[Zawgyi] 
OnePlus 3T
OnePlus 5
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
OnePlus က Limited Edition ဖုန်းတစ်လုံးကို ထုတ်ပြတော့မယ်
McLaren ဆိုတာကို ကြားဖူးပါသလား။ McLaren (မခ်ကလဲရာန်း) လို့အသံထွက်ရတဲ့ Brand ကတော့ UK က တန်ဖိုးကြီး Sports Car ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုပါ။ အဲ့ဒီ ကုမ္ပဏီနဲ့ OnePlus နဲ့ အခုတော့ ပူးပေါင်းလိုက်ပြီး Limited Editon ဖုန်းတစ်လုံးကို ထုတ်ပြတော့မယ်လို့ ယူဆရပါတယ်။
OnePlus 3T
လက်ရှိအချိန်မှာတော့ OnePlus ရဲ့ Flagship ဖုန်းအဖြစ် OnePlus 6T က ဈေးးကွက်မှာ စပြီးနေရာယူနေပါပြီ။ ဒါပေမယ့် OnePlus က ကြားအချိန်တွေမှာ Limited Edition ဖုန်းတွေကို ထုတ်ပြလေ့ရှိပါတယ်။ အရင်ကလည်း OnePlus  က OnePlus 3T ၊ OnePlus 5 နဲ့ OnePlus 5T တွေမှာလည်း Limited Editon တွေကို ထုတ်ပေးခဲ့ပါသေးတယ်။ 
OnePlus 5
ဒီတစ်ခေါက်မှာတော့ McLaren နဲ့ ပူးပေါင်းမှာဖြစ်လို့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပါပြီ။ ဈေးကွက်ထဲမှာ Car Brand တွေနဲ့ ပူးပေါင်းပြီး Special Edition ဖုန်းတွေထုတ်နေတာ Huawei နဲ့ OPPO တို့ ရှိပြီးသားပါ။ Huawei က Porsche နဲ့ပူးပေါင်းထားပြီး OPPO ကတော့ Lamborghini နဲ့ပူးပေါင်းထားပါတယ်။ 
လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ မိတ်ဆက်သွားမယ့်ဖုန်းကတော့ OnePlus 6T McLaren Editon ဆိုပြီး ဖြစ်နိုင်ပါတယ်။ အရင်က Limited Editon တွေလိုပဲ သီးသန့်ဘူူးတွေ၊ Accessory တွေနဲ့ တွေ့ရနိုင်ပါတယ်။ McLaren နဲ့ပူးပေါင်းတာဖြစ်တဲ့အတွက် ဖြစ်နိုင်တဲ့ Specification တွေထဲမှာ RAM 12GB ဒါမှမဟုတ် RAM 10GB နဲ့လာနိုင်ပါတယ်။ Specification အမြင့်ဆုံး OnePlus 6T ဖြစ်လာပြီး ဈေးအကြီးဆုံး OnePlus 6T စာရင်းကိုလည်း ဝင်သွားမယ်လို့ ယူဆရပါတယ်။ OnePlus Fan တွေအနေနဲ့တော့ လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့ McLaren Technology Centre မှာလုပ်မယ့်ပွဲကို စောင့်ကြည့်ရမှာပါ။ 
Min Than Htike (Akhayar)
www.akhayar.com