[Zawgyi]

OnePlus 6 ရဲ႕ T Version ျဖစ္လာတဲ့ 6T ကို New York မွာ မိတ္ဆက္ေပးလိုက္ပါၿပီ။ အျမင္သာဆံုး ေျပာင္းလဲသြားတာေတြကေတာ့ Design ျဖစ္ၿပီး ေနာက္ကြယ္မွာေတာ့ Software ပို္္င္းအတြက္ Feature အသစ္ေတြပါလာသလို Camera ပိုင္းမွာလည္း တိုးတက္လာတာေတြရွိပါတယ္။

New Design

ေျပာင္းလဲမႈေတြအေနနဲ႔ေတာ့
– Display ကို 6.41 Inches ျဖစ္ေအာင္ ပိုႀကီးေပးထားတယ္
– Display အတြက္ Corning Gorilla Glass 6 ကို သံုးေပးထားတယ္
– Notch ကိုလည္း ေသးေအာင္လုပ္ေပးထားတယ္
– Display ေအာက္က ေဘာင္ကိုလည္း ပိုပါးေအာင္ လုပ္ေပးထားတယ္
– In-display Fingerprint Sensor ကုိ ထည့္ေပးလာတယ္
– ပိုမ်ားတဲ့ 3700mAh Battery ကို ထည့္ေပးထားတယ္
– 3.5mm နားၾကတ္ေပါက္ ျဖဳတ္လိုက္တာ

In-Display Fingerprint Sensor

ေတာ္ေတာ္မ်ားမ်ား ေမွ်ာင္လင့္ထားသလို Stereo Speaker ၊ Wireless Charging နဲ႔ Always On Display ေတြကိုေတာ့ 6T မွာ ပါမလာခဲ့ပါဘူး။ ေနာက္ထုတ္မယ့္ OnePlus ဖုန္းေတြအတြက္ ခ်န္ထားတာလား မသည္းကြဲပါဘူး။ 6T မွာ ေျပာင္းလဲမႈေတြထဲ အသိသာဆံုးကေတာ့ Design ပါ။ ေနာက္ေက်ာဖက္က Fingerprint Scanner ကို ျဖဳတ္လိုက္သလို Display ကိုလည္း သိသိသာသာ ပိုႀကီးသြားေအာင္ လုပ္ေပးထားပါတယ္။ ေတာ္ေတာ္မ်ားမ်ား ျမင္ဖူးၿပီးသားျဖစ္တဲ့ Water-Drop Notch လို႔ေခၚတဲ့ Notch Design ကို ေျပာင္းသံုးေပးလာတာေၾကာင့္ OnePlus 6 ထက္ေတာ့ ပိုၿပီး ၾကည့္ေကာင္းသြားပါတယ္။

Optic AMOLED Display

Hardware Changes

Hardware ပိုင္းမွာေတာ့ တကယ္တမ္းေျပာင္းလဲသြားတာ နည္းပါတယ္။ Display က ပိုႀကီးလာေပမယ့္ Resolution ကေတာ့ OnePlus 6 အတိုင္း 2280 x 1080 ပဲ ရွိပါတယ္။ Optic AMOLED ပဲျဖစ္ၿပီး အခုထိ HDR အတြက္ ထည့္မေပးေသးပါဘူး။ Camera ပို္င္းမွာလည္း OnePlus 6 နည္းတူ 16MP ၊ f/1.7 နဲ႔ 20MP ၊ f/1.7 ေပါင္းထားတဲ့ Dual Camera ကိုပဲ သံုးထားတာပါ။ ဒါေပမယ့္ ပိုလာတာက AI Scene Detection ၊ Night Mode နဲ႔ Studio Lighting ဆိုတာေတြပါ။ ဒါေပမယ့္ Night Mode ကိုေတာ့ OnePlus 6 အတြက္လည္း Software Update ကေန ရေအာင္လုပ္ေပးသြားမယ္လို႔ ေၾကညာသြားပါေသးတယ္။ Selfie Camera မွာလည္း ေျပာင္းလဲမႈမရွိေပမယ့္ Feature အသစ္ေတြအျဖစ္ Studio Lighting နဲ႔ Face Retouching Feature ေတြကို ထည့္ေပးထားပါတယ္။

Performance

Processor and RAM

OnePlus T Series ေတြက ဒီအပိုင္းမွာ သိပ္ၿပီး Upgrade မရွိလို႔ အခု 6T မွာလည္္း OnePlus 6 ထက္မထူးပါဘူး။ Qualcomm Snapdragon 845 Chipset ၊ 6/8GB RAM ေတြကိုပဲ ေတြ႕ရပါတယ္။ ဒါေပမယ့္ Storage ကိုေတာ့ OnePlus 6 မွာလို 64GB မရွိေတာ့ဘဲ 128GB နဲ႔ 256GB ဆိုၿပီး ႏွစ္မ်ိဳးပဲ ေတြ႕ရပါေတာ့တယ္။

 

Oxygen OS on Android 9 Pie

Oxygen OS and Extras

Android 9 Pie နဲ႔ေပါင္းထားတဲ့ Oxygen OS ကိုလည္း OnePlus 6T အတြက္ အေသးစိတ္ ျပန္လုပ္ေပးထားတာေၾကာင့္ အျမင္ပိုင္းမွာေရာ သံုးရတဲ့အပိုင္းမွာပါ ပိုေကာင္းလာမွာပါ။ Gesture ပို္င္းမွာလည္း ပိုေကာင္းလာၿပီျဖစ္ပါတယ္။ 6T ကိုေတာ့ Midnight Black နဲ႔ Mirror Black ဆိုၿပီး အေရာင္ ၂ မ်ိဳးပဲ ဝယ္လို႔ရဦးမွာပါ။ ဘူးထဲမွာေတာ့ 3.5mm Headphone Jack အတြက္ USB-C Dongle ထည့္ေပးထားပါတယ္။

2 Colour Options

OnePlus 6T ကို 6/128GB ကို $549 ၊ 8/128GB ကို $579 နဲ႔ 8/256GB ကို $629 နဲ႔ ေရာင္းေပးသြားမယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံကိုလည္း မၾကာခင္ ဝင္လာမယ္လို႔ ယူဆရပါတယ္။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Design အသစ်နဲ့ထွက်လာပြီဖြစ်တဲ့ OnePlus 6T

OnePlus 6 ရဲ့ T Version ဖြစ်လာတဲ့ 6T ကို New York မှာ မိတ်ဆက်ပေးလိုက်ပါပြီ။ အမြင်သာဆုံး ပြောင်းလဲသွားတာတွေကတော့ Design ဖြစ်ပြီး နောက်ကွယ်မှာတော့ Software ပို်င်းအတွက် Feature အသစ်တွေပါလာသလို Camera ပိုင်းမှာလည်း တိုးတက်လာတာတွေရှိပါတယ်။

New Design

ပြောင်းလဲမှုတွေအနေနဲ့တော့
– Display ကို 6.41 Inches ဖြစ်အောင် ပိုကြီးပေးထားတယ်
– Display အတွက် Corning Gorilla Glass 6 ကို သုံးပေးထားတယ်
– Notch ကိုလည်း သေးအောင်လုပ်ပေးထားတယ်
– Display အောက်က ဘောင်ကိုလည်း ပိုပါးအောင် လုပ်ပေးထားတယ်
– In-display Fingerprint Sensor ကို ထည့်ပေးလာတယ်
– ပိုများတဲ့ 3700mAh Battery ကို ထည့်ပေးထားတယ်
– 3.5mm နားကြတ်ပေါက် ဖြုတ်လိုက်တာ

In-Display Fingerprint Sensor

တော်တော်များများ မျှောင်လင့်ထားသလို Stereo Speaker ၊ Wireless Charging နဲ့ Always On Display တွေကိုတော့ 6T မှာ ပါမလာခဲ့ပါဘူး။ နောက်ထုတ်မယ့် OnePlus ဖုန်းတွေအတွက် ချန်ထားတာလား မသည်းကွဲပါဘူး။ 6T မှာ ပြောင်းလဲမှုတွေထဲ အသိသာဆုံးကတော့ Design ပါ။ နောက်ကျောဖက်က Fingerprint Scanner ကို ဖြုတ်လိုက်သလို Display ကိုလည်း သိသိသာသာ ပိုကြီးသွားအောင် လုပ်ပေးထားပါတယ်။ တော်တော်များများ မြင်ဖူးပြီးသားဖြစ်တဲ့ Water-Drop Notch လို့ခေါ်တဲ့ Notch Design ကို ပြောင်းသုံးပေးလာတာကြောင့် OnePlus 6 ထက်တော့ ပိုပြီး ကြည့်ကောင်းသွားပါတယ်။

Optic AMOLED Display

Hardware Changes

Hardware ပိုင်းမှာတော့ တကယ်တမ်းပြောင်းလဲသွားတာ နည်းပါတယ်။ Display က ပိုကြီးလာပေမယ့် Resolution ကတော့ OnePlus 6 အတိုင်း 2280 x 1080 ပဲ ရှိပါတယ်။ Optic AMOLED ပဲဖြစ်ပြီး အခုထိ HDR အတွက် ထည့်မပေးသေးပါဘူး။ Camera ပိုင်းမှာလည်း OnePlus 6 နည်းတူ 16MP ၊ f/1.7 နဲ့ 20MP ၊ f/1.7 ပေါင်းထားတဲ့ Dual Camera ကိုပဲ သုံးထားတာပါ။ ဒါပေမယ့် ပိုလာတာက AI Scene Detection ၊ Night Mode နဲ့ Studio Lighting ဆိုတာတွေပါ။ ဒါပေမယ့် Night Mode ကိုတော့ OnePlus 6 အတွက်လည်း Software Update ကနေ ရအောင်လုပ်ပေးသွားမယ်လို့ ကြေညာသွားပါသေးတယ်။ Selfie Camera မှာလည်း ပြောင်းလဲမှုမရှိပေမယ့် Feature အသစ်တွေအဖြစ် Studio Lighting နဲ့ Face Retouching Feature တွေကို ထည့်ပေးထားပါတယ်။

Performance

Processor and RAM

OnePlus T Series တွေက ဒီအပိုင်းမှာ သိပ်ပြီး Upgrade မရှိလို့ အခု 6T မှာလည်း OnePlus 6 ထက်မထူးပါဘူး။ Qualcomm Snapdragon 845 Chipset ၊ 6/8GB RAM တွေကိုပဲ တွေ့ရပါတယ်။ ဒါပေမယ့် Storage ကိုတော့ OnePlus 6 မှာလို 64GB မရှိတော့ဘဲ 128GB နဲ့ 256GB ဆိုပြီး နှစ်မျိုးပဲ တွေ့ရပါတော့တယ်။

 

Oxygen OS on Android 9 Pie

Oxygen OS and Extras

Android 9 Pie နဲ့ပေါင်းထားတဲ့ Oxygen OS ကိုလည်း OnePlus 6T အတွက် အသေးစိတ် ပြန်လုပ်ပေးထားတာကြောင့် အမြင်ပိုင်းမှာရော သုံးရတဲ့အပိုင်းမှာပါ ပိုကောင်းလာမှာပါ။ Gesture ပိုင်းမှာလည်း ပိုကောင်းလာပြီဖြစ်ပါတယ်။ 6T ကိုတော့ Midnight Black နဲ့ Mirror Black ဆိုပြီး အရောင် ၂ မျိုးပဲ ဝယ်လို့ရဦးမှာပါ။ ဘူးထဲမှာတော့ 3.5mm Headphone Jack အတွက် USB-C Dongle ထည့်ပေးထားပါတယ်။

2 Colour Options

OnePlus 6T ကို 6/128GB ကို $549 ၊ 8/128GB ကို $579 နဲ့ 8/256GB ကို $629 နဲ့ ရောင်းပေးသွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကိုလည်း မကြာခင် ဝင်လာမယ်လို့ ယူဆရပါတယ်။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။