OnePlus 6T
OnePlus 6T
OnePlus 6T
OnePlus 6T
OnePlus 6T
OnePlus 6T
Ref : Phone Arena
Zawyè (Akhayar) 
www.akhayar.com
[UNICODE]
ဒီလထဲမှာ ထွက်ဖို့ကျန်နေသေးတဲ့ Flagship ဖုန်းတစ်လုံးဖြစ်တဲ့ OnePlus 6T စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ တခြားသော Flagship ဖုန်းတွေလိုမျိုး စျေးအရမ်းမကြီးဘဲ စွမ်းဆောင်ရည်မြင့်ဖုန်းတစ်ခုကို ကိုင်ချင်တဲ့သူတွေအတွက် စောင့်ဆိုင်းနေကြတဲ့ ဖုန်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ အခုအချိန်မှာတော့ OnePlus 6T စမတ်ဖုန်းကို တရားဝင်မိတ်ဆက်မယ့် အောက်တိုဘာလ ၂၉ ရက်နေ့အထိ စောင့်စရာမလိုဘဲ ဘာတွေပါဝင်လာမလဲဆိုတာကို သိနိုင်နေပြီဖြစ်ပါတယ်။
OnePlus 6T
ဘာကြောင့်လဲဆိုရင် OnePlus 6T ရဲ့ Specification တွေကို အတိအကျဖော်ပြထားတဲ့ Leak တစ်ခုထွက်လာပြီးတော့ Feature တစ်ခုချင်းစီကိုပါ အဓိကထားပြီး ဖော်ပြထားတဲ့ Marketing ဓါတ်ပုံတွေပါ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲ့ဒီအတွက် လောလောဆယ်မှာ OnePlus 6T ရဲ့ စျေးနှုန်းကလွဲရင် ကျန်တဲ့အချက်တွေအကုန်လုံးကို သိနိုင်နေပြီလို့တောင်ပြောလို့ရပါတယ်။
OnePlus 6T
အခုထွက်လာတဲ့သတင်းတွေအရ OnePlus 6T ဟာ 6.4″ Full HD+ AMOLED Display ပါဝင်လာပြီးတော့ OnePlus 6 စမတ်ဖုန်းထက် ပိုပြီးသေးငယ်တဲ့ Notch လည်းပါဝင်လာမှာဖြစ်ပါတယ်။ အဲ့ဒီအပြင် အကြမ်းခံနိုင်စွမ်းပိုပြီးမြင့်မားတဲ့ Gorilla Glass 6 ကို ပြောင်းလဲအသုံးပြုလာမှာလည်းဖြစ်ပါတယ်။
OnePlus 6T
ဒါပေမယ့် OnePlus 6T ရဲ့ အဓိက Highlight ဖြစ်လာမယ့် Feature ကတော့ Under-Display Fingerprint ဖြစ်ပြီးတော့ ယခင် OnePlus 6 လိုမျိုး Fingerprint Scanner ကို ဖုန်းရဲ့ နောက်ကျောဘက်မှာတွေ့ရမှာမဟုတ်တော့ဘဲ Display ရဲ့ အောက်မှာထည့်သွင်းလာမှာပဲဖြစ်ပါတယ်။
OnePlus 6T
Camera ပိုင်းမှာတော့ OnePlus 6T စမတ်ဖုန်းက ယခင် OnePlus စမတ်ဖုန်းတွေလိုမျိုးပဲ 16MP + 20MP Aperture f1.7 ရှိတဲ့ Dual Camera ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး Portrait Mode ၊ Super Slow-Mo Video ၊ Quick Capture Feature တွေပါဝင်လာမှာပါ။
OnePlus 6T
Performance ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 845 Processor ၊ RAM 6GB နဲ့ 8GB ပါဝင်မှာဖြစ်ပြီး Storage မှာတော့ 64GB နဲ့ 128GB အပြင် 256GB Storage ကိုပါ ထည့်သွင်းရောင်းချမယ်လို့ သိရပါတယ်။ Battery ပိုင်းမှာလည်း Improve ဖြစ်လာပြီး 3700mAh Battery ပါဝင်လာမှာပါ။ Software အနေနဲ့လည်း Android 9 Pie နဲ့ တခါတည်း ထွက်ရှိလာမှာဖြစ်ပါတယ်။
OnePlus 6T
OnePlus 6T စမတ်ဖုန်းဟာ လာမယ့်အောက်တိုဘာလ ၂၉ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး လာမယ့် နိုဝင်လာလ ပထမပတ်ထဲမှာစတင်ရောင်းချသွားမှာပဲဖြစ်ပါတယ်။
Ref : Phone Arena
Zawyè (Akhayar) 
www.akhayar.com