စြမ္းသမ်ွ ကူညီလုိစိတ္ေတြ ရွိတတ္ၾကပါတယ္။ စုေဆာင္းထားတဲ့ ေငြေၾကးေတြကုိ က်စ္က်စ္ပါေအာင္ ဆုတ္ကုိင္ရင္း အမ်ားအက်ိဳးျပဳလုပ္ငန္းေတြမွာ လွဴဒါန္းတတ္ၾကပါတယ္။ ဒါ့အျပင္ ကုမၸဏီေတြကုိလည္း စားသုံးသူေတြကုိ ေက်းဇူးဆပ္ေသာအားျဖင့္ အလွဴအတန္းလုပ္ၿပီး ျပန္လည္ကူညီတတ္ၾကပါတယ္။ စားသုံးသူေတြရဲ႕ လူေနမႈအဆင့္အတန္း တုိးတက္ျမင့္မားလာေလ လုပ္ငန္းျဖစ္ထြန္းလာေလပဲ ျဖစ္ပါတယ္။

ဒါတင္မက စီးပြားေရးလုပ္ငန္းေတြမွာလည္း ကုမၸဏီက ရရွိလာတဲ့ အျမတ္အစြန္းေတြကုိ လူသားအက်ိဳးျပဳလုပ္ငန္းေတြမွာ ေဆာင္ရြက္တယ္၊ ျပည္သူလူထုအတြက္ က်န္းမာေရး၊ လူမႈေရး၊ ပညာေရးနဲ႔ ဘာသာေရးလုပ္ငန္းေတြမွာ ကူညီေစာင္မေပးလာၾကပါတယ္။

ပဲခူးတုိင္းေဒသႀကီး ျပည္ၿမိဳ႕၊ နဝေဒးရပ္ရွိ ျမသိဂၤ ီၾကံခင္းသီလရွင္သင္ပညာေရးေက်ာင္းကို ဆရာႀကီးေဒၚဇယဝတီမွ ၂၀၁၂ ခုနွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး ၂၀၁၅-၂၀၁၆ ခုနွစ္တြင္ မူလတန္းလြန္ေက်ာင္းအျဖစ္ အဆင့္ျမွင့္တင္ခဲ့ပါတယ္။ ေနထုိင္ပညာသင္ၾကားေနသူ (၈၀) ဦးရွိၿပီး ရပ္ရြာအနီးတစ္ဝိုက္မွ စာသင္ေက်ာင္းသား/ ေက်ာင္းသူ (၂၃၀) ဦး ရွိပါတယ္။ အေျခခံအေဆာက္အဦးနည္းပါးမႈေၾကာင့္ ကေလးငယ္မ်ား စိတ္ေအးခ်မ္းသာစြာျဖင့္ ပညာသင္ၾကားႏုိင္ေစေရး ရည္ရြယ္ၿပီး အူရီဒူးျမန္မာမွ ေက်ာင္းေဆာင္သစ္ေဆာက္လုပ္ရန္ မတည္လွဴဒါန္းေငြ သိန္း (၂၀၀) က်ပ္ကုိ မတည္လွဴဒါန္းခဲ့ပါေသးတယ္။

ဆရာႀကီးေဒၚဝဏၰသီရိကေန ရတနာမဥၨရီသီလရွင္သင္ပညာေရးေက်ာင္းဟာ ၂၀၀၂ ခုႏွစ္က စတင္တည္ေထာင္ခဲ့ၿပီး ေက်ာင္းသားေပါင္း ၄၂၄ ေယာက္ကို ဆရာ/ဆရာမေပါင္း (၁၁) ဦးက ပညာသင္ၾကားေနတဲ့ နယ္ပယ္ေဒသအသီးသီးမွ ဆင္းရဲခ်ဳိ႕တဲ့၊ မိဘမဲ့ကေလးငယ္ (၁၅၀) ကုိ ေကၽြးေမြးေစာင့္ေရွာက္ေနပါတယ္။ ေက်ာင္းသားကေလးငယ္မ်ားရဲ႕ ပညာေရးႏွင့္ အနာဂတ္မွာ တိုးတက္ေအာင္ျမင္ေစဖို႕ ေက်ာင္းေဆာင္သစ္ေတြေဆာက္လုပ္ရန္အတြက္ မတည္လွဴဒါန္းေငြ သိန္း (၂၀၀) က်ပ္ကုိ လွဴဒါန္းခဲ့ပါတယ္။

မေကြးတုိင္းေဒသႀကီး၊ ေအာင္လံၿမိဳ႕မွာရွိတဲ့ စခန္းသာ ဘုနး္ေတာ္ႀကီးသင္ပညာေရးေက်ာင္း (ေအာင္လံ)
စခန္းသာဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမွာ စာသင္ေက်ာင္းသားေပါင္း (၂၀၀) ေက်ာ္ လက္ရွိပညာသင္ၾကားေနလ်က္ရွိၿပီး ဆရာေတာ္ ဦးတိကၡဥာဏမွ (၂၀၁၂) ခုႏွစ္တြင္ မူလတန္းလြန္စာသင္ေက်ာင္းအျဖစ္ အဆင့္ျမင့္တင္ၿပီး  ကေလးငယ္ေတြရဲ႕ ပညာေရးအတြက္ ေထာက္ပံ့သင္ၾကားေပးေနပါတယ္။ ႏုိင္ငံေတာ္ရဲ႕ပညာေရးကုိ ေထာက္ပံ့ေပးတဲ့အေနနဲ႔ စခန္းသာဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းရဲ႕ ေက်ာင္းေဆာင္သစ္အတြက္ အူရီဒူးျမန္မာမွ မတည္ေငြ သိန္း (၂ဝဝ) က်ပ္ လွဴဒါန္းခဲ့ပါေသးတယ္။

အူရီဒူးျမန္မာဟာဆုိရင္ စစ္ကိုင္းတုိင္းေဒသႀကီး မုံရြာၿမိဳ႕ သလႅာရပ္မွာရွိတဲ့ သလႅာလူငယ္ဖြံ႕ၿဖိဳးေရး ပရဟိတေဂဟာမွာ ေက်ာင္းသားကေလးငယ္ေတြရဲ႕ ပညာေရးနဲ႔ အနာဂတ္မွာ တိုးတက္ေအာင္ျမင္ေစဖို႔ ႏွစ္ထပ္စာသင္ေဆာင္အတြက္ အလွဴေငြက်ပ္ သိန္း (၂ဝဝ) နဲ႔ ကြန္ပ်ဴတာ၊ ပရင္တာနဲ႔ စကမ္နာ၊ အင္တာနက္ခ်ိတ္ဆက္အသံုးျပဳႏုိင္ရန္ Modem ေတြကုိလည္း လွဴဒါန္းခဲ့ပါတယ္။ စစ္ကိုင္းတုိင္းေဒသႀကီး ေခ်ာင္းဦးၿမိဳ႕နယ္မွာရွိတဲ့ ဧရိပ္မြန္ (၂) ၊ မိဘမဲ့မိန္းကေလးေက်ာင္းမွာလည္း အလွဴေငြ သိန္း (၂ဝဝ) နဲ႔ ကြန္ပ်ဴတာ၊ ပရင္တာနဲ႔ စကမ္နာေတြအျပင္ အင္တာနက္ခ်ိတ္ဆက္အသံုးျပဳႏုိင္ရန္ Modem ေတြကုိလည္း လွဴဒါန္းခဲ့ပါေသးတယ္။

ဒါ့အျပင္ စစ္ကုိင္းၿမိဳ႕ ေသာတာပန္ရပ္ကြက္မွာရွိတဲ့ ေအာင္ေျမဦးဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းအတြက္ ႏွစ္ထပ္စာသင္ေဆာင္ရဲ႕ မတည္ေငြ သိန္း (၂ဝဝ) လွဴဒါန္းခဲ့တဲ့အျပင္ ကြန္ပ်ဴတာအေထာက္ကူျပဳအခန္းအတြက္ လက္ပ္ေတာ့ (၁၀) လံုး၊ ပရင္တာ၊ စကန္နာ နဲ႔ မိုဒန္ (၁) လံုးတုိ႔ကုိ ဆက္လက္လွဴဒါန္းပါေသးတယ္။ ႏုိင္ငံေတာ္အတြက္ လုိအပ္ေနတဲ့ ပညာေရးေထာက္တုိင္ကုိ စားသုံးသူေတြဘက္မွ အူရီဒူးျမန္မာက အားျဖည့္ေပးတာျဖစ္ပါတယ္။

www.akhayar.com

[Unicode]

ရွှေမြန်မာတို့ရဲ့ အလှူရေစက် လက်နဲ့မကွာ သဒ္ဓါစိတ်ထား

စီးပွားရေးလုပ်ငန်းတွေမှာလည်း ဝင်ငွေကောင်းလာပြီဆိုရင် စားသုံးသူတွေကို ပြန်လည်အကျိုးပြုလာတတ်ကြတယ်။ အကျိုးအမြတ်ရရှိစေတဲ့ စားသုံးသူတွေကို ပြန်လည်ကျေးဇူးပြုသောအားဖြင့် ပြန်လည်လှူဒါန်းတတ်လာကြပါတယ်။ နိုင်ငံတော်အတွက် အကျိုးဖြစ်စေတဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ဘာသာရေးလုပ်ငန်းတွေကို လုပ်ကိုင်ရင်း စားသုံးသူတွေကို ပြန်လည်ကူညီလာကြပါတယ်။

မြန်မာနိုင်ငံရဲ့ မိုဘိုင်းအော်ပရေတာတစ်ခုဖြစ်တဲ့ အူရီဒူး (Ooredoo Myanmar) ဟာဆိုရင် “မိနစ်များများပြောလေ အူရီဒူးကများများလှူပေးလေ” အစီအစဉ်ကို စတင်ခဲ့ပြီး ရက်ပေါင်း ၉၀ အတွင်းမှာ ပြည်သူလူထု (၁) မိနစ်ဖုန်းပြောတိုင်း အူရီဒူးက (၁) ကျပ်လှူဒါန်းခဲ့ရာ ကျပ်သိန်းပေါင်း (၉ဝဝ) ကျော်အထိကို မကွေးတိုင်းဒေသကြီးရဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ လှူဒါန်းခဲ့ပါတယ်။

မြန်မာလူမျိုးတွေဟာ အလှူအတန်းလုပ်နိုင်အောင်လို့ အလုပ်ကြိုးစားတတ်ကြတယ်။ စီးပွားရေးအဆင်ပြေလာတဲ့အခါ အလှူရေချောင်းစီး မောင်းတီးလှူတတ်ကြတယ်။  ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကိုလည်း တက်စွမ်းသမျှ ကူညီလိုစိတ်တွေ ရှိတတ်ကြပါတယ်။ စုဆောင်းထားတဲ့ ငွေကြေးတွေကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်း အများအကျိုးပြုလုပ်ငန်းတွေမှာ လှူဒါန်းတတ်ကြပါတယ်။ ဒါ့အပြင် ကုမ္ပဏီတွေကိုလည်း စားသုံးသူတွေကို ကျေးဇူးဆပ်သောအားဖြင့် အလှူအတန်းလုပ်ပြီး ပြန်လည်ကူညီတတ်ကြပါတယ်။ စားသုံးသူတွေရဲ့ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာလေ လုပ်ငန်းဖြစ်ထွန်းလာလေပဲ ဖြစ်ပါတယ်။

ဒါတင်မက စီးပွားရေးလုပ်ငန်းတွေမှာလည်း ကုမ္ပဏီက ရရှိလာတဲ့ အမြတ်အစွန်းတွေကို လူသားအကျိုးပြုလုပ်ငန်းတွေမှာ ဆောင်ရွက်တယ်၊ ပြည်သူလူထုအတွက် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနဲ့ ဘာသာရေးလုပ်ငန်းတွေမှာ ကူညီစောင်မပေးလာကြပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့၊ နဝဒေးရပ်ရှိ မြသိင်္ဂ ီကြံခင်းသီလရှင်သင်ပညာရေးကျောင်းကို ဆရာကြီးဒေါ်ဇယဝတီမှ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် မူလတန်းလွန်ကျောင်းအဖြစ် အဆင့်မြှင့်တင်ခဲ့ပါတယ်။ နေထိုင်ပညာသင်ကြားနေသူ (၈၀) ဦးရှိပြီး ရပ်ရွာအနီးတစ်ဝိုက်မှ စာသင်ကျောင်းသား/ ကျောင်းသူ (၂၃၀) ဦး ရှိပါတယ်။ အခြေခံအဆောက်အဦးနည်းပါးမှုကြောင့် ကလေးငယ်များ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်စေရေး ရည်ရွယ်ပြီး အူရီဒူးမြန်မာမှ ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မတည်လှူဒါန်းငွေ သိန်း (၂၀၀) ကျပ်ကို မတည်လှူဒါန်းခဲ့ပါသေးတယ်။

ဆရာကြီးဒေါ်ဝဏ္ဏသီရိကနေ ရတနာမဉ္ဇရီသီလရှင်သင်ပညာရေးကျောင်းဟာ ၂၀၀၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ကျောင်းသားပေါင်း ၄၂၄ ယောက်ကို ဆရာ/ဆရာမပေါင်း (၁၁) ဦးက ပညာသင်ကြားနေတဲ့ နယ်ပယ်ဒေသအသီးသီးမှ ဆင်းရဲချို့တဲ့၊ မိဘမဲ့ကလေးငယ် (၁၅၀) ကို ကျွေးမွေးစောင့်ရှောက်နေပါတယ်။ ကျောင်းသားကလေးငယ်များရဲ့ ပညာရေးနှင့် အနာဂတ်မှာ တိုးတက်အောင်မြင်စေဖို့ ကျောင်းဆောင်သစ်တွေဆောက်လုပ်ရန်အတွက် မတည်လှူဒါန်းငွေ သိန်း (၂၀၀) ကျပ်ကို လှူဒါန်းခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့မှာရှိတဲ့ စခန်းသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (အောင်လံ)
စခန်းသာဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ စာသင်ကျောင်းသားပေါင်း (၂၀၀) ကျော် လက်ရှိပညာသင်ကြားနေလျက်ရှိပြီး ဆရာတော် ဦးတိက္ခဉာဏမှ (၂၀၁၂) ခုနှစ်တွင် မူလတန်းလွန်စာသင်ကျောင်းအဖြစ် အဆင့်မြင့်တင်ပြီး  ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့သင်ကြားပေးနေပါတယ်။ နိုင်ငံတော်ရဲ့ပညာရေးကို ထောက်ပံ့ပေးတဲ့အနေနဲ့ စခန်းသာဘုန်းတော်ကြီးသင်ပညာရေးကျောင်းရဲ့ ကျောင်းဆောင်သစ်အတွက် အူရီဒူးမြန်မာမှ မတည်ငွေ သိန်း (၂ဝဝ) ကျပ် လှူဒါန်းခဲ့ပါသေးတယ်။

အူရီဒူးမြန်မာဟာဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သလ္လာရပ်မှာရှိတဲ့ သလ္လာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ ကျောင်းသားကလေးငယ်တွေရဲ့ ပညာရေးနဲ့ အနာဂတ်မှာ တိုးတက်အောင်မြင်စေဖို့ နှစ်ထပ်စာသင်ဆောင်အတွက် အလှူငွေကျပ် သိန်း (၂ဝဝ) နဲ့ ကွန်ပျူတာ၊ ပရင်တာနဲ့ စကမ်နာ၊ အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်ရန် Modem တွေကိုလည်း လှူဒါန်းခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်မှာရှိတဲ့ ဧရိပ်မွန် (၂) ၊ မိဘမဲ့မိန်းကလေးကျောင်းမှာလည်း အလှူငွေ သိန်း (၂ဝဝ) နဲ့ ကွန်ပျူတာ၊ ပရင်တာနဲ့ စကမ်နာတွေအပြင် အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်ရန် Modem တွေကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့ သောတာပန်ရပ်ကွက်မှာရှိတဲ့ အောင်မြေဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် နှစ်ထပ်စာသင်ဆောင်ရဲ့ မတည်ငွေ သိန်း (၂ဝဝ) လှူဒါန်းခဲ့တဲ့အပြင် ကွန်ပျူတာအထောက်ကူပြုအခန်းအတွက် လက်ပ်တော့ (၁၀) လုံး၊ ပရင်တာ၊ စကန်နာ နဲ့ မိုဒန် (၁) လုံးတို့ကို ဆက်လက်လှူဒါန်းပါသေးတယ်။ နိုင်ငံတော်အတွက် လိုအပ်နေတဲ့ ပညာရေးထောက်တိုင်ကို စားသုံးသူတွေဘက်မှ အူရီဒူးမြန်မာက အားဖြည့်ပေးတာဖြစ်ပါတယ်။

www.akhayar.com