OnePlus စမတ္ဖုန္းေတြဟာ လက္ရွိအခ်ိန္မွာ စြမ္းေဆာင္ရည္အရ Flagship ဖုန္းေတြနဲ႔ တန္းတူေကာင္းမြန္ျပီးေတာ့ Software ပိုင္းအရလည္း Oxygen OS က Google ရဲ႕ Pure Android OS အတိုင္း ေပါ့ပါးသြက္လက္တဲ့အတြက္ အသံုးျပဳသူေတြၾကားထဲမွာ သေဘာက်စရာဖုန္းတစ္ခုျဖစ္လာခဲ့တာပါ။ ဒါေပမယ့္ OnePlus ဖုန္းေတြမွာ ေနာက္ထပ္အားသာခ်က္တစ္ခုရွိေနပါေသးတယ္။

OnePlus Dash Charging

အဆုိပါ အားသာခ်က္ကေတာ့ OnePlus ဖုန္းေတြမွာပဲ ပါဝင္တဲ့ Dash Charging စနစ္ျဖစ္ျပီးေတာ့ အဆုိပါ Dash Charge စနစ္က လက္ရွိမွာ အလွ်င္ျမန္ဆံုးေသာ အားသြင္းစနစ္တစ္ခုလည္းျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့လပိုင္းတုန္းက OnePlus ဟာ ဥေရာပမွာ Amazon အပါအဝင္ တျခားေသာ ကုမၸဏီေတြနဲ႔ Dash Charge နာမည္အေပၚကို မူပိုင္ခြင့္ အျငင္းပြားမူေတြျဖစ္လာခဲ့ျပီးေတာ့ OnePlus အေနနဲ႔ Dash Charging ဆိုတဲ့ နာမည္ကို အသံုးျပဳႏုိင္ျခင္းမရွိေတာ့ဘဲ ပံုမွန္ Fast Charging လုိ႔ပဲ ေျပာင္းလဲလိုက္ရပါတယ္။

OnePlus new Warp Charge

အခုအခ်ိန္မွာေတာ့ OnePlus ကေန Dash Charge ကို အစားထုိးးလာမယ့္ ေနာက္ထပ္ Charging နာမည္တစ္ခုကို မူပိုင္ခြင့္ရယူလုိက္ျပီပဲျဖစ္ပါတယ္။ Dash Charge ေနရာကို ဝင္ေရာက္လာမယ့္ နာမည္ကိုေတာ့ Warp Charge လုိ႔ နာမည္ေပးထားျပီးေတာ့ စာလံုးပံုစံကေတာ့ ယခင္ Dash Charge နဲ႔ ပံုစံနဲ႔ တူညီတာကိုေတြ႕ရပါတယ္။

OnePlus ဟာ အခုလုိ နာမည္ေျပာင္းလုိက္တာနဲ႔အတူ OnePlus 6T မွာ ပိုျပီး ျမန္ဆန္တဲ့ အားသြင္းနည္းစနစ္ကိုပါ ထည့္သြင္းလာမလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရေတာ့မွာပါ။ ဘာေၾကာင့္လဲဆိုရင္ OnePlus ရဲ႕ Dash Charging စနစ္ဟာ Qualcomm ရဲ႕ Quick Charge နည္းပညာေတြထက္ေတာ့ ပိုျပီး ျမန္ဆန္တယ္ဆုိေပမယ့္ 20W Charging စနစ္ကိုပဲ အသံုးျပဳေနတာျဖစ္ျပီး လက္ရွိ Huawei ရဲ႕ 22.5W Super Charge နည္းပညာ နဲ႔ OPPO ရဲ႕50W Super VOOC နည္းပညာေတြနဲ႔ ယွဥ္ရင္ နိမ့္သြားျပီေတာင္ ေျပာလုိ႔ရေနတဲ့အတြက္ေၾကာင့္ပါ။

ဘာပဲေျပာေျပာ OnePlus ရဲ႕ နာမည္ၾကီး Dash Charge ကေတာ့ Warp Charge ျဖစ္သြားပါျပီ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

OnePlus စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ စွမ်းဆောင်ရည်အရ Flagship ဖုန်းတွေနဲ့ တန်းတူကောင်းမွန်ပြီးတော့ Software ပိုင်းအရလည်း Oxygen OS က Google ရဲ့ Pure Android OS အတိုင်း ပေါ့ပါးသွက်လက်တဲ့အတွက် အသုံးပြုသူတွေကြားထဲမှာ သဘောကျစရာဖုန်းတစ်ခုဖြစ်လာခဲ့တာပါ။ ဒါပေမယ့် OnePlus ဖုန်းတွေမှာ နောက်ထပ်အားသာချက်တစ်ခုရှိနေပါသေးတယ်။

OnePlus Dash Charging

အဆိုပါ အားသာချက်ကတော့ OnePlus ဖုန်းတွေမှာပဲ ပါဝင်တဲ့ Dash Charging စနစ်ဖြစ်ပြီးတော့ အဆိုပါ Dash Charge စနစ်က လက်ရှိမှာ အလျှင်မြန်ဆုံးသော အားသွင်းစနစ်တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လပိုင်းတုန်းက OnePlus ဟာ ဥရောပမှာ Amazon အပါအဝင် တခြားသော ကုမ္ပဏီတွေနဲ့ Dash Charge နာမည်အပေါ်ကို မူပိုင်ခွင့် အငြင်းပွားမူတွေဖြစ်လာခဲ့ပြီးတော့ OnePlus အနေနဲ့ Dash Charging ဆိုတဲ့ နာမည်ကို အသုံးပြုနိုင်ခြင်းမရှိတော့ဘဲ ပုံမှန် Fast Charging လို့ပဲ ပြောင်းလဲလိုက်ရပါတယ်။

OnePlus new Warp Charge

အခုအချိန်မှာတော့ OnePlus ကနေ Dash Charge ကို အစားထိုးးလာမယ့် နောက်ထပ် Charging နာမည်တစ်ခုကို မူပိုင်ခွင့်ရယူလိုက်ပြီပဲဖြစ်ပါတယ်။ Dash Charge နေရာကို ဝင်ရောက်လာမယ့် နာမည်ကိုတော့ Warp Charge လို့ နာမည်ပေးထားပြီးတော့ စာလုံးပုံစံကတော့ ယခင် Dash Charge နဲ့ ပုံစံနဲ့ တူညီတာကိုတွေ့ရပါတယ်။

OnePlus ဟာ အခုလို နာမည်ပြောင်းလိုက်တာနဲ့အတူ OnePlus 6T မှာ ပိုပြီး မြန်ဆန်တဲ့ အားသွင်းနည်းစနစ်ကိုပါ ထည့်သွင်းလာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရတော့မှာပါ။ ဘာကြောင့်လဲဆိုရင် OnePlus ရဲ့ Dash Charging စနစ်ဟာ Qualcomm ရဲ့ Quick Charge နည်းပညာတွေထက်တော့ ပိုပြီး မြန်ဆန်တယ်ဆိုပေမယ့် 20W Charging စနစ်ကိုပဲ အသုံးပြုနေတာဖြစ်ပြီး လက်ရှိ Huawei ရဲ့ 22.5W Super Charge နည်းပညာ နဲ့ OPPO ရဲ့50W Super VOOC နည်းပညာတွေနဲ့ ယှဉ်ရင် နိမ့်သွားပြီတောင် ပြောလို့ရနေတဲ့အတွက်ကြောင့်ပါ။

ဘာပဲပြောပြော OnePlus ရဲ့ နာမည်ကြီး Dash Charge ကတော့ Warp Charge ဖြစ်သွားပါပြီ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com