[Zawgyi] 

OnePlus ကေတာ့ ဘယ္လိုေစ်းကြက္ဗ်ဴဟာေတြကို သံုးေနသလဲဆုိတာ စိတ္ဝင္စားစရာပါပဲ။ မၾကာေသးခင္ကမွ Apple ရဲ႕ Event က ၿပီးသြားခဲ့တဲ့အတြက္ OnePlus 6T အေပၚ စိတ္ဝင္စားမႈက ျပန္က်သြားခဲ့ပါတယ္။ ဒါေပမယ့္ OnePlus ကလည္း ေစ်းကြက္ကို ဘယ္လို ျပန္လႈပ္ေအာင္လုပ္မလဲဆိုတာ ႀကိဳၿပီး Plan ခ်ထားၿပီးသားျဖစ္မွာပါ။ 

OnePlus 6T Thunder Purple

OnePlus 6T ကို စထုတ္တဲ့အခ်ိန္က Mirror Black နဲ႔ Midnight Black ဆိုၿပီး ႏွစ္ေရာင္ပဲ ထုတ္ေရာင္းခဲ့ပါတယ္။ အခုေတာ့ Thunder Purple လို႔နာမည္ေပးထားတဲ့ ခရမ္းေရာင္ OnePlus 6T ေတြကို ထပ္ၿပီး မိတ္ဆက္လိုက္ပါၿပီ။ ဒါေပမယ့္ တ႐ုတ္ျပည္တြင္းေစ်းကြက္အတြက္ပဲ မိတ္ဆက္ေပးလိုက္တာျဖစ္လို႔ Global ေစ်းကြက္အတြက္ေတာ့ ဘယ္အခ်ိန္မွာ ထုတ္ေပးမလဲဆိုတာ မသိရပါဘူး။ OnePlus အေနနဲ႔ေတာ့ ႏွစ္တိုင္းလိုလို အေရာင္အသစ္ေတြကို မိတ္ဆက္လာတာ အခု ခရမ္းေရာင္ကေတာ့ 6T မွာ ပထမဦးဆံုးပါ။ 

OnePlus 6T Thunder Purple

OnePlus 6T Thunder Purple ကေတာ့ Limited Edition မဟုတ္သလို Hardware ပိုင္းမွာလည္း ကြာျခားေနတာမ်ိဳးေတြ မရွိပါဘူး။ ဒါေပမယ့္ တရုတ္ျပည္တြင္းေစ်းကြက္မွာ အရင္ကထြက္ထားတဲ့ OnePlus 6T ေတြထက္ ေစ်းနည္းနည္း ပိုသက္သာေနပါတယ္။ ကြာျခားေနတာကေတာ့ Software ျဖစ္ၿပီး တ႐ုတ္ျပည္တြင္းမွာ သံုးဖို႔ OnePlus က သီးသန္႔ထုတ္ေပးထားတဲ့ Hydrogen OS ကို သံုးေပးထားလို႔႔ပါ။ Oxygen OS နဲ႔ ကြာျခားတာကေတာ့ Google ရဲ႕ Serivice ေတြအားလံုးကို Hydrogen OS မွာ မေတြ႕ရတာပါ။ မၾကာခင္မွာ Global အတြက္ Oxygen OS နဲ႔ OnePlus 6T Thunder Purple ေတြကို ထုတ္ျပလာမယ္လို႔ ခန္႔မွန္းရပါတယ္။ 

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

အရောင်အသစ်နဲ့ ထပ်ထွက်လာတဲ့ OnePlus 6T

OnePlus ကတော့ ဘယ်လိုဈေးကွက်ဗျူဟာတွေကို သုံးနေသလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ မကြာသေးခင်ကမှ Apple ရဲ့ Event က ပြီးသွားခဲ့တဲ့အတွက် OnePlus 6T အပေါ် စိတ်ဝင်စားမှုက ပြန်ကျသွားခဲ့ပါတယ်။ ဒါပေမယ့် OnePlus ကလည်း ဈေးကွက်ကို ဘယ်လို ပြန်လှုပ်အောင်လုပ်မလဲဆိုတာ ကြိုပြီး Plan ချထားပြီးသားဖြစ်မှာပါ။ 

OnePlus 6T Thunder Purple

OnePlus 6T ကို စထုတ်တဲ့အချိန်က Mirror Black နဲ့ Midnight Black ဆိုပြီး နှစ်ရောင်ပဲ ထုတ်ရောင်းခဲ့ပါတယ်။ အခုတော့ Thunder Purple လို့နာမည်ပေးထားတဲ့ ခရမ်းရောင် OnePlus 6T တွေကို ထပ်ပြီး မိတ်ဆက်လိုက်ပါပြီ။ ဒါပေမယ့် တရုတ်ပြည်တွင်းဈေးကွက်အတွက်ပဲ မိတ်ဆက်ပေးလိုက်တာဖြစ်လို့ Global ဈေးကွက်အတွက်တော့ ဘယ်အချိန်မှာ ထုတ်ပေးမလဲဆိုတာ မသိရပါဘူး။ OnePlus အနေနဲ့တော့ နှစ်တိုင်းလိုလို အရောင်အသစ်တွေကို မိတ်ဆက်လာတာ အခု ခရမ်းရောင်ကတော့ 6T မှာ ပထမဦးဆုံးပါ။ 

OnePlus 6T Thunder Purple

OnePlus 6T Thunder Purple ကတော့ Limited Edition မဟုတ်သလို Hardware ပိုင်းမှာလည်း ကွာခြားနေတာမျိုးတွေ မရှိပါဘူး။ ဒါပေမယ့် တရုတ်ပြည်တွင်းဈေးကွက်မှာ အရင်ကထွက်ထားတဲ့ OnePlus 6T တွေထက် ဈေးနည်းနည်း ပိုသက်သာနေပါတယ်။ ကွာခြားနေတာကတော့ Software ဖြစ်ပြီး တရုတ်ပြည်တွင်းမှာ သုံးဖို့ OnePlus က သီးသန့်ထုတ်ပေးထားတဲ့ Hydrogen OS ကို သုံးပေးထားလို့ပါ။ Oxygen OS နဲ့ ကွာခြားတာကတော့ Google ရဲ့ Serivice တွေအားလုံးကို Hydrogen OS မှာ မတွေ့ရတာပါ။ မကြာခင်မှာ Global အတွက် Oxygen OS နဲ့ OnePlus 6T Thunder Purple တွေကို ထုတ်ပြလာမယ်လို့ ခန့်မှန်းရပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com