[Zawgyi] 
OnePlus 6
Ref : OnePlus
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
OnePlus 6T အတွက် Video Teaser သုံးခု ထွက်လာပြီ
OnePlus 6 ကတော့ OnePlus ရဲ့ The Speed You Need အောက်မှာပဲ တော်တော်လေးအောင်မြင်ခဲ့တဲ့ OnePlus ရဲ့ Flagship Killer အဖြစ် သမိုင်းမှာ ကျန်ခဲ့တော့မှာပါ။ အကြောင့်ကတော့ OnePlus က 6 နေရာကို 6T နဲ့ အစားထိုးတော့မှာပါ။ 
OnePlus 6
OnePlus 6T အတွက်တော့ Unlock The Speed ဆိုပြီး Slogan အသစ်နဲ့ ထုတ်ပြလာတော့မှာပါ။ OnePlus အနေနဲ့လည်း Twitter မှာရော Facebook မှာပါ Tesaer Video တွေ စပြီးတင်နေပါပြီ။ ပထမဦးဆံးု OnePlus 6T. It’s coming. ဆိုတဲ့ Tesaer ကိုတော့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ စတင်ခဲ့တာပဲဖြစ်ပါတယ်။ Video မှာတော့ Unlock The Future ဆိုပြီး Under Display Fingerprint Scanner ကို 6T ရဲ့ T Logo ကို ဦးစားပေးပြသွားပြီး နောက်ဆုံးမှာတော့ OnePlus 6T ဆိုပြီး အဆုံးသတ်ပေးထားပါတယ်။ 
နောက်ထပ် Video တစ်ခုအနေနဲ့တော့ စက်တင်ဘာ ၂၉ ရက်နေ့မှာ More power. It’s coming. ဆိုပြီး Battery ပုံကို Tease လုပ်ထားတာပါ။ အရင်ကလည်း ကောလဟလတွေထွက်ထားပြီးဖြစ်တာကြောင့် OnePlus 6T မှာ Battery ပိုများလာမယ်ဆိုတာက သေချာနေပါပြီ။ 
နောက်ဆုံးတင်ထားတဲ့ Teaser ကတော့ အောက်တိုဘာ ၁ ရက်နေ့ ညကတင်ထားခဲ့တာဖြစ်ပါတယ်။ ဒီ Video ထဲမှာတော့ OnePlus 6T ရဲ့ အစိတ်အပိုင်းတစ်ချို့ကို ဖော်ပြလာပါပြီ။ Display ရဲ့ အောက်ဖက်အခြမ်းကို ဖော်ပြထားတာဖြစ်ပြီး Under Display Fingerprint Scanner ကို ဦးစားပေးဖော်ပြထားတာပါ။ ဒီ Video မှာ သတိထားမိနိုင်မှာကတော့ OnePlus 6T ရဲ့ Display အောက်ဖက် ဘောင်တွေက အရင်က OnePlus 6 ရဲ့ ဘောင်တွေထက် ပိုပြီးသေးနေတာပါ။ 
OnePlus 6T မှာတော့  Design ပိုင်းမှာ အပြောင်းအလဲတွေ တွေ့လာရနိုင်တယ်ဆိုတဲ့အချက်ကလည်း သေချာနေပါတယ်။ အရင်က သတင်းပေါက်ထားတာတွေအရ Display မှာ Notch က ပိုသေးသွားနိုင်ပြီး နောက်ကျောဖက်က Fingerprint Scanner ကလည်း ပျောက်သွားမှာဖြစ်တဲ့အပြင် 3.5mm Headpone Port လည်း ပါလာတော့မှာမဟုတ်ပါဘူး။ နောက်ထပ် ပိုကောင်းလာမယ့် အချက်တွေကတော့ Battery ပိုကြီးလာမှာနဲ့ Fast Charging က အရင်ကထက် ပိုမြန်လာမယ်ဆိုတဲ့အချက်ပါ။ OnePlus 6T ကတော့ စိတ်ဝင်စားဖို့ကောင်းလာမယ့် Flagship Killer ဖြစ်လာဦးမှာပါ။ 
Ref : OnePlus
Min Than Htike (Akhayar)
www.akhayar.com