[Zawgyi] 
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
RAM 10GB ပါမယ်လို့ သတင်းထွက်လာပြီဖြစ်တဲ့ OnePlus 6T Limited Edtion
OnePlus က လာမယ့်ဒီဇင်ဘာ ၁၁ ရက်နေ့မှာ Event တစ်ခုကို ကျင်းပသွားဖို့ရှိနေပါတယ်။ အဲ့ဒီ Event မှာတော့ OnePlus 6T Limited Editon ကို ထုတ်ပြသွားမယ်လို့သိရပါတယ်။ 
OnePlus က UK ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ McLaren နဲ့ပူးပေါင်းလိုက်ပါပြီ။ သူတို့ရဲ့ F1 Team နဲ့တွဲပြီး OnePlus 6T Editon တစ်မျိုးကို ထုတ်ပြဖို့ စီစဉ်နေတာပါ။ အဲ့ဒီဖုန်းကတော့ Speed အတွက်ပဲ ဖန်တီးပေးထားတာဆိုတာကို #SalutetoSpeed ဆိုတဲ့ Hashtag က ဖော်ပြနေပါတယ်။ 
ဒီအတွက် သတင်းထပ်ပေါက်လာတာကတော့ OnePlus က အဲ့ဒီ Limited Edtion 6T မှာ RAM 10GB အထိထည့်ပေးလာမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ OnePlus 6T တွေကို RAM 6GB ဒါမှမဟုတ် 8GB ဆိုပြီး Version နှစ်မျိုးနဲ့ ထုတ်ပေးထားပါတယ်။ Storage အနေနဲ့တော့ 256GB က အများဆုံးဝယ်လို့ရမှာပါ။ အဲ့ဒီအပြင် Fast Charging ပိုင်းနဲ့ပတ်သက်ပြီးတော့လည်း OnePlus က ဘယ်လိုု Surprise တွေ သယ်လာဦးမလဲဆိုတာကို လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှပဲ သိနိုင်မှာပါ။ 
Ref: GSM Arena | Android Central
Min Than Htike (Akhayar)
www.akhayar.com