OnePlus 6T
OnePlus 6T dbrand skin
Zawyè (Akhayar) 
www.akhayar.com
[UNICODE]
ကိုယ့်ရဲ့ စမတ်ဖုန်းတွေကို အထိအခိုက်လည်းမခံချင်ဘူး၊ Cover လည်း မတပ်ချင်ဘူးဆိုရင် Skin တွေကပ်ထားတာက အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်မှာပါ။ အခုလိုမျိုး စမတ်ဖုန်းအတွက် Skin တွေကပ်တဲ့နေရာမှာ dbrand က လက်ရှိမှာအကောင်းဆုံး Brand တစ်ခုဆိုရင်လည်း မမှားပါဘူး။
အခုအချိန်မှာဆိုရင် dbrand က ပုံမှန်ရောင်းချနေတဲ့စမတ်ဖုနး်အတွက် မဟုတ်တဲ့ Skin တစ်ခုကို Pre-order လက်ခံနေပြီပဲဖြစ်ပါတယ်။ ဒါကတော့ ယနေ့ညမှ တရားဝင်မိတ်ဆက်ဖို့ရှိနေတဲ့ OnePlus 6T ပါ။
OnePlus 6T
dbrand ပဲ မှားယွင်းပြီး ကြော်ငြာမိနေသလား၊ တမင်ပဲပြုလုပ်နေသလားတော့ မသိပေမယ့် OnePlus 6T ရဲ့ နောက်ကျောဒီဇိုင်းကို အတိအကျ Website မှာ ဖော်ပြထားသလို Twitter Account မှာလည်း ကြော်ငြာခဲ့တာဖြစ်ပါတယ်။
OnePlus 6T dbrand skin
OnePlus ဟာ Apple Event ကြောင့် Launch Date ကို တစ်ရက်စောလိုက်ရတဲ့အတွက်ပဲ dbrand က တမင်လုပ်နေတာလား၊ ဒါမှမဟုတ် OnePlus ကပဲ ရည်ရွယ်ချက်ရှိရှိနဲ့ ကြော်ငြာခိုင်းတာလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။
Zawyè (Akhayar) 
www.akhayar.com