OnePlus ကနေ ဒီနှစ်အတွက်ပထမဆုံးစမတ်ဖုန်းဖြစ်လာမယ့် OnePlus 7 Series ဖုန်းတွေထွက်ရှိလာမယ့်အချိန်ကို ကြေညာလိုက်ပြီပဲဖြစ်ပါတယ်။ အခု ကြေညာချက်အရ OnePlus 7 ဟာ လာမယ့် မေလ ၁၄ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာပါ။

အခု OnePlus ကနေ ထုတ်ပြလိုက်တဲ့ Teaser Video အရတော့ OnePlus 7 Series ဖုန်းတွေလို့ နာမည်တပ်ထားတဲ့အတွက် ယခင်ကလိုမျိုး စမတ်ဖုန်းတစ်မျိုးထဲမိတ်ဆက်လာမှာမဟုတ်ဘဲ OnePlus 7 ၊ OnePlus 7 Pro နဲ့ 5G Edition ဖုန်းတွေကို မိတ်ဆက်လာမှာသေချာသလောက်ဖြစ်နေပါပြီ။ ဒါ့အပြင် OnePlus ရဲ့ Signature ဖြစ်လာတဲ့ Alert Slider အပြင် Curved Display ကိုပါ Confirmed  ပြုလုပ်ခဲ့ပါသေးတယ်။

OnePlus 7 Series

OnePlus 7 Series

OnePlus 7 ဖုန်းက လက်ရှိသိထားတဲ့သတင်းတွေအရတော့ Waterdrop Notch ပါဝင်တဲ့ Display ကို အသုံးပြုထားမှာဖြစ်ပြီးတော့ OnePlus 7 Pro မှာတော့ လုံးဝ တခြားသော Flagship ဖုန်းတွေမှာ မရှိသေးတဲ့ Quad HD+ AMOLED Display ကို 90Hz Refresh Rate အထိ Support ပြုလုပ်လာမှာဖြစ်ပါတယ်။ OnePlus ရဲ့ ပြောကြားချက်အရတော့ ဒီ OnePlus 7 Pro ရဲ့ Display ကို ပြုလုပ်ဖို့အတွက် OnePlus အနေနဲ့ ယခင်ကထက် ၃ ဆပိုပြီး ရင်းနှီးမြုပ်နှံခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် OnePlus 7 Pro မှာ Stereo Speaker ကိုပါ ထည့်သွင်းလာဦးမှာဖြစ်ပါတယ်။

OnePlus 7 Series

OnePlus 7 Series

ဒီ OnePlus 7 စမတ်ဖုန်းတွေက စွမ်းဆောင်ရည်ပိုင်းမှာတော့ ထုံးစံအတိုင်း ထိပ်တန်းအဆင့်ရှိနေမှာဖြစ်ပြီးတော့ Qualcomm Snapdragon 855 Processor ၊ RAM 8GB နဲ့ 30W WrapCharge Fast Charging စနစ်တွေပါဝင်လာနိုင်ပါတယ်။ Camera ပိုင်းအနေနဲ့လည်း Triple Camera ကို တပ်ဆင်လာမှာဖြစ်ပြီး 48MP Primary Sensor ၊ 3x Optical Zoom အထိ Support ပေးမယ့် Telephoto Sensor နဲ့ Ultrawide Sensor တွေပါဝင်လာမှာဖြစ်ပါတယ်။

OnePlus 7 ဖုန်းကတော့ သာမန် OnePlus ဖုန်းတွေလိုမျိုးပဲ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၆၀၀ ဝန်းကျင်ရှိမှာဖြစ်ပြီးတော့ OnePlus 7 Pro ဖုန်းကတော့ တခြားသော Flagship ဖုန်းတွေလိုမျိုး ဒေါ်လာ ၈၀၀ ဝန်းကျင်အထိရှိလာနိုင်ပါတယ်။

Ref : GSMArena