OnePlus စမတ္ဖုန္းေတြကို အသံုးျပဳဖူးတယ္၊ စိတ္ဝင္စားတယ္ဆုိရင္ OnePlus ရဲ႕ Charging စနစ္ျဖစ္တဲ့ Dash Charging စနစ္ကို သိၾကမွာပါ။ အခု Dash Charging စနစ္ဟာ လက္ရွိစမတ္ဖုန္းေတြရဲ႕ Fast Charging စနစ္ေတြထဲမွာ အျမန္ဆန္ဆံုးျဖစ္ေနတဲ့ Charging စနစ္တစ္ခုလည္းျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ OnePlus က Dash Charge နာမည္ကို စြန္႔လႊတ္ရေတာ့မယ့္ပံုပါပဲ။

OnePlus Dash Charging

ဒါက OnePlus Fan တစ္ေယာက္ျဖစ္တယ္ဆိုရင္ OnePlus 6 ဖုန္း Launch Event မွာ OnePlus ကိုယ္တုိင္က Dash Charge ဆုိတဲ့ စကားလံုးကို ထည့္မေျပာသြားတာကို သတိထားမိၾကမွာပါ။ အဲ့ဒီအစား Dash Charge ေနရာမွာ Fast Charge ဆိုတဲ့စကားလံုးပဲ ထည့္သြင္းအသံုးျပဳသြားခဲ့တာျဖစ္ပါတယ္။ အဲ့ဒီလုိပဲ OnePlus Website မွာ ရွိတဲ့ Dash Charger ၊ Cable ေတြလုိမ်ိဳး Accessories ေတြကိုလည္း Dash Charge နာမည္မသံုးပဲနဲ႔ Fast Charge နာမည္ကိုပဲ ေျပာင္းလဲလုိက္တာျဖစ္ပါတယ္။

OnePlus Dash Charge Trademark

OnePlus ဟာ Dash Charge ဆုိတဲ့နာမည္ကို ျပီးခဲ့တဲ့ ၂၀၀၆ ခုႏွစ္မွာ OnePlus 3 စမတ္ဖုန္းနဲ႔အတူ ေၾကျငာခဲ့တာျဖစ္ျပီးေတာ့ OnePlus ရဲ႕ ေျပာၾကားခ်က္အရေတာ့ OnePlus က အဲ့ဒီအခ်ိန္တုန္းက US နဲ႔ EU Region ေတြမွာ Trademark ရယူထားျပီးျဖစ္ျပီးေတာ့ အခု ျပီးခဲ့တဲ့ေမလကမွာ EU မွာ အျခားေသာ ကုမၸဏီ ၂ ခုက ကန္႔ကြက္ခဲ့တဲ့အတြက္ ပယ္ခ်ခံခဲ့ရတာျဖစ္ပါတယ္။

အခု OnePlus ရဲ႕ Dash Charge နာမည္ကို အသံုးျပဳလုိ႔မရေအာင္ ပယ္ခ်လုိက္တဲ့ ကုမၸဏီ ၂ ခုကေတာ့ Dash Pro နာမည္နဲ႔ Bluetooth Earbuds ေတြကို ေရာင္းခ်ေနတဲ့ Bragi ကုမၸဏီ နဲ႔ Amazon ကုမၸဏီက သူရဲ႕ Dash Replacement Service နဲ႔ ေရာေထြးမႈရွိေနတာေၾကာင့္ျဖစ္တယ္လုိ႔ သိရပါတယ္။ အခုလုိမ်ိဳး နာမည္ဆင္တူယိုးမွားျဖစ္ေနတာက ရႈပ္ေထြးမႈရွိႏုိင္တယ္ဆုိျပီး OnePlus ရဲ႕ Dash Charge စနစ္ကို တိုက္ခိုက္ခဲ့ၾကတာပါ။

Dash Charge Rejected Companies

OnePlus အေနနဲ႔ တရားရင္ဆုိင္ျပီး သူရဲ႕ Dash Charge နာမည္ကို ထိန္းသိမ္းမယ့္အစား အခုလုိမ်ိဳး နာမည္ေျပာင္းလုိက္တာက OnePlus ဖုန္းေတြအတြက္ ကိုယ္ပိုင္ Feature တစ္ခုေပ်ာက္ဆံုးသြားသလုိျဖစ္သြားေပမယ့္ OnePlus ကေန ရန္ပြဲကို ေရွာင္သြားတဲ့ပံုပါပဲ။

Ref : PhoneArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

OnePlus စမတ်ဖုန်းတွေကို အသုံးပြုဖူးတယ်၊ စိတ်ဝင်စားတယ်ဆိုရင် OnePlus ရဲ့ Charging စနစ်ဖြစ်တဲ့ Dash Charging စနစ်ကို သိကြမှာပါ။ အခု Dash Charging စနစ်ဟာ လက်ရှိစမတ်ဖုန်းတွေရဲ့ Fast Charging စနစ်တွေထဲမှာ အမြန်ဆန်ဆုံးဖြစ်နေတဲ့ Charging စနစ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ OnePlus က Dash Charge နာမည်ကို စွန့်လွှတ်ရတော့မယ့်ပုံပါပဲ။

OnePlus Dash Charging

ဒါက OnePlus Fan တစ်ယောက်ဖြစ်တယ်ဆိုရင် OnePlus 6 ဖုန်း Launch Event မှာ OnePlus ကိုယ်တိုင်က Dash Charge ဆိုတဲ့ စကားလုံးကို ထည့်မပြောသွားတာကို သတိထားမိကြမှာပါ။ အဲ့ဒီအစား Dash Charge နေရာမှာ Fast Charge ဆိုတဲ့စကားလုံးပဲ ထည့်သွင်းအသုံးပြုသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုပဲ OnePlus Website မှာ ရှိတဲ့ Dash Charger ၊ Cable တွေလိုမျိုး Accessories တွေကိုလည်း Dash Charge နာမည်မသုံးပဲနဲ့ Fast Charge နာမည်ကိုပဲ ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

OnePlus Dash Charge Trademark

OnePlus ဟာ Dash Charge ဆိုတဲ့နာမည်ကို ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ OnePlus 3 စမတ်ဖုန်းနဲ့အတူ ကြေငြာခဲ့တာဖြစ်ပြီးတော့ OnePlus ရဲ့ ပြောကြားချက်အရတော့ OnePlus က အဲ့ဒီအချိန်တုန်းက US နဲ့ EU Region တွေမှာ Trademark ရယူထားပြီးဖြစ်ပြီးတော့ အခု ပြီးခဲ့တဲ့မေလကမှာ EU မှာ အခြားသော ကုမ္ပဏီ ၂ ခုက ကန့်ကွက်ခဲ့တဲ့အတွက် ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။

အခု OnePlus ရဲ့ Dash Charge နာမည်ကို အသုံးပြုလို့မရအောင် ပယ်ချလိုက်တဲ့ ကုမ္ပဏီ ၂ ခုကတော့ Dash Pro နာမည်နဲ့ Bluetooth Earbuds တွေကို ရောင်းချနေတဲ့ Bragi ကုမ္ပဏီ နဲ့ Amazon ကုမ္ပဏီက သူရဲ့ Dash Replacement Service နဲ့ ရောထွေးမှုရှိနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး နာမည်ဆင်တူယိုးမှားဖြစ်နေတာက ရှုပ်ထွေးမှုရှိနိုင်တယ်ဆိုပြီး OnePlus ရဲ့ Dash Charge စနစ်ကို တိုက်ခိုက်ခဲ့ကြတာပါ။

Dash Charge Rejected Companies

OnePlus အနေနဲ့ တရားရင်ဆိုင်ပြီး သူရဲ့ Dash Charge နာမည်ကို ထိန်းသိမ်းမယ့်အစား အခုလိုမျိုး နာမည်ပြောင်းလိုက်တာက OnePlus ဖုန်းတွေအတွက် ကိုယ်ပိုင် Feature တစ်ခုပျောက်ဆုံးသွားသလိုဖြစ်သွားပေမယ့် OnePlus ကနေ ရန်ပွဲကို ရှောင်သွားတဲ့ပုံပါပဲ။

Ref : PhoneArena

Zawyè (Akhayar) 

www.akhayar.com