OnePlus ကနေ မကြာသေးခင်တုန်းက OnePlus 7 Pro စမတ်ဖုန်းအပြင် နောက်ထပ် Product တစ်ခုအနေနဲ့ OnePlus Bullet Wireless 2 Earphone ကိုပါ မိတ်ဆက်လာခဲ့ပါတယ်။ ဒီ OnePlus Bullet Wireless 2 Earphone က မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Bullet Wireless Earphone ကို အဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။

အခု Bullet Wireless 2 Earphone က Wireless Earphone ဖြစ်နေပေမယ့် True Wireless တော့မဟုတ်သေးဘဲ Neckband တစ်ခုကတော့ ပါဝင်ဦးမှာဖြစ်ပါတယ်။ Design ပိုင်းအနေနဲ့တော့ မနှစ်က Bullet Wireless နဲ့ မတူညီတော့ဘဲ ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။

OnePlus Bullet Wireless 2

Sound Quality ပိုင်းအနေနဲ့ကတော့ သိသိသာသာကို အဆင့်မြှင့်တင်လာခဲ့ပြီးတော့ Knowles Balanced Armature Driver ၂ ခုအပြင် Dynamic Driver ၁ ခုပါ ပါဝင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ အကောင်းဆုံး Bluetooth Audio Standard ဖြစ်တဲ့ Aptx HD ကိုလည်း Support ပြုလုပ်ပေးနိုင်မှာပါ။

OnePlus Bullet Wireless 2

OnePlus က ဒီ Bullet Wireless 2 မှာ Battery Life ကိုလည်း ၇ နာရီကနေ ၁၄ နာရီအထိ အဆင့်မြှင့်တင်နိုင်ခဲ့ပြီိးတော့ USB Wrap Charge Fast Charging ပါဝင်တဲ့အတွက် ၁၀ မိနစ်အားသွင်းတာနဲ့ ၁၀ နာရီခန့် အသုံးပြုနိုင်ဦးမှာပါ။ ဒါ့အပြင် နောက်ဆုံး Bluetooth 5.0 ကို အသုံးပြုထားတာလည်းဖြစ်ပါတယ်။

OnePlus Bullet Wireless 2

OnePlus ကတော့ နောက်ထပ် သီးသန့် Feature တွေအနေနဲ့ Quick Pair Feature နဲ့ Google Assistant Feature တွေကိုပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒီ OnePlus Bullet Wireless 2 Earphone ကဈေးနှုန်းအနေ $99 နဲ့ ရောင်းချသွားမှာဖြစ်တဲ့အတွက် ဈေးအနေနဲ့ကတော့ နည်းနည်းများတယ်လို့ ပြောလို့ရပါတယ်။

Ref : GSMArena