
OnePlus 6





Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Qualcomm ရဲ့ President ဖြစ်တဲ့ Cristiano Amon ကနေ လာမယ့် ၂၀၁၉ ခုနှစ်မှာ 5G Flagship ဖုန်း ၂ မျိုးကို အနည်းဆုံးမြင်ရမယ်လို့ ပြောခဲ့ပြီးတော့ အခုကြည့်ရတာ အဲ့ဒီဖုန်း ၂ မျိုးထဲက တစ်မျိုးက OnePlus ဖြစ်လာတော့မယ့်ပုံပါပဲ။

OnePlus 6

OnePlus ရဲ့ Co-founder ဖြစ်တဲ့ Carl Pei ကနေ လာမယ့်နှစ်မှာ အစောဆုံးသော 5G စမတ်ဖုန်းတစ်ခုကို မိတ်ဆက်သွားမယ်ဆိုပြီး အတည်ပြုလိုက်ပါတယ်။ အဲ့ဒီအတွက် OnePlus ဟာ လက်ရှိ Huawei ၊ Samsung တို့နဲ့အပြိုင် ပထမဆုံးသော 5G ရရှိတဲ့ စမတ်ဖုန်းကို ထုတ်လုပ်သွားတော့မှာပါ။

ဒါ့အပြင် Carl Pei ကနေ OnePlus က 5G Network အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေကိုလည်း ပြီးခဲ့တဲ့ သြဂုတ်လထဲက San Diego မှာရှိတဲ့ Qualcomm ရုံးချူပ်မှာ ဆောင်ရွက်ခဲ့ပြီးပြီလို့ ပြောကြားခဲ့ပါသေးတယ်။ အဲ့ဒီအတွက် နောက်နှစ်မှာ 5G စမတ်ဖုန်းထုတ်လုပ်ဖို့က သေချာသလောက်ဖြစ်နေပါပြီ။

OnePlus Co-Founder Carl Pei

OnePlus ဟာ လာမယ့်အောက်တိုဘာလ ၂၉ ရက်နေ့မှာ OnePlus 6T စမတ်ဖုန်းကို မိတ်ဆက်ဖို့ရှိနေပြီး ပုံမှန်အားဖြင့် OnePlus 7 နဲ့ OnePlus 7T ကို နောက်နှစ်မှာ တွေ့ရဖို့ရှိတဲ့အတွက် အဲ့ဒီထဲက ပထမနှစ်ဝက်မှာ မိတ်ဆက်မယ့် OnePlus 7 စမတ်ဖုန်းက ပထမဆုံး 5G ကို Support ပေးတဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာနိုင်ပါတယ်။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com