OnePlus ကေန ဒီႏွစ္အတြက္ထုတ္လုပ္ခဲ့တဲ့ OnePlus 6 ဖုန္းဟာ ေလာေလာဆယ္မွာ ေစ်းႏႈန္းအရ $529 ကေန စတင္ခဲ့တာျဖစ္ျပီးေတာ့ တျခားေသာ စြမ္းေဆာင္ရည္တူ Flagship ဖုန္းေတြထက္ ေစ်းႏႈန္းသက္သာေနတဲ့အတြက္ ေရာင္းအားေကာင္းခဲ့တဲ့ စမတ္ဖုန္းတစ္ခုျဖစ္ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ OnePlus ကေန OnePlus 6T ဖုန္းကို ထုတ္လုပ္ေတာ့မွာျဖစ္ျပီးေတာ့ ေျပာင္းလဲမႈအမ်ားအျပားရွိလာေတာ့မွာပါ။

အခု OnePlus 6T ရဲ႕ ေျပာင္းလဲမႈေတြထဲက တစ္ခုကေတာ့ Under-Display Fingerprint Scanner ပါဝင္လာတာပဲျဖစ္ပါတယ္။ ယခင္တုန္းက ထြက္ရွိလာခဲ့တဲ့ OnePlus 6T ရဲ႕ Packaging Design အရ Under-Display Fingerprint ပါဝင္လာမယ္လုိ႔ ခန္႔မွန္းခ်က္ေတြထြက္ခဲ့ဖူးေပမယ့္ အခုအခ်ိန္မွာေတာ့ OnePlus ကိုယ္တုိင္က အတည္ျပဳလုိက္တာပဲျဖစ္ပါတယ္။

OnePlus 6T Screenshot

OnePlus ဟာ အခု Under-Display Fingerprint ပါလာမယ္ဆိုတာကို Screenshot ဓါတ္ပံုနဲ႔အတူ အတည္ျပဳခဲ့တာျဖစ္ျပီးေတာ့ အဆိုပါ ဓါတ္ပံုအရ Under-Display Fingerprint ေနရာအျပင္ ထူးျခားမႈအခ်ိဳ႕ကိုပါ ေတြ႕လာရပါတယ္။ အဲ့ဒါကေတာ့ အခ်ိန္က 11:00 နာရီ နဲ႔ လာမယ့္ေအာက္တုိဘာလ ၁၇ ရက္ေန႔ကို ေဖာ္ျပထားတာပဲျဖစ္ပါတယ္။ အျဖစ္ႏုိင္ဆံုးကေတာ့ အဆိုပါေန႔ဟာ OnePlus 6T ကို တရားဝင္ Launch လုပ္မယ့္ေန႔ျဖစ္ႏုိင္ပါတယ္။ OnePlus ကေတာ့ ဒီသတင္းအေပၚကို တရားဝင္အတည္ျပဳထားျခင္းမရွိေသးပါဘူး။

OnePlus 6

ေနာက္ထပ္ ထူးျခားမႈတစ္ခုက Battery Percentage ျဖစ္ျပီး 80% လုိ႔ ေဖာ္ျပထားတာပါ။ OnePlus ရဲ႕ လက္ရွိ Dash Charging ဟာ 0-60% ေလာက္ကို နာရီဝက္နဲ႔ အားသြင္းႏုိင္ေလာက္ေအာင္ ျမန္ဆန္ေနတာျဖစ္ေပမယ့္ တေလာက Amazon ေၾကာင့္ OnePlus ဟာ Dash Charging နာမည္ကို စြန္႔လႊတ္ခဲ့ရသလို OnePlus ကိုယ္တုိင္ကလည္း ပိုျပီးျမန္ဆန္တဲ့ Charging စနစ္ကို မိတ္ဆက္လာႏုိင္တယ္လုိ႔ သတင္းေတြထြက္ေနခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ နာရီဝက္ကို 80% အထိ အားသြင္းႏုိင္တဲ့ Fast Charging စနစ္အသစ္ကိုေတာင္ ေတြ႕လာရႏုိင္ပါတယ္။

အခုလုိမ်ိဳးေျပာင္းလဲမႈေတြအျပင္ OnePlus ဟာ လက္ရွိ OPPO နဲ႔ Vivo တုိ႔က ေဆာင္ရြက္ေနတဲ့ Waterdrop Notch ပံုစံ Notch အသစ္ကိုလည္း ထည့္သြင္းလာဦးမွာျဖစ္ပါတယ္။

Under-Display Fingerprint

OnePlus 6T ဖုန္းဟာ အခုလုိမ်ိဳး Under-Display Fingerprint ကို ထည့္သြင္းထားမယ့္အတြက္ ႏုိင္ငံတကာေစ်းကြက္မွာေရာင္းခ်ေနတဲ့ဖုန္းေတြထဲမွာ တျခားေသာ Samsung ၊ Sony ၊ Huawei နဲ႔ Apple စမတ္ဖုန္းေတြမဟုတ္တဲ့ တစ္ခုထဲေသာ စမတ္ဖုန္းျဖစ္လာမွာပါ။ OnePlus ကေတာ့ OnePlus 5T မွာထဲက အခုနည္းပညာကို ေဆာင္ရြက္ဖို႔ ၾကိဳးစားေနခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။ အခုလုိမ်ိဳး Under-Display Fingerprint Scanner ေၾကာင့္ OnePlus 6T ဟာ OnePlus 6 ထက္ 0.45mm ပိုျပီးထူလာမွာျဖစ္ပါတယ္။

Ref : CNET

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

OnePlus ကနေ ဒီနှစ်အတွက်ထုတ်လုပ်ခဲ့တဲ့ OnePlus 6 ဖုန်းဟာ လောလောဆယ်မှာ စျေးနှုန်းအရ $529 ကနေ စတင်ခဲ့တာဖြစ်ပြီးတော့ တခြားသော စွမ်းဆောင်ရည်တူ Flagship ဖုန်းတွေထက် စျေးနှုန်းသက်သာနေတဲ့အတွက် ရောင်းအားကောင်းခဲ့တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ OnePlus ကနေ OnePlus 6T ဖုန်းကို ထုတ်လုပ်တော့မှာဖြစ်ပြီးတော့ ပြောင်းလဲမှုအများအပြားရှိလာတော့မှာပါ။

အခု OnePlus 6T ရဲ့ ပြောင်းလဲမှုတွေထဲက တစ်ခုကတော့ Under-Display Fingerprint Scanner ပါဝင်လာတာပဲဖြစ်ပါတယ်။ ယခင်တုန်းက ထွက်ရှိလာခဲ့တဲ့ OnePlus 6T ရဲ့ Packaging Design အရ Under-Display Fingerprint ပါဝင်လာမယ်လို့ ခန့်မှန်းချက်တွေထွက်ခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ OnePlus ကိုယ်တိုင်က အတည်ပြုလိုက်တာပဲဖြစ်ပါတယ်။

OnePlus 6T Screenshot

OnePlus ဟာ အခု Under-Display Fingerprint ပါလာမယ်ဆိုတာကို Screenshot ဓါတ်ပုံနဲ့အတူ အတည်ပြုခဲ့တာဖြစ်ပြီးတော့ အဆိုပါ ဓါတ်ပုံအရ Under-Display Fingerprint နေရာအပြင် ထူးခြားမှုအချို့ကိုပါ တွေ့လာရပါတယ်။ အဲ့ဒါကတော့ အချိန်က 11:00 နာရီ နဲ့ လာမယ့်အောက်တိုဘာလ ၁၇ ရက်နေ့ကို ဖော်ပြထားတာပဲဖြစ်ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ အဆိုပါနေ့ဟာ OnePlus 6T ကို တရားဝင် Launch လုပ်မယ့်နေ့ဖြစ်နိုင်ပါတယ်။ OnePlus ကတော့ ဒီသတင်းအပေါ်ကို တရားဝင်အတည်ပြုထားခြင်းမရှိသေးပါဘူး။

OnePlus 6

နောက်ထပ် ထူးခြားမှုတစ်ခုက Battery Percentage ဖြစ်ပြီး 80% လို့ ဖော်ပြထားတာပါ။ OnePlus ရဲ့ လက်ရှိ Dash Charging ဟာ 0-60% လောက်ကို နာရီဝက်နဲ့ အားသွင်းနိုင်လောက်အောင် မြန်ဆန်နေတာဖြစ်ပေမယ့် တလောက Amazon ကြောင့် OnePlus ဟာ Dash Charging နာမည်ကို စွန့်လွှတ်ခဲ့ရသလို OnePlus ကိုယ်တိုင်ကလည်း ပိုပြီးမြန်ဆန်တဲ့ Charging စနစ်ကို မိတ်ဆက်လာနိုင်တယ်လို့ သတင်းတွေထွက်နေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် နာရီဝက်ကို 80% အထိ အားသွင်းနိုင်တဲ့ Fast Charging စနစ်အသစ်ကိုတောင် တွေ့လာရနိုင်ပါတယ်။

အခုလိုမျိုးပြောင်းလဲမှုတွေအပြင် OnePlus ဟာ လက်ရှိ OPPO နဲ့ Vivo တို့က ဆောင်ရွက်နေတဲ့ Waterdrop Notch ပုံစံ Notch အသစ်ကိုလည်း ထည့်သွင်းလာဦးမှာဖြစ်ပါတယ်။

Under-Display Fingerprint

OnePlus 6T ဖုန်းဟာ အခုလိုမျိုး Under-Display Fingerprint ကို ထည့်သွင်းထားမယ့်အတွက် နိုင်ငံတကာစျေးကွက်မှာရောင်းချနေတဲ့ဖုန်းတွေထဲမှာ တခြားသော Samsung ၊ Sony ၊ Huawei နဲ့ Apple စမတ်ဖုန်းတွေမဟုတ်တဲ့ တစ်ခုထဲသော စမတ်ဖုန်းဖြစ်လာမှာပါ။ OnePlus ကတော့ OnePlus 5T မှာထဲက အခုနည်းပညာကို ဆောင်ရွက်ဖို့ ကြိုးစားနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး Under-Display Fingerprint Scanner ကြောင့် OnePlus 6T ဟာ OnePlus 6 ထက် 0.45mm ပိုပြီးထူလာမှာဖြစ်ပါတယ်။

Ref : CNET

Zawyè (Akhayar) 

www.akhayar.com