
OnePlus 6 Design



OnePlus 6 Design



Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

OnePlus ကနေ အခုအချိန်မှာ OnePlus 6 စမတ်ဖုန်းကို မကြာခင်မှာ မိတ်ဆက်ဖို့ ရှိနေပါတယ်။ အခုအချိန်မှာတော့ OnePlus ရဲ့ CEO ဖြစ်တဲ့ Pete Lau ကနေ OnePlus 6 ရဲ့ ဒီဇိုင်းအသစ်အကြောင်းကို OnePlus Forum မှာ Blog တစ်ခုရေးသားပြီး ဖော်ပြခဲ့ပါတယ်။

OnePlus 6 Design

OnePlus CEO ရဲ့ Blog Post ကို “Our Approach to Honest Design” လို့ နာမည်ပေးထားခဲ့ပြီး OnePlus ရဲ့ ပထမဆုံးဖုန်းဖြစ်တဲ့ OnePlus One ဖုန်းရဲ့ Sandstone Back Cover ကနေ အခုနောက်ပိုင်း OnePlus စမတ်ဖုန်းတွေမှာ ဘာကြောင့် Metal Body ကို အသုံးပြုလာသလဲဆိုတာအထိပြောကြားခဲ့တာပဲဖြစ်ပါတယ်။

နောက်ပြီးတော့ အခုမကြာခင်ထွက်ရှိလာတော့မယ့် OnePlus 6 စမတ်ဖုန်းမှာတော့ OnePlus က Glass Body ကိုပဲ အသုံးပြုမယ်လို့ ပြောကြားခဲ့ပြီးတော့ အခုအချိန်မှာ OnePlus က ပထမဆုံးသော Glass Body နဲ့ စမတ်ဖုန်းမဟုတ်ပေမယ့် Build Quality ပိုင်းမှာတော့ ထိပ်တန်းအဆင့်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

OnePlus 6 Design

OnePlus ကတော့ အခု OnePlus 6 ရဲ့ Design ကိုရလာဖို့အတွက် Prototype ပေါင်း ၇၀ ကျော်ထဲကနေ ရွေးချယ်ထားတာဖြစ်ပြီးတော့ လုံးဝကို Premium ဆန်ပြီး စစ်မှန်တဲ့ Hand Feeling ရရှိမယ်လို့ Pete Lau ကတော့ ပြောကြားခဲ့ပါတယ်။

OnePlus 6 ဟာ Waterproof Feature ပါလာမယ်ဆိုတာကို အတည်ပြုခဲ့ပြီး Display မှာ Notch ပါလာမယ်ဆိုတာကိုလည်း အတည်ပြုပြီးခဲ့ပါတယ်။ ဒါပေမယ့် အခုလိုမျိုး Glass Body က Wireless Charging ကို ရလာနိုင်မလားဆိုတာကတော့ ဆက်ပြီးစောင့်ကြည့်ရမှာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com