OnePlus 6T
OnePlus 6
စေျးပိုကြီးလာမယ်
OnePlus 6
Ref : Forbes
Zawyè (Akhayar) 
www.akhayar.com
[UNICODE]
OnePlus ကုမ္ပဏီဟာ စတင်ပြီးစျေးကွက်ထဲကိုဖုန်းတွေရောင်းချနေထဲက Flagship ဖုန်းတွေထက် ထက်ဝက်လောက်သက်သာတဲ့စျေးနှုန်းနဲ့ ရောင်းချခဲ့တဲ့အတွက် အချိန်တိုအတွင်းမှာ Flagship Killer ဆိုပြီး အောင်မြင်လာတဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုမကြာခင်ထွက်လာတော့မယ့် OnePlus 6T ဖုန်းမှာတော့ OnePlus ဟာ Flagship Killer ကနေ Flagship ဖုန်းဖြစ်လာဖို့ဦးတည်နေပါပြီ။
OnePlus 6T
အခုထွက်လာမယ့် OnePlus 6T စမတ်ဖုန်းဟာ ကြီးမားတဲ့အပြောင်းအလဲ ၃ ခုပါဝင်လာမှာဖြစ်ပြီးတော့ အခုအပြောင်းအလဲတွေကပဲ OnePlus 6T ကို လက်ရှိ Flagship Killer အဖြစ်သတ်မှတ်ခံထားရနေတာကနေ Flagship ဖုန်းဖြစ်လာဖို့များနေပါတယ်။ အခုအချက်တွေဟာ မှားယွင်းပြီး အသုံးပြုသူတွေဘက်က လက်ခံသွားတယ်ဆိုရင် OnePlus 6T အောင်မြင်ဖို့ကလည်း မကျိန်းသေတော့ပြန်ပါဘူး။
Under-Display Fingerprint ကိုပြောင်းလဲလိုက်ခြင်း
OnePlus ရဲ့ CEO Pete Lau ရဲ့ ပြောကြားချက်အရတော့ OnePlus က Under-Display Fingerprint ကို ထည့်သွင်းနိုင်ဖို့ကိုပြီးခဲ့တဲ့ OnePlus 5T ဖုန်းမှာထဲက ထည့်သွင်းဖို့ စိတ်ကူးနေခဲ့တာဖြစ်တယ်လို့ သိရပြီးတော့ အခု OnePlus 6T ဖုန်းမှာမှ စတင်ထည့်သွင်းလာတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာ Vivo နဲ့ OPPO လိုမျိုး စမတ်ဖုန်းကုမ္ပဏီတွေက Under-Display Fingerprint Scanner ကို ထည့်သွင်းနေကြတယ်ဆိုပေမယ့် တခြား Major စမတ်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Huawei ၊ Samsung နဲ့ Apple လိုမျိုး ကုမ္ပဏီတွေက Under-Display Fingerprint ကို အသုံးပြုခြင်းမရှိတဲ့အတွက် ဒီအချက်က OnePlus 6T ရဲ့ အားသာချက်ဖြစ်လာနိုင်ပါတယ်။
Headphone Jack ကို ဖြုတ်လိုက်ခြင်း
OnePlus 6
လက်ရှိ Flagship စမတ်ဖုန်းတွေထဲမှာ Headphone Jack ပါတဲ့ ဖုန်းတွေက တဖြည်းဖြည်းရှားပါးလာပါတယ်။ ဒါပေမယ့်လည်း ယခင်တုန်းက OnePlus က Headphone Jack တွေကို မဖြုတ်ဘူးဆိုပြီးတော့ တင်းခံနေပေမယ့်လည်း အခုအချိန်မှာတော့ OnePlus 6T မှာ Headphone Jack မပါတော့ဘူးဆိုတာ ကျိန်းသေသွားခဲ့ပါပြီ။
OnePlus ကတော့ အခုလိုမျိုး Headphone Jack ဖြုတ်လိုက်တဲ့အတွက် Under-Display Fingerprint ကို အသုံးပြုနိုင်တာသွားဖြစ်တယ်လို့ ပြောကြားခဲ့ပြီးတော့ Battery Capacity ကိုလည်း ပုံမှန်ထက်ပိုပြီးထည့်သွင်းနိုင်လာတယ်လို့ သိရပါတယ်။ လက်ရှိသိရတဲ့သတင်းတွေအရတော့ OnePlus 6T က 3730mAh Battery ပိုင်းပါဝင်လာမှာဖြစ်ပြီး ဒါက OnePlus 6T ထက်တောင် Battery ပိုကောင်းဦးမှာပါ။
စျေးပိုကြီးလာမယ်
OnePlus 6
လက်ရှိ Samsung Galaxy Note 9 ၊ iPhone XS လိုမျိုး ဖုန်းတွေက ဒေါ်လာ ၁၀၀၀ ဝန်းကျင်အထိရှိနေတဲ့ စမတ်ဖုန်းတွေပါ။ OnePlus ဟာ ယခင်တုန်းက Flagship Killer ဆိုပြီး စျေးနှုန်းပိုမိုသက်သာတဲ့စျေးနဲ့ ရောင်းချနေတယ်ဆိုပေမယ့် အခု OnePlus 6T ဟာ ကုမ္ပဏီရဲ့ စျေးအကြီးဆုံးဖုန်းဖြစ်လာဦးမှာပါ။ လက်ရှိသိရတဲ့ သတင်းတွေအရဆိုရင် OnePlus 6T က ဒေါ်လာ ၆၀၀ အထက်နဲ့ ရောင်းချမှာဖြစ်နေတဲ့အတွက် ဒီအောက်တိုဘာလမှာထွက်လာဦးမယ့် Google Pixel 3 နဲ့ iPhone XR ဖုန်းတွေရဲ့ စျေးနဲ့ကွာခြားမှုနည်းပါးသွားတဲ့အတွက် ရွေးချယ်ဖို့က ပိုပြီး အားနည်းလာမလားဆိုတာက စိတ်ဝင်စားစရာပါ။
Ref : Forbes
Zawyè (Akhayar) 
www.akhayar.com