မေ ၁၄ မှာ တရားဝင်မိတ်ဆက်လိုက်တဲ့ OnePlus 7 Pro ရဲ့ Marketing Video ကတော့ ဖြစ်နိုင်ပါ့မလားဆိုတဲ့မေးခွန်းနဲ့ စိတ်ဝင်တစားဖြစ်မယ်ထင်ပါတယ်။ ဘယ်လိုတောင် Durable ဖြစ်လွန်းလို့ Pop-up Selfie Camera က ကျိုးမသွားတာလဲ အရမ်းသိချင်နေမယ်ထင်ပါတယ်။

Photo (Fonpit)

နောက်ပြီး Pop-up ဆိုတဲ့ Trend ဟာ OPPO ကစလို့ Find X မှာ စသုံးလာတာပါ။ ဒီဖုန်းမှာတော့ Motorized Pop-up Selfie ကင်မရာအသုံးပြုခဲ့ပြီး နောက်ပိုင်းထွက် တရုတ်ဖုန်းအားလုံးမှာ Pop-up ၊ Slider စသဖြင့် Selfie Camera Housing ပုံစံမျိုးစုံနဲ့ ခေတ်စားလာတယ် ပြောရပါမယ်။ ဒီနေရာမှာ ပရိသတ်တွေကို စနိုးစနှောင့်ဖြစ်စေတာက ဘယ်လောက် အကြိမ်ရေထိ အတွန်းခံလဲ? အများဆုံး ၂ သိန်းကျော်အထိလို့ ကုမ္ပဏီတွေ အာမခံကြသလို OnePlus ကတော့ သူ့ရဲ့ Pop-up က အကြိမ်ရေ ၃ သိန်းအနည်းဆုံး အသုံးပြုလို့ရတယ်ဆိုပါတယ်။

Photo: IT Pro

ဟုတ်ပြီ။ ၃ သိန်းဆိုတော့ ဖုန်းတလုံးရဲ့ Life Span နဲ့ယှဉ်ရင်မဆိုးဘူးလို့ ပြောရပေမယ့် မတော်တဆဆိုတဲ့ဒဏ်ကို ခံနိုင်ပါ့မလား။ Selfie Camera ဖွင့်ထားတဲ့ချိန် မတော်တဆပြုတ်ကျသွားရင် Pop-up Motor ကျိုးသွားနိုင်မလား? Samsung တောင် အချိန်ကြာလာရင် Major Weakness ဖြစ်လာနိုင်တဲ့ Pop-up အိုင်ဒီယာကို Skip ခဲ့ပြီး Punch Hole နဲ့ပဲ ပွဲထွက်ခဲ့ရတယ်။

Photo (Timeincuk)

နောက်ပြီး ဖုန်းတလုံးကို FullScreen Display နဲ့မြင်လိုက်ရင် ဘယ်သူမဆိုကြွေဆင်းသွားမှာ အမှန်ပါပဲ။ ဒါမယ့် Pop-up ဆိုတာကို လူတိုင်းမနှစ်သက်သလို OnePlus ထဲမှာတောင် Fan Base ကွဲနေမယ်ထင်ပါတယ်။ ဘယ်လိုပဲပြောပြော ၂၂ ကီလို (ပေါင် ၅၀ လောက်) လေးတဲ့ ကွန်ကရစ်တုံး အလေးချိန်ကို ဆွဲထားနိုင်တယ်ဆိုတာကတော့ Theory အရဆိုရင်လည်း ဖြစ်နိုင်တယ်။ Promo ကြော်ငြာကို ဒီ Link မှာ လေ့လာပြီး ထင်မြင်ချက်တွေ သုံးသပ်ကြည့်ပါဦး။

Photo: Android Authority

ကျနော့်အမြင်မှာတော့ ၂၂ ကီလိုရှိတဲ့ ကွန်ကရစ်တုံးဟာ Motion Less ဖြစ်နေတယ်။ Accidental Damage ဖြစ်ရင် ကြော်ငြာဗီဒီယိုထဲကလို Slow Paced ဖြစ်နေမှာမဟုတ်ပါဘူး။ ဥပမာ Pop-up ပွင့်လျက်နဲ့ အခန့်မသင့် ဇောင်းနဲ့သွားရိုက်မိရင် Force ပါတဲ့ Action ဖြစ်နေလို့ ကျိုးမှာကျိန်းသေပါ။ ပရိတ်သတ်ကြီးရော ဘယ်လိုမြင်လဲ?

Source: GSMArena
2B (Akhayar)
www.akhayar.com