OnePlus ကုမၸဏီကေန ထုတ္လုပ္တဲ့ စမတ္ဖုန္းေတြဟာ Flagship Killer ဆုိျပီး လူသိမ်ားေနတဲ့အျပင္ လက္ရွိမွာ အျမန္ဆံုးအေကာင္းဆံုးေသာ Hardware ေတြနဲ႔ တည္ေဆာက္ထားတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ OnePlus ဖုန္းေတြကို တျခား စမတ္ဖုန္းေတြကေန ကြဲထြက္ေစခဲ့တဲ့ နည္းပညာတစ္ခုလည္း ရွိေနပါေသးတယ္။

OnePlus 6

အဲ့ဒါကေတာ့ ယခင္က Dash Charge လို႔ လူသိမ်ားခဲ့တဲ့ OnePlus ရဲ႕ Fast Charging စနစ္ပဲျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွသာ မူပိုင္ခြင့္အျငင္းပြားမႈေၾကာင့္ Dash Charge နာမည္ကုိ စြန္႔လႊတ္လုိက္ရေပမယ့္ လက္ရွိ စမတ္ဖုန္းေတြရဲ႕ အားသြင္းစနစ္ေတြရဲ႕ ယွဥ္ရင္ သိသိသာသာကို ပိုျပီး ျမန္ဆန္ေနတုန္းပဲျဖစ္ပါတယ္။

ဒါေပမယ့္ OnePlus ဟာ အခုေနာက္ဆံုးထြက္ထားတဲ့ OnePlus 6 စမတ္ဖုန္းမွာ Glass Body ကို စတင္အသံုးျပဳလာခဲ့ျပီးေတာ့ Wireless Charging ပါ ထည့္သြင္းလာမယ္လုိ႔ ယူဆခဲ့ၾကေပမယ့္ တကယ္တမ္းမွာေတာ့ ပါဝင္လာျခင္းမရွိေသးပါဘူး။ အခုအခ်ိန္မွာေတာ့ OnePlus ရဲ႕ CEO ျဖစ္တဲ့ Pete Lau ကေန ဘာေၾကာင့္ OnePlus က Wireless Charging စနစ္ကို ထည့္သြင္းျခင္းမရွိတာလဲကို Interview တစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

OnePlus 6

OnePlus CEO ရဲ႕ ေျပာၾကားခ်က္အရေတာ့ Wireless Charging စနစ္ကို ထည့္သြင္းဖုိ႔က လြယ္ကူေပမယ့္ OnePlus အေနနဲ႔ Wireless Charging မွာမွ အားအျမန္သြင္းႏုိင္တဲ့ Fast Wireless Charging စနစ္ကို ထည့္သြင္းႏုိင္ဖုိ႔ စမ္းသပ္ေနခဲ့တာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္အထိ OnePlus ရဲ႕ Fast Wireless Charging စနစ္ကို စမ္းသပ္မႈေတြက လံုေလာက္တဲ့ အေျခအေနတစ္ခုကို မေရာက္ရွိေသးပဲ ဖုန္းကို ပိုထူသြားေစတာ၊ ဒါမွမဟုတ္ ဖုန္းကို ပိုျပီး Heat တက္ေစတာေတြျဖစ္ေစတယ္လုိ႔ သိရပါတယ္။

OnePlus 6

OnePlus ကေတာ့ Fast Wireless Charging စနစ္ကို ထည့္သြင္းဖုိ႔ ၾကိဳးစားေနတယ္ဆိုတာ ေသခ်ာသြားျပီးေတာ့ အခု OnePlus 6 မွာ မပါဝင္ခဲ့ေပမယ့္ ယခုႏွစ္ကုန္ပိုင္းမွာထြက္လာမယ့္ OnePlus 6T ဖုန္းမွာ ပါဝင္လာမလားဆိုတာက စိတ္ဝင္တစားေစာင့္ၾကည့္ရေတာ့မွာပါ။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

OnePlus ကုမ္ပဏီကနေ ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေဟာ Flagship Killer ဆိုပြီး လူသိများနေတဲ့အပြင် လက်ရှိမှာ အမြန်ဆုံးအကောင်းဆုံးသော Hardware တွေနဲ့ တည်ဆောက်ထားတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် OnePlus ဖုန်းတွေကို တခြား စမတ်ဖုန်းတွေကနေ ကွဲထွက်စေခဲ့တဲ့ နည်းပညာတစ်ခုလည်း ရှိနေပါသေးတယ်။

OnePlus 6

အဲ့ဒါကတော့ ယခင်က Dash Charge လို့ လူသိများခဲ့တဲ့ OnePlus ရဲ့ Fast Charging စနစ်ပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှသာ မူပိုင်ခွင့်အငြင်းပွားမှုကြောင့် Dash Charge နာမည်ကို စွန့်လွှတ်လိုက်ရပေမယ့် လက်ရှိ စမတ်ဖုန်းတွေရဲ့ အားသွင်းစနစ်တွေရဲ့ ယှဉ်ရင် သိသိသာသာကို ပိုပြီး မြန်ဆန်နေတုန်းပဲဖြစ်ပါတယ်။

ဒါပေမယ့် OnePlus ဟာ အခုနောက်ဆုံးထွက်ထားတဲ့ OnePlus 6 စမတ်ဖုန်းမှာ Glass Body ကို စတင်အသုံးပြုလာခဲ့ပြီးတော့ Wireless Charging ပါ ထည့်သွင်းလာမယ်လို့ ယူဆခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ပါဝင်လာခြင်းမရှိသေးပါဘူး။ အခုအချိန်မှာတော့ OnePlus ရဲ့ CEO ဖြစ်တဲ့ Pete Lau ကနေ ဘာကြောင့် OnePlus က Wireless Charging စနစ်ကို ထည့်သွင်းခြင်းမရှိတာလဲကို Interview တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

OnePlus 6

OnePlus CEO ရဲ့ ပြောကြားချက်အရတော့ Wireless Charging စနစ်ကို ထည့်သွင်းဖို့က လွယ်ကူပေမယ့် OnePlus အနေနဲ့ Wireless Charging မှာမှ အားအမြန်သွင်းနိုင်တဲ့ Fast Wireless Charging စနစ်ကို ထည့်သွင်းနိုင်ဖို့ စမ်းသပ်နေခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ OnePlus ရဲ့ Fast Wireless Charging စနစ်ကို စမ်းသပ်မှုတွေက လုံလောက်တဲ့ အခြေအနေတစ်ခုကို မရောက်ရှိသေးပဲ ဖုန်းကို ပိုထူသွားစေတာ၊ ဒါမှမဟုတ် ဖုန်းကို ပိုပြီး Heat တက်စေတာတွေဖြစ်စေတယ်လို့ သိရပါတယ်။

OnePlus 6

OnePlus ကတော့ Fast Wireless Charging စနစ်ကို ထည့်သွင်းဖို့ ကြိုးစားနေတယ်ဆိုတာ သေချာသွားပြီးတော့ အခု OnePlus 6 မှာ မပါဝင်ခဲ့ပေမယ့် ယခုနှစ်ကုန်ပိုင်းမှာထွက်လာမယ့် OnePlus 6T ဖုန်းမှာ ပါဝင်လာမလားဆိုတာက စိတ်ဝင်တစားစောင့်ကြည့်ရတော့မှာပါ။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com