OnePlus ကေန အေစာပိုင္းတုန္းက OnePlus 6T စမတ္ဖုန္းကို လာမယ့္ ေအာက္တုိဘာ ၃၀ ရက္ေန႔မွာ မိတ္ဆက္သြားဖုိ႔ စီစဥ္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္ မၾကာေသးမီက Apple ကေန iPad Event ကို OnePlus က်င္းပမယ့္ New York ျမိဳ႕မွာပဲ ျပဳလုပ္မယ္လုိ႔ ေၾကညာလိုက္တဲ့အတြက္ OnePlus အေနနဲ႔ OnePlus 6T ကို တစ္ရက္ေစာျပီး ေအာက္တိုဘာလ ၂၉ ရက္ကို ေရြ႕ေျပာင္းလုိက္ရပါတယ္။

OnePlus 6T Night Shot

အခုအခ်ိန္မွာေတာ့ OnePlus ရဲ႕ CEO ျဖစ္တဲ့ Pete Lau ကေန ပထမဆံုး OnePlus 6T ရဲ႕ ဓါတ္ပံုကို ေဖာ္ျပခဲ့ပါတယ္။ အခုဓါတ္ပံုက တရုတ္ႏုိင္ငံ Shenzhen ျမိဳ႕မွာ ညဘက္ရုိက္ကူးထားတဲ့ဓါတ္ပံုျဖစ္ျပီးေတာ့ Pete Lau က “Bring Your Own Filter” လုိ႔ အဓိပၸါယ္ရတဲ့စာတန္းနဲ႔ တင္ထားခဲ့တာျဖစ္ပါတယ္။

အခု OnePlus 6T ကေန ရုိက္ကူးထားတဲ့ ဓါတ္ပံုကိုၾကည့္မယ္ဆုိရင္ ေတာ္ေတာ္ေလးကို ေကာင္းမြန္တဲ့ Color နဲ႔ Contrast ကိုေတြ႕ရမွာျဖစ္ျပီးေတာ့ လက္ရွိ Flagship စမတ္ဖုန္းေတြနဲ႔ေတာင္ ယွဥ္ျပိဳင္ႏုိင္တဲ့စြမ္းေဆာင္ရည္ရွိေနတယ္လုိ႔ ေျပာလုိ႔ရပါတယ္။ ဒါက ျဖစ္ႏုိင္တာတစ္ခုက OnePlus က အခု OnePlus 6T မွာ Low Light Photography ကို အဆင့္ျမွင့္တင္ေပးႏုိင္တဲ့ Feature အသစ္တစ္ခုကို ထည့္သြင္းသြားမယ့္ပံုပါပဲ။ အခု Feature က Huawei ရဲ႕ Night Shot လုိမ်ိဳး ဓါတ္ပံု ၄ ပံုရုိက္ျပီး Long Exposure ပံုတစ္ခုအျဖစ္ေျပာင္းလဲမွာျဖစ္ဖုိ႔မ်ားေနပါတယ္။

OnePlus 6T

OnePlus 6T စမတ္ဖုန္းဟာ ပံုမွန္ Qualcomm Snapdragon 845 Processor ၊ 8GB RAM ေတြအျပင္ Under-Display Fingerprint ပါဝင္လာမွာျဖစ္ျပီးေတာ့ ယခု Low Light Camera ပိုင္းတုိးတက္မႈကလည္း Feature အသစ္ျဖစ္လာဖြယ္ရွိေနပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

OnePlus ကနေ အစောပိုင်းတုန်းက OnePlus 6T စမတ်ဖုန်းကို လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့မှာ မိတ်ဆက်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးမီက Apple ကနေ iPad Event ကို OnePlus ကျင်းပမယ့် New York မြို့မှာပဲ ပြုလုပ်မယ်လို့ ကြေညာလိုက်တဲ့အတွက် OnePlus အနေနဲ့ OnePlus 6T ကို တစ်ရက်စောပြီး အောက်တိုဘာလ ၂၉ ရက်ကို ရွေ့ပြောင်းလိုက်ရပါတယ်။

OnePlus 6T Night Shot

အခုအချိန်မှာတော့ OnePlus ရဲ့ CEO ဖြစ်တဲ့ Pete Lau ကနေ ပထမဆုံး OnePlus 6T ရဲ့ ဓါတ်ပုံကို ဖော်ပြခဲ့ပါတယ်။ အခုဓါတ်ပုံက တရုတ်နိုင်ငံ Shenzhen မြို့မှာ ညဘက်ရိုက်ကူးထားတဲ့ဓါတ်ပုံဖြစ်ပြီးတော့ Pete Lau က “Bring Your Own Filter” လို့ အဓိပ္ပါယ်ရတဲ့စာတန်းနဲ့ တင်ထားခဲ့တာဖြစ်ပါတယ်။

အခု OnePlus 6T ကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံကိုကြည့်မယ်ဆိုရင် တော်တော်လေးကို ကောင်းမွန်တဲ့ Color နဲ့ Contrast ကိုတွေ့ရမှာဖြစ်ပြီးတော့ လက်ရှိ Flagship စမတ်ဖုန်းတွေနဲ့တောင် ယှဉ်ပြိုင်နိုင်တဲ့စွမ်းဆောင်ရည်ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ဒါက ဖြစ်နိုင်တာတစ်ခုက OnePlus က အခု OnePlus 6T မှာ Low Light Photography ကို အဆင့်မြှင့်တင်ပေးနိုင်တဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းသွားမယ့်ပုံပါပဲ။ အခု Feature က Huawei ရဲ့ Night Shot လိုမျိုး ဓါတ်ပုံ ၄ ပုံရိုက်ပြီး Long Exposure ပုံတစ်ခုအဖြစ်ပြောင်းလဲမှာဖြစ်ဖို့များနေပါတယ်။

OnePlus 6T

OnePlus 6T စမတ်ဖုန်းဟာ ပုံမှန် Qualcomm Snapdragon 845 Processor ၊ 8GB RAM တွေအပြင် Under-Display Fingerprint ပါဝင်လာမှာဖြစ်ပြီးတော့ ယခု Low Light Camera ပိုင်းတိုးတက်မှုကလည်း Feature အသစ်ဖြစ်လာဖွယ်ရှိနေပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com