[Zawgyi]









ကြည်သာ (အခရာ)

www.akhayar.com

[Unicode]

အကယ်ဒမီ အတွက် အွန်လိုင်းမီဒီယာတွေ ၅သိန်းပေးဆောင်မှ ရိုက်ခွင့်ရမယ်

အွန်လိုင်းမီဒီယာတွေ အနေနဲ့အကယ်ဒမီပေးပွဲကိုတက်ရောက်ရိုက်ကူးလိုတယ်ဆိုရင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကို ၅ သိန်း ပေးဆောင်ရမယ်လို့ သိရပါတယ်။

မတ်လ ၁၃ ၇က်နေ့ကရုပ်ရှင်အစည်းအရုံးမှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲ

မတ်လ ၁၃ ၇က်နေ့ကရုပ်ရှင်အစည်းအရုံးမှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲ

ဒီနှစ်အကယ်ဒမီမှာ ပထမ က အွန်လိုင်းမီဒီယာတွေကို သတင်းရယူ ခွင့်ပြုဖို့အစီအစဉ်မရှိပေမယ့်လည်း နောက်ပိုင်းမှာ ထပ်မံစီစစ်ပြီးတော့ ရန်ပုံငွေ ၅ သိန်းထည့်ရင် ရိုက်ခွင့်ရမယ့် အစီအစဉ်ကို ချမှတ်လိုက်တာဖြစ်တယ် လို့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှ သိရပါတယ်။

ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့မီဒီယာများ

ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ မီဒီယာများ

အခုလိုရိုက်ခွင့်ပေးမယ့် အွန်လိုင်းတွေ အနေနဲ့လည်း တရားဝင်လုပ်ကိုင်ခွင့်လိုင်စင်ပါရှိရမှာလည်းဖြစ်ပါတယ်။ ရိုက်ကူးခွင့်ပေးရာမှာလည်း online ကနေ live ထုတ်လွှင့်ခွင့်ကိုတော့ ရရှိမှာမဟုတ်ဘူးလို့လည်းသိရပါတယ်။
တရားဝင်လုပ်ကိုင်ခွင့် ရရှိထားတဲ့ အွန်လိုင်းမီဒီယာတွေထဲမှ အနုပညာသတင်းကိုသာ အစထဲကထဲထဲဝင်ဝင် လုပ်ဆောင်လျက်ရှိတဲ့ အွန်လိုင်းမီဒီယာတွေကို ပဲ ရိုက်ကူးခွင့်ပေးမှာဖြစ်ပြီး အခုလိုစိစစ်ရတာ ကတာ့ နေရာအခက်အခဲ နဲ့ လုံခြုံရေးကြောင့်ဖြစ်တယ်လို့သိရပါတယ်။ တရားဝင်လုပ်ကိုင်ခွင့်ကျထားတဲ့ အွန်လိုင်းမီဒီယာပေါင်း ၉၀ ကျော်ရှိတယ်လို့သိရပြီး ဒီထဲကမှ ထပ်စိစစ်သွားမှာဖြစ်ပါတယ်။
အကယ်ဒမီပေးပွဲကိုတော့ မတ်လ ၂၃ ရက်နေ့ ၊ Myanmar Event Park မှာ ကျင်းပမှာဖြစ်ပါတယ်။

ကြည်သာ (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။