OnePlus ဆိုတဲ့ Brand တစ်ခုက ပုံမှန်အားဖြင့် Flagship Killer ဆိုတဲ့ နာမည်နဲ့ အောင်မြင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ OnePlus ကနေ OnePlus 7 Pro ဖုန်းနဲ့ Flagship Killer ကနေ လုံးဝ Flagship အဖြစ်ပြောင်းလဲသွားပြီပဲဖြစ်ပါတယ်။

OnePlus 7 Pro

OnePlus 7 Pro ရဲ့ အကြီးမားဆုံးသော အားသာချက်တစ်ခုကတော့ Display ပဲဖြစ်ပြီးတော့ OnePlus အတွက် ပထမဆုံးအနေနဲ့ Full HD+ ကနေ Quad HD+ Resolution ကို အဆင့်မြှင့်တင်ထားခဲ့တာပါ။ ဒါ့အပြင် Notch လုံးဝပါဝင်ခြင်းမရှိတဲ့ 6.67″ Display Size ဖြစ်နေတဲ့အတွက် လက်ရှိစမတ်ဖုန်းတွေထဲမှာ Screen Size တော်တော်လေးကို ကြီးတယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် လက်ရှိ စမတ်ဖုန်းတွေထဲမှာ ပထမဆုံးလို့ပြောလို့ရတဲ့ Quad HD+ AMOLED Panel ကို 90Hz Refresh Rate ပါဝင်တဲ့ Display ဆိုရင်လည်းမမှားပါဘူး။ Brightness ပိုင်းအရလည်း 800 Nits အထိရှိနေမှာဖြစ်ပြီးတော့ HDR10+ Color တွေကိုပါ Support ပြုလုပ်မှာပါ။ OnePlus ကတော့ ဒီ Display ကို Fluid AMOLED Display လို့ နာမည်ပေးထားပါတယ်။

OnePlus 7 Pro

နောက်ပြီး OnePlus အနေနဲ့ ယခင် OnePlus ဖုန်းတွေရဲ့ အားနည်းချက်ဖြစ်ခဲ့တဲ့ Camera ပိုင်းကိုလည်း Flagship အဆင့်ဖြစ်အောင် Upgrade လုပ်ခဲ့ပါသေးတယ်။ OnePlus 7 Pro က Triple Camera အသုံးပြုထားတဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ 48MP f1.6 Sony IMX586 Lens ၊ 16MP Ultrawide Lens နဲ့ 8MP 3x Optical Zoom ရရှိတဲ့ Telephoto Lens တွေပါဝင်မှာဖြစ်ပါတယ်။ OnePlus အနေနဲ့ ဒီ Camera ပိုင်းမှာ Sensor တွေတင်မဟုတ်တဲ့ Image Processing ပိုင်းကိုပါ အဆင့်မြှင့်တင်ခဲ့တာဖြစ်ပြီးတော့ လောလောဆယ်မှာ DxOMark 111 Mark ရရှိပြီးတော့ လက်ရှိမှာ DxOMark အရ ဒုတိယအမှတ်အများဆုံးဖုန်းဖြစ်လာတာပါ။

OnePlus 7 Pro

Selfie Camera အနေနဲ့တော့ OnePlus 7 Pro ဖုန်းမှာ 16MP Pop-up Camera ကို အသုံးပြုထားပြီး OnePlus ကတော့ အကြိမ်ရေ ၃ သိန်း ဒါမှမဟုတ် ၅ နှစ်လောက်အကြမ်းခံတယ်လို့ သိရပါတယ်။ နောက်ပြီးတော့ ဖုန်းက အောက်ကျတာနဲ့ Selfie Camera ကို အလိုအလျောက်ပြန်လည်သိမ်းပေးသွားမှာပဲဖြစ်ပါတယ်။

OnePlus 7 Pro

ဒါ့အပြင် OnePlus 7 Pro ဖုန်းက ကျန်တဲ့အချက်လေးတွေဖြစ်တဲ့ Single Speaker ကနေ Dolby Atmos ကို Support လုပ်တဲ့ Stereo Speaker ကို ပြောင်းလဲခဲ့ပြီး Fingerprint Sensor ကိုလည်း Sensor Area နဲ့ Speed ကို သိသိသာသာ အဆင့်မြှင့်တင်ခဲ့ပြီး လက်ရှိမှာ အမြန်ဆုံး Under-Display Fingerprint Sensor တစ်ခုဖြစ်လာတယ်လို့ ပြောကြားခဲ့ပါတယ်။

OnePlus 7 Pro

Performance ပိုင်းမှာတော့ OnePlus ဖုန်းတစ်ခုဖြစ်တဲ့အတွက် လုံးဝထိပ်တန်းအဆင့်မှာရှိနေပြီးတော့ Qualcomm Snapdragon 855 Processor အပြင် RAM အနေနဲ့လည်း 6GB ကနေ 12GB အထိရွေးချယ်နိုင်မှာပါ။ OnePlus အနေနဲ့ RAM Booster ဆိုတဲ့ Feature ကိုပါ ထည့်သွင်းပေးထားပြီးတော့ Application ၆၄ ခုအထိ Hang သွားခြင်းမရှိဘဲ ဆက်တိုက်အသုံးပြုနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ Storage ပိုင်းမှာလည်း OnePlus က ပုံမှန် Flagship ဖုန်းတွေမှာ ပါဝင်တဲ့ UFS 2.1 Storage ထက် ၂ ဆလောက်ပိုပြီး မြန်ဆန်တဲ့ UFS 3.0 ကို သုံးထားတဲ့ ပထမဆုံးဖုန်းတစ်ခုလည်း ဖြစ်ပါတယ်။ အဲ့တော့ တခြားဖုန်းတွေထက်တောင် ပိုပြီး မြန်ဆန်နေဖို့ကတော့ သေချာနေပါတယ်။

OnePlus 7 Pro

Battery ပိုင်းအနေနဲ့လည်း 4000mAh Battery ကို ထည့်သွင်းပေးထားပြီး 30W Wrap Charge 30 Charging နည်းပညာကြောင့် မိနစ် ၂၀ အားသွင်းရုံနဲ့ 50% အထိ အားပြန်လည်ပြည့်နိုင်မှာပါ။

OnePlus 7 Pro

OnePlus 7 Pro က အရောင်တွေအနေနဲ့တော့ Mirror Gray ၊ Nebula Blue နဲ့ Almod ဆိုပြီး ၃ ရောင်ထုတ်ထုတ်ထားပြီးတော့ ဈေးနှုန်းတွေအနေနဲ့တော့ 6/128GB Storage ကို $669 ၊ 8/256GB Storage ကို $699 နဲ့ 12/256GB Storage ကိုတော့ $749 နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref : GSMArena