
OnePlus




Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

OnePlus ကုမ္ပဏီဟာ အခုနောက်ပိုင်း စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ အသုံးပြုသူတွေရဲ့ Feedbacks တွေ Ideas တွေကို နားထောင်တဲ့ ကုမ္ပဏီတစ်ခုလို့ ပြောလို့ရပါတယ်။အခုအချိန်မှာတော့ OnePlus ကနေ မကြာခင်တရားဝင်ကြေငြာတော့မယ့် OnePlus 6 ဖုန်းအတွက်လည်း သုံးစွဲသူတွေရဲ့ အကြံညဏ်ကိုတောင်းခံနေပါတယ်။

OnePlus

အခုတစ်ခါမှာတော့ OnePlus ကနေ OnePlus 6 စမတ်ဖုန်းအတွက် Promotion Video ဒါမှမဟုတ် ကြော်ငြာဗီဒီယိုအတွက် အကြံညဏ်တွေကို တောင်းခံနေတာပဲဖြစ်ပါတယ်။ အခုလိုမျိုး OnePlus ကို အကြံညဏ်တွေပေးချင်တယ်ဆိုရင်တော့ OnePlus ရဲ့ Official Forum ၊ YouTube ၊ Twitter နဲ့ Facebook မှာတင်ထားတဲ့ Sample Never Setting Film ဗီဒီယိုမှာ #NeverSettleFilm ကို ထည့်သွင်းပြီး အကြံညဏ်ကို ရေးသားနိုင်တယ်လို့ သိရပါတယ်။

OnePlus က အခုလိုမျိုး အကြံညဏ်တွေကို တောင်းခံနေတယ်ဆိုပေမယ့် အသုံးပြုဖြစ်တဲ့ အကြံညဏ်တွေအတွက်ကိုတော့ အဆိုပါ Promotion Video နောက်ဆုံးမှာ နာမည်ထိုးပေးတာကလွဲပြီးတော့ အခြားဆုလာဒ်တွေတော့ ပေးမယ်လို့ ပြောကြားထားတာမတွေ့ရပါဘူး။

OnePlus 6 စမတ်ဖုန်းဟာ လာမယ့် မေလ ၅ ရက်နေ့မှာ မိတ်ဆက်လာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပြီးတော့ Qualcomm Snapdragon 845 Processor ၊ 8GB RAM ၊ 256GB Storage နဲ့ Water Resistant Feature ပါ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com