[Zawgyi] 

သီခ်င္းနားေထာင္ဖို႔အတြက္ နည္းလမ္းဘယ္ႏွစ္ခုေလာက္သင္စဥ္းစားျဖစ္ပါသလဲ။ အရင္ကေတာ့ သီခ်င္းနားေထာင္ဖို႔  FM ၊ AM ေရဒီယိုေတြကို ေစာင့္နားေထာင္တာ၊ ေခြသြားဝယ္ၿပီး ကြန္ပ်ဴတာ၊ MP3 Player စတာေတြထဲထည့္ၿပီးနားေထာင္ခဲ့ၾကရတဲ့အခ်ိန္ေတြကို ေက်ာ္ျဖတ္လာခဲ့တာ အခုဆိုရင္ ေခြဝယ္ဖို႔ေတာင္ သိပ္မလိုေတာ့ပါဘူး။ Online ကေန ဝယ္ယူၿပီးနားေထာင္လို႔ရလာခဲ့ပါၿပီ။ 

Spotify

အရင္ကေတာ့ ျပည္ပႏိုင္ငံေတြမွာပဲရွိခဲ့တဲ့ Online ေပၚမွာ သီခ်င္းေရာင္းတဲ့ဝန္ေဆာင္မႈမ်ိဳးေတြကို အခုေတာ့ ျပည္တြင္းမွာပါေတြ႕လာရပါၿပီ။ အဲ့ဒီေနာက္ပိုင္း အခ်ိန္ေတြေက်ာ္ျဖတ္လာခဲ့တာနဲ႔အမွ် သီခ်င္းေရာင္းတဲ့ေစ်းကြက္ႀကီးတစ္ခုလံုးရဲ႕ လည္ပတ္မႈပံုစံကလည္းေျပာင္းလဲသြားခဲ့ပါတယ္။ 

Online ကေနသီခ်င္းေတြကိုဝယ္ယူခဲ့ရာကေန အခုေတာ့ သီခ်င္းေတြကိုဝယ္ယူစရာမလိုေတာ့ပဲ Online မွာပဲတိုက္႐ိုက္နားေထာင္လို႔ရေအာင္လုပ္ေပးထားတဲ့ ဝန္ေဆာင္မႈေတြေခတ္စားလာခဲ့ပါတယ္။ Spotify ၊ Apple Music ၊ Tidal အစရွိတဲ့ Online Music Streaming ဝန္ေဆာင္မႈေတြမွာ လစဥ္ေၾကးေပးသြင္းၿပီး ႏွစ္သက္ရာသီခ်င္းေတြကို အင္တာနက္ရတဲ့ေနရာမေ႐ြးမွာ နားေထာင္လို႔ရလာႏိုင္ပါၿပီ။ 

Apple Music

Buying မဟုတ္ေတာ့ပဲ Streaming ဖက္ကိုပဲဦးတည္သြားေနတဲ့ သီခ်င္းေစ်းကြက္ႀကီးမွာ Apple Music နဲ႔ Spotify တို႔ကဦးေဆာင္ေနပါတယ္။ ေစ်းကြက္အေျပာင္းအလဲေတြျဖစ္ေပၚေနခဲ့တာေၾကာင့္ Apple ရဲ႕ iTunes Store မွာ Music ပိုင္းကိုျဖဳတ္ခ်မယ္ဆိုတဲ့ သတင္းေတြလည္းထြက္ေပၚခဲ့ပါတယ္။ Apple Music နဲ႔ Spotify လိုမ်ိဳး Streaming Service ေတြကေန သီခ်င္းေတြကို Download လုပ္ထားလို႔ရလာၿပီျဖစ္တာေၾကာင့္ Album တစ္ခုစီကိုလိုက္ဝယ္ဖို႔လိုေသးလာဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။ 

လစဥ္ေၾကးေပးၿပီး ႏွစ္သက္ရာသီခ်င္းေတြကို ရွာၿပီးနားေထာင္မလား၊ Album တစ္ခုျခင္း ဒါမွမဟုတ္ သီခ်င္းတစ္ပုဒ္စီကို ဝယ္စုမလားဆိုတာကို ေသျခာစဥ္းစားဖုိ႔လိုလာပါၿပီ။ Apple Music နဲ႔ Spotify တို႔မွာေတာ့ ျမန္မာသီခ်င္းေတြအမ်ားႀကီးမရွိေသးေပမယ့္ ျပည္ပႏိုင္ငံေတြက နာမည္ႀကီးအဆိုေတာ္ေတြရဲ႕ သီခ်င္းသစ္ေတြ၊ Album အသစ္ေတြကိုေတာ့ လက္မလြတ္တမ္းနားေထာင္လို႔ရတာေၾကာင့္ ျပည္တြင္းမွာပါ Online Streaming နဲ႔ သီခ်င္းနားေထာင္သူေတြမ်ားလာပါၿပီ။ သင္ေရာ Online Music Streaming Service တစ္ခုခုကို သံုးျဖစ္ပါသလား။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

အသုံးပြုသူများပြားလာတဲ့ Online Music Streaming ဝန်ဆောင်မှုတွေ

သီချင်းနားထောင်ဖို့အတွက် နည်းလမ်းဘယ်နှစ်ခုလောက်သင်စဉ်းစားဖြစ်ပါသလဲ။ အရင်ကတော့ သီချင်းနားထောင်ဖို့  FM ၊ AM ရေဒီယိုတွေကို စောင့်နားထောင်တာ၊ ခွေသွားဝယ်ပြီး ကွန်ပျူတာ၊ MP3 Player စတာတွေထဲထည့်ပြီးနားထောင်ခဲ့ကြရတဲ့အချိန်တွေကို ကျော်ဖြတ်လာခဲ့တာ အခုဆိုရင် ခွေဝယ်ဖို့တောင် သိပ်မလိုတော့ပါဘူး။ Online ကနေ ဝယ်ယူပြီးနားထောင်လို့ရလာခဲ့ပါပြီ။ 

Spotify

အရင်ကတော့ ပြည်ပနိုင်ငံတွေမှာပဲရှိခဲ့တဲ့ Online ပေါ်မှာ သီချင်းရောင်းတဲ့ဝန်ဆောင်မှုမျိုးတွေကို အခုတော့ ပြည်တွင်းမှာပါတွေ့လာရပါပြီ။ အဲ့ဒီနောက်ပိုင်း အချိန်တွေကျော်ဖြတ်လာခဲ့တာနဲ့အမျှ သီချင်းရောင်းတဲ့ဈေးကွက်ကြီးတစ်ခုလုံးရဲ့ လည်ပတ်မှုပုံစံကလည်းပြောင်းလဲသွားခဲ့ပါတယ်။ 

Online ကနေသီချင်းတွေကိုဝယ်ယူခဲ့ရာကနေ အခုတော့ သီချင်းတွေကိုဝယ်ယူစရာမလိုတော့ပဲ Online မှာပဲတိုက်ရိုက်နားထောင်လို့ရအောင်လုပ်ပေးထားတဲ့ ဝန်ဆောင်မှုတွေခေတ်စားလာခဲ့ပါတယ်။ Spotify ၊ Apple Music ၊ Tidal အစရှိတဲ့ Online Music Streaming ဝန်ဆောင်မှုတွေမှာ လစဉ်ကြေးပေးသွင်းပြီး နှစ်သက်ရာသီချင်းတွေကို အင်တာနက်ရတဲ့နေရာမရွေးမှာ နားထောင်လို့ရလာနိုင်ပါပြီ။ 

Apple Music

Buying မဟုတ်တော့ပဲ Streaming ဖက်ကိုပဲဦးတည်သွားနေတဲ့ သီချင်းဈေးကွက်ကြီးမှာ Apple Music နဲ့ Spotify တို့ကဦးဆောင်နေပါတယ်။ ဈေးကွက်အပြောင်းအလဲတွေဖြစ်ပေါ်နေခဲ့တာကြောင့် Apple ရဲ့ iTunes Store မှာ Music ပိုင်းကိုဖြုတ်ချမယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ Apple Music နဲ့ Spotify လိုမျိုး Streaming Service တွေကနေ သီချင်းတွေကို Download လုပ်ထားလို့ရလာပြီဖြစ်တာကြောင့် Album တစ်ခုစီကိုလိုက်ဝယ်ဖို့လိုသေးလာဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

လစဉ်ကြေးပေးပြီး နှစ်သက်ရာသီချင်းတွေကို ရှာပြီးနားထောင်မလား၊ Album တစ်ခုခြင်း ဒါမှမဟုတ် သီချင်းတစ်ပုဒ်စီကို ဝယ်စုမလားဆိုတာကို သေခြာစဉ်းစားဖို့လိုလာပါပြီ။ Apple Music နဲ့ Spotify တို့မှာတော့ မြန်မာသီချင်းတွေအများကြီးမရှိသေးပေမယ့် ပြည်ပနိုင်ငံတွေက နာမည်ကြီးအဆိုတော်တွေရဲ့ သီချင်းသစ်တွေ၊ Album အသစ်တွေကိုတော့ လက်မလွတ်တမ်းနားထောင်လို့ရတာကြောင့် ပြည်တွင်းမှာပါ Online Streaming နဲ့ သီချင်းနားထောင်သူတွေများလာပါပြီ။ သင်ရော Online Music Streaming Service တစ်ခုခုကို သုံးဖြစ်ပါသလား။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။