
OnePlus 3 & 3T





OnePlus 3 & 3T


Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

OnePlus ကုမ္ပဏီကနေ ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေက စွမ်းဆောင်ရည်မြင့်မားပြီး ဈေးနှုန်းသက်သာတာအပြင် Software Update တွေမှာ တခြားသော စမတ်ဖုန်းတွေထက် သာလွန်နေတာကြောင့်လည်း ဖြစ်ပါတယ်။

OnePlus 3 & 3T

အခုအချိန်မှာ OnePlus ကနေ ထွက်ရှိတာ ၂ နှစ်ကျော်ရှိနေပြီဖြစ်တဲ့ OnePlus 3 နဲ့ OnePlus 3T စမတ်ဖုန်းတွေအတွက် Android P Update ကို ပေးသွားမယ်ဆိုတာကို တရားဝင်အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ အခု Android P Update ကိုပါရရှိလာတော့မယ့်အတွက် OnePlus 3 နဲ့ 3T ဖုန်းတွေဟာ Android 7.0 Nougat Update ၊ Android 8.0 Oreo Update တွေအပြင် တတိယမြောက် Android OS Update ကိုရရှိလာတာပဲဖြစ်ပါတယ်။

OnePlus Confirmed Android P Update

OnePlus က အစောပိုင်းတုန်းက OnePlus 3 နဲ့ 3T စမတ်ဖုန်းတွေဟာ Update ထပ်မံရရှိတော့မှာမဟုတ်ဘဲ Security Updates တွေကိုသာ နောက်ထပ်တစ်နှစ်ထပ်မံရရှိမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် OnePlus Forum က အသုံးပြုသူတွေရဲ့ တောင်းဆိုမှုတွေနဲ့ User Feedback တွေကို နားထောင်အပြီးမှာတော့ အခုလို Android P ကိုပါ Update ပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

OnePlus စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ Oxygen OS ဟာ Google ဖုန်းတွေမှာထည့်သွင်းထားတဲ့ Stock Android နီးပါးကို သုံးရတာ သွက်လက်ပြီး မြန်ဆန်တဲ့အတွက် လက်ရှိ စမတ်ဖုန်း UI တွေထဲမှာ အကောင်းဆုံးတစ်ခုဖြစ်နေသလိုပဲ အခုလိုမျိုး Update တွေ မြန်ဆန်တဲ့အတွက်ကြောင့်လည်း နာမည်ကြီးနေတာဖြစ်ပါတယ်။

OnePlus 3 & 3T

ဘာပဲဖြစ်ဖြစ် OnePlus အနေနဲ့ အခုလိုမျိုး ၂ နှစ်ကျော်ကြာနေပြီဖြစ်တဲ့ OnePlus 3 နဲ့ 3T ဖုန်းတွေကို Android P Update ပေးဖို့ ဆုံးဖြတ်လိုက်တာက တခြားသော Android Update အမြဲမပေးနိုင်တဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေကို လှောင်ပြောင်လိုက်သလိုပါပဲ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com