Bluetooth Earphone ကို ထုတ္လုပ္လာႏုိင္တဲ့ OnePlus

OnePlus ကုမၸဏီဟာ OnePlus 6 စမတ္ဖုန္းကို မၾကာခင္ထုတ္လုပ္လာေတာ့မွာပဲျဖစ္ပါတယ္။ ဒါေပမယ့္ ဒီတစ္ခါမွာေတာ့ OnePlus 6 စမတ္ဖုန္းတစ္ခုပဲ ထုတ္လုပ္မွာမဟုတ္ေလာက္ပါဘူး။

Xiaomi လုိပဲ OnePlus ကလည္း Bullet Series Earphones ေတြကို ထုတ္လုပ္ေနျပီးေတာ့ အခုဆိုရင္ Bullet V2 Earphone ကို ေနာက္ဆံုးထုတ္လုပ္ထားတာျဖစ္ပါတယ္။ အခုသိရတဲ့သတင္းေတြအရေတာ့ OnePlus က OnePlus 6 စမတ္ဖုန္းနဲ႔အတူ ေနာက္ထပ္ Bullet Earphone တစ္ခုကို ထုတ္လုပ္သြားမယ့္ပံုပါပဲ။

တစ္ခုထူးဆန္းတာက OnePlus ရဲ႕ အခု Bullet Earphone အသစ္က 3.5mm Audio ၾကိဳးနဲ႔မဟုတ္ပဲ Bluetooth Earphone ျဖစ္ေနတာပါ။ နာမည္ကိုေတာ့ Bullet Wireless လုိ႔ ေပးထားတယ္လုိ႔ သိရပါတယ္။ ထူးဆန္းတာက OnePlus ကုမၸဏီဟာ လက္ရွိအခ်ိန္မွာ ထူးထူးျခားျခား 3.5mm Audio Jack ကို ထည့္သြင္းေပးေနတဲ့ ကုမၸဏီတစ္ခုျဖစ္ေနျပီးေတာ့ အခု OnePlus 6 မွာလည္း 3.5mm Audio Jack ပါဝင္လာဦးမွာျဖစ္ပါတယ္။ ဒါေပမယ့္ အခုလုိမ်ိဳး Bluetooth Earphone ေတြကို ထုတ္လုပ္ေနတဲ့အတြက္ ေနာက္ပိုင္း OnePlus ဖုန္းေတြမွာေတာ့ 3.5mm Audio Jack ပါဝင္ဖုိ႔က မေသခ်ာေတာ့ပါဘူး။

OnePlus ရဲ႕ ေနာက္ဆံုးထုတ္ထားတဲ့ Bullet V2 Earphones ေတြတုန္းကလည္း ေစ်းႏႈန္းသက္သာတဲ့အျပင္ Audio Quality အလြန္ေကာင္းမြန္တယ္လုိ႔ သံုးသပ္မႈေတြခံထားရတဲ့အတြက္ အခု Wireless Earphone ကေရာ ဘယ္လုိလာမလဲဆုိတာကို ဆက္လက္ေစာင့္ၾကည့္ရေအာင္လား?

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

OnePlus ကုမ္ပဏီဟာ OnePlus 6 စမတ်ဖုန်းကို မကြာခင်ထုတ်လုပ်လာတော့မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ OnePlus 6 စမတ်ဖုန်းတစ်ခုပဲ ထုတ်လုပ်မှာမဟုတ်လောက်ပါဘူး။

Xiaomi လိုပဲ OnePlus ကလည်း Bullet Series Earphones တွေကို ထုတ်လုပ်နေပြီးတော့ အခုဆိုရင် Bullet V2 Earphone ကို နောက်ဆုံးထုတ်လုပ်ထားတာဖြစ်ပါတယ်။ အခုသိရတဲ့သတင်းတွေအရတော့ OnePlus က OnePlus 6 စမတ်ဖုန်းနဲ့အတူ နောက်ထပ် Bullet Earphone တစ်ခုကို ထုတ်လုပ်သွားမယ့်ပုံပါပဲ။

တစ်ခုထူးဆန်းတာက OnePlus ရဲ့ အခု Bullet Earphone အသစ်က 3.5mm Audio ကြိုးနဲ့မဟုတ်ပဲ Bluetooth Earphone ဖြစ်နေတာပါ။ နာမည်ကိုတော့ Bullet Wireless လို့ ပေးထားတယ်လို့ သိရပါတယ်။ ထူးဆန်းတာက OnePlus ကုမ္ပဏီဟာ လက်ရှိအချိန်မှာ ထူးထူးခြားခြား 3.5mm Audio Jack ကို ထည့်သွင်းပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်နေပြီးတော့ အခု OnePlus 6 မှာလည်း 3.5mm Audio Jack ပါဝင်လာဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး Bluetooth Earphone တွေကို ထုတ်လုပ်နေတဲ့အတွက် နောက်ပိုင်း OnePlus ဖုန်းတွေမှာတော့ 3.5mm Audio Jack ပါဝင်ဖို့က မသေချာတော့ပါဘူး။

OnePlus ရဲ့ နောက်ဆုံးထုတ်ထားတဲ့ Bullet V2 Earphones တွေတုန်းကလည်း ဈေးနှုန်းသက်သာတဲ့အပြင် Audio Quality အလွန်ကောင်းမွန်တယ်လို့ သုံးသပ်မှုတွေခံထားရတဲ့အတွက် အခု Wireless Earphone ကရော ဘယ်လိုလာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရအောင်လား?

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com