[Zawgyi]






Name
Address, City, State

Phone Number

Email Address


College / University

Degrees

Graduation Date

Skills

Qualifications




Company Name



Reason for leaving



Name
Job Title

Company

Address, Phone, Email






Yoe Lu (Akhayar)

www.akhayar.com

Source : Lifehack.org
[Unicode]

ကိုယ့်ရဲ့ အွန်လိုင်းအလုပ်လျှောက်လွှာကို အလုပ်ရှင်သတိထားမိအောင် ဘယ်လိုပြင်ဆင်မလဲ

အခုခေတ်မှာဆိုရင် အလုပ်ခေါ်တာ၊ အလုပ်လျှောက်လွှာတင်တာကို Online အသုံးပြုပြီး လုပ်ဆောင်လာကြပါပြီ။ Cover Letter အမိုက်စားတွေနဲ့ Resume ကောင်းကောင်းလေးတွေကို Online မှာတင် ဖန်တီးလို့ ရပြီဖြစ်သလို ခုနောက်ပိုင်းအတော်များများကလည်း အလုပ်လျှောက်လွှာကို Email နဲ့ ပို့ပေးဖို့ တောင်းဆိုလာကြတဲ့အတွက် Online အသုံးပြုပြီး အလုပ်လျှောက်တာဟာ တွင်ကျယ်ရခြင်းလည်း ဖြစ်ပါတယ်။

ဒီလို များပြားလှတဲ့ အလုပ်လျှောက်လွှာတွေထဲမှာ ကိုယ့်လျှောက်လွှာကို မြင်တာနဲ့ ဆက်ပြီးဖတ်ချင်လာအောင်၊ ရှင်းလင်းပြတ်သားအောင်၊ လူတွေ့ အင်တာဗျူးခေါ်ကြည့်ပြီး စကားပြောချင်လာအောင် ဘယ်လို လုပ်ဆောင်ရပါမလဲ။

(၁) အချက်အနေနဲ့ ကိုယ့်ရဲ့ အလုပ်လျှောက်လွှာကို လိုအပ်သမျှ အချက်အလက်အားလုံး အပြည့်အစုံဖြည့်ပါ။

(၂) အချက်အနေနဲ့ Personal Information လို့ ပြောရင် ဒီအချက်တွေကို ဖြည့်သွင်းပေးပါ။

Name
Address, City, State

Phone Number

Email Address

(၃) အချက်အနေနဲ့ အလုပ်နဲ့ ပညာရေးအတွေ့အကြုံတွေကို ခုလို ဖြည့်ပေးနိုင်ပါတယ်။

College / University

Degrees

Graduation Date

Skills

Qualifications

Grade Point Average (G.P.A) (ဒါကတော့ G.P.A လိုအပ်တဲ့ အလုပ်အကိုင်တွေမှာ ပေးရမှာ ဖြစ်ပါတယ်)

တခြားကျောင်းပြင်ပအတွေ့အကြုံများ

(၄) အလုပ်အတွေ့အကြုံအသေးစိတ်

Company Name

Job Title and Responsibilities

Starting and ending dates of employment

Reason for leaving

References (Reference ပေးနိုင်တဲ့သူကို ဖော်ပြပေးရပါမယ်)

(၅) References (ကိုယ့်ကို ထောက်ခံပေးမယ့်သူအကြောင်း)

Name
Job Title

Company

Address, Phone, Email

(၆) ဒီလို ရိုးရိုးရှင်းရှင်း ဖြည့်သွင်းပြီးပြီဆိုရင်တော့ LinkedIn Account ကိုပါ ချိတ်ဆက်ဖော်ပြပေးလိုက်ပါ။

(၇) ကိုယ်လျှောက်မယ့် အလုပ်အကြောင်းကိုလည်း မလျှောက်ခင် အရင်မွှေနှောက်ကြည့်ရှုထားပြီး သူတို့ရဲ့ Missions နဲ့ Values တွေနဲ့ ကိုက်ညီမယ့် ကိုယ့်အရည်အချင်းတွေကို ချရေးပါ။

(၈) ကိုယ်လျှောက်မယ့် ကုမ္ပဏီအကြောင်းသိပြီဆိုရင် LinkedIn မှာ သွားရှာကြည့်ရင် HR Manager ၊ ကိုယ်လျှောက်မယ့် အလုပ်ရဲ့ Department Head နဲ့ Supervisor နာမည်တွေ သိရင် သူတို့ကို လိပ်မူပြီး Mail ပို့လို့ ရပါတယ်။ Mail မှာလည်း ကိုယ့်အကြောင်းအနည်းငယ်ကို မိတ်ဆက်ရေးသားပြီး လျှောက်မယ့် အလုပ်ကိုလည်း ထင်ထင်ရှားရှားဖော်ပြပေးပါ။

(၉) နောက်ဆုံးပြောချင်တာကတော့ Online ကနေ လျှောက်မှာ ဖြစ်တဲ့အတွက် ကိုယ့်အလုပ်လျှောက်လွှာနဲ့ Cover Letter မှာ သူတို့ တောင်းထားတဲ့ Keywords တွေကို များများအသုံးပြုထားရင် အလုပ်ရှင်ဘက်က အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

အားလုံးပဲ Online က အလုပ်လျှောက်ပြီး အဆင်ပြေနိုင်ကြပါစေ။

Yoe Lu (Akhayar)

www.akhayar.com

Source : Lifehack.org