



OnePlus 6



OnePlus 6


Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Android ဖုန်းတွေမှာ System Update လုပ်မယ်ဆိုပြီး Update ကို Download ဆွဲပြီးတိုင်း ဖုန်းက Restart ကျသွားပြီး Update လုပ်ပြီးဖို့ကို အချိန် ၁၅ မိနစ်၊ နာရီဝက်လောက်ထိ စောင့်ဆိုင်းနေရတာကို ကြုံဖူးပါသလား?

Google Pixel Seamless Update

Google က အခုလိုမျိုး Update ပြုလုပ်တဲ့အချိန်မှာ Restart ကျသွားပြီး စောင့်ဆိုင်းနေရတာကို ဖြေရှင်းပေးခဲ့ပြီးပဲဖြစ်ပါတယ်။ အခုလိုဖြေရှင်းတာက Seamless Update ပြုလုပ်ပြီး ဖြေရှင်းခဲ့တာဖြစ်ပြီးတော့ Update File ကို Download ပြုလုပ်ပြီးတဲ့အချိန်မှာ Restart ကျသွားပြီး Install ပြုလုပ်မှာမဟုတ်ပဲ တခါတည်း Install ပြုလုပ်နေပြီးတော့ Update ပြုလုပ်ပြီးမှ ပုံမှန်အတိုင်း Restart ချလိုက်ရုံပဲဖြစ်ပါတယ်။

ဒါပေမယ့် Google က အခုလိုမျိုး Update ပြုလုပ်တဲ့အချိန်မှာ Restart ကျတဲ့ကြာချိန်ကို Seamless Update စနစ်နဲ့ ဖြေရှင်းခဲ့ပေမယ့် တစ်ခုအားနည်းချက်က Google Pixel ဖုန်းတွေနဲ့ Stock Android အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကလွဲရင် Support ပြုလုပ်ခြင်းမရှိတာပဲဖြစ်ပါတယ်။

OnePlus 6

အခုအချိန်မှာတော့ OnePlus ကနေ နောက်ဆုံးထွက်ရှိထားတဲ့ OnePlus 6 စမတ်ဖုန်းက အခု Google ရဲ့ Seamless Update ကို Support ပြုလုပ်တဲ့ Stock Android အသုံးပြုတာမဟုတ်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာပြီပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် OnePlus 6 စမတ်ဖုန်းကို အသုံးပြုနေတယ်ဆိုရင် Update Download ဆွဲပြီးတိုင်း Install လုပ်ဖို့ Restart ကျသွားတာကို ကြာမြင့်စွာစောင့်ဆိုင်းနေရတော့မှာမဟုတ်ပါဘူး။ OnePlus ကိုယ်တိုင်ကလည်း System Update တွေကို လျှင်မြန်စွာပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက် OnePlus 6 ဟာလည်း အခု Seamless Update Feature နဲ့ System Update တွေကို မြန်မြန်ဆန်ဆန်ရရှိလာဖို့ ရှိပါတယ်။

OnePlus 6

OnePlus 6 ဖုန်းက Google Pixel ဖုန်းတွေအပြင် Android P Beta Preview ကို အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတစ်ခုလည်းဖြစ်ပါသေးတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com