OnePlus 6 မှာ Notch ကို မကြိုက်ရင် Hide ထားလို့ရမည်
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
OnePlus ကုမ္ပဏီဟာ မကြာခင်မှာ OnePlus 6 စမတ်ဖုန်းကို ကြေငြာတော့မှာပဲဖြစ်ပါတယ်။ OnePlus ဟာ အစတုန်းက OnePlus 6 စမတ်ဖုန်းမှာ Display ကို Notch ထည့်သွင်းထားမယ်လို့ပြောထားခဲ့ပေမယ့် အသုံးပြုသူတွေက အခုုလိုမျိုး Notch ပါဝင်လာမှာကို ကြိုက်နှစ်သက်တဲ့ပုံမပေါ်ပါဘူး။
အဲ့ဒီအတွက် OnePlus Fan တွေကိုယ်တိုင်က OnePlus Forum နဲ့ Co-Founder Carl Pei တို့ရဲ့ Personal Twitter Account တွေမှာ Notch ကို မကြိုက်တဲ့အကြောင်း Negative Comments တွေအများအပြားပေးခဲ့ပါတယ်။ အဲ့ဒီအတွက် အခုအချိန်မှာတော့ OnePlus ရဲ့ CEO Pete Lau ကိုယ်တိုင်က Notch နဲ့ ပတ်သတ်ပြီး Feedback ပြန်ပေးခဲ့ပါတယ်။
Pete Lau ရဲ့ ပြောကြားချက်အရတော့ OnePlus 6 စမတ်ဖုန်းက Notch Bar ပါဝင်လာမှာဖြစ်ပေမယ့် Software ထဲမှာ အဆိုပါ Notch ရဲ့ ဘေးဘက်နှစ်ဖက်ကို အမည်းရောင်ဖြစ်သွားအောင်ပြောင်းလဲပေးပြီး Notch ရှိနေမှန်း မသိသာအောင်လုပ်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် OnePlus 6 စမတ်ဖုန်းက အခုလိုမျိုး Notch ကို Hide လုပ်လို့ရတဲ့ Function ကို ဖုန်းထွက်ရှိတဲ့အချိန်မှာတော့ ရရှိဦးမှာမဟုတ်ပဲ နောက်ပိုင်းမှသာ Software Update ကနေ ရရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။ Huawei က ထုတ်လုပ်ခဲ့တဲ့ P20 နဲ့ P20 Pro စမတ်ဖုန်းတွေမှာလည်း အလားတူ Notch ကို Hide ထားလို့ ရတဲ့ Function ပါဝင်မှာဖြစ်ပါတယ်။
OnePlus 6 စမတ်ဖုန်းက Qualcomm Snapdragon 845 Processor ၊ RAM 8GB နဲ့ Storage 256GB ပါဝင်လာမယ်ဆိုတာ သေချာသွားပြီဖြစ်ပြီး ဒီလကုန်နောက်ပိုင်းမှာ တရားဝင်ကြေငြာနိုင်လောက်ပါတယ်။
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com