OnePlus ကေန သူရဲ႕အေကာင္းဆံုးေသာ စမတ္ဖုန္းတစ္ခုျဖစ္လာမယ့္ OnePlus 6T စမတ္ဖုန္းကိုလာမယ့္ ေအာက္တုိဘာလ ၃၀ ရက္ေန႔မွာ တရားဝင္မိတ္ဆက္ေတာ့မွာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ OnePlus ကေန OnePlus 6T မွာ ပါဝင္လာမယ့္ Feature နဲ႔ပတ္သတ္ျပီးေတာ့ သတင္းတစ္ခုကို ထုတ္ျပန္ေၾကညာလိုက္ျပီျဖစ္ပါတယ္။

OnePlus 6 & OnePlus 6T

အခုသတင္းအရ OnePlus ဟာ လာမယ့္ OnePlus 6T စမတ္ဖုန္းမွာ System Navigation အသစ္ကို အသံုးျပဳလာမွာျဖစ္ျပီးေတာ့ User Interface ကို လံုးဝေျပာင္းလဲေတာ့မွာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ OnePlus ဟာ ေလာေလာဆယ္မွာ Pure Android ကို အေျခခံထားတဲ့ Oxygen OS ကို အသံုးျပဳေနတာျဖစ္ျပီးေတာ့ အခု UI အသစ္က ျမန္ဆန္ျပီး Smooth ျဖစ္တဲ့အျပင္ အသံုးျပဳတဲ့ေနရာမွာ ထစ္ေနတာလံုးဝမရွိဘဲ စိတ္ခ်လက္ခ်အသံုးျပဳႏုိင္မွာျဖစ္တယ္လုိ႔ သိရပါတယ္။ အခု OnePlus 6T မွာ ပါဝင္လာမယ့္ Oxygen OS ဟာ ကုမၸဏီရဲ႕ အေကာင္းဆံုး OS တစ္ခုျဖစ္လာမွာလည္း ျဖစ္ပါတယ္။

OnePlus 6T

အဲ့ဒီအတြက္ OnePlus 6T ဟာ ယခင္ OnePlus 5T နဲ႔ OnePlus 6 မွာ စတင္မိတ္ဆက္ခဲ့တဲ့ Gesture Interface အသစ္ကို ေျပာင္းလဲလုိက္မွာျဖစ္ျပီးေတာ့ Application အသံုးျပဳေနတဲ့အခ်ိန္မွာ Multitasking View အတြက္ Home Screen ကေန အေပၚကို Long Press လုပ္ရတဲ့ Experience က ယခင္ကထက္ ေတာ္ေတာ္ေလးကို ထူးျခားေကာင္းမြန္လာမယ္လုိ႔ သိရပါတယ္။ OnePlus ကေတာ့ အခုလုိမ်ိဳး အသံုးျပဳႏုိင္ဖုိ႔အတြက္ အၾကိမ္ေရ ၁၀၀၀ အထက္ကို စမ္းသပ္ခဲ့ျပီးေတာ့ OnePlus 6T ရဲ႕ Navigation စနစ္က Best in Class ျဖစ္လာမယ္လုိ႔ ကတိေပးလခဲ့ပါတယ္။

OnePlus 6T

ဒါတင္မကေသးဘဲ OnePlus က OnePlus 6T မွာ ကင္မရာကိုပါ ေသေသခ်ာခ်ာ အဆင့့္ျမွင့္တင္ထားျပီးေတာ့ ယခင္တုန္းက OnePlus ဖုန္းေတြမွာ ကင္မရာပိုင္း ေဝဖန္ခံရတာေတြကို ျပင္ဆင္သြားမယ္လုိ႔ ယူဆရပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

OnePlus ကနေ သူရဲ့အကောင်းဆုံးသော စမတ်ဖုန်းတစ်ခုဖြစ်လာမယ့် OnePlus 6T စမတ်ဖုန်းကိုလာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့မှာ တရားဝင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ OnePlus ကနေ OnePlus 6T မှာ ပါဝင်လာမယ့် Feature နဲ့ပတ်သတ်ပြီးတော့ သတင်းတစ်ခုကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

OnePlus 6 & OnePlus 6T

အခုသတင်းအရ OnePlus ဟာ လာမယ့် OnePlus 6T စမတ်ဖုန်းမှာ System Navigation အသစ်ကို အသုံးပြုလာမှာဖြစ်ပြီးတော့ User Interface ကို လုံးဝပြောင်းလဲတော့မှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ OnePlus ဟာ လောလောဆယ်မှာ Pure Android ကို အခြေခံထားတဲ့ Oxygen OS ကို အသုံးပြုနေတာဖြစ်ပြီးတော့ အခု UI အသစ်က မြန်ဆန်ပြီး Smooth ဖြစ်တဲ့အပြင် အသုံးပြုတဲ့နေရာမှာ ထစ်နေတာလုံးဝမရှိဘဲ စိတ်ချလက်ချအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အခု OnePlus 6T မှာ ပါဝင်လာမယ့် Oxygen OS ဟာ ကုမ္ပဏီရဲ့ အကောင်းဆုံး OS တစ်ခုဖြစ်လာမှာလည်း ဖြစ်ပါတယ်။

OnePlus 6T

အဲ့ဒီအတွက် OnePlus 6T ဟာ ယခင် OnePlus 5T နဲ့ OnePlus 6 မှာ စတင်မိတ်ဆက်ခဲ့တဲ့ Gesture Interface အသစ်ကို ပြောင်းလဲလိုက်မှာဖြစ်ပြီးတော့ Application အသုံးပြုနေတဲ့အချိန်မှာ Multitasking View အတွက် Home Screen ကနေ အပေါ်ကို Long Press လုပ်ရတဲ့ Experience က ယခင်ကထက် တော်တော်လေးကို ထူးခြားကောင်းမွန်လာမယ်လို့ သိရပါတယ်။ OnePlus ကတော့ အခုလိုမျိုး အသုံးပြုနိုင်ဖို့အတွက် အကြိမ်ရေ ၁၀၀၀ အထက်ကို စမ်းသပ်ခဲ့ပြီးတော့ OnePlus 6T ရဲ့ Navigation စနစ်က Best in Class ဖြစ်လာမယ်လို့ ကတိပေးလခဲ့ပါတယ်။

OnePlus 6T

ဒါတင်မကသေးဘဲ OnePlus က OnePlus 6T မှာ ကင်မရာကိုပါ သေသေချာချာ အဆင့့်မြှင့်တင်ထားပြီးတော့ ယခင်တုန်းက OnePlus ဖုန်းတွေမှာ ကင်မရာပိုင်း ဝေဖန်ခံရတာတွေကို ပြင်ဆင်သွားမယ်လို့ ယူဆရပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com