


OnePlus 5T


Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

စမတ်ဖုန်းတွေမှာ Water Resistant လို့ ပြောလို့ရတဲ့ မတော်တဆရေစိုခံနိုင်အောင် ပြုလုပ်ထားတဲ့ Feature က ယခင် Sony ဖုန်းတွေကနေစတင်ခဲ့တာဖြစ်ပြီးတော့ အခုဆဆိုရင် Flagship စမတ်ဖုန်းအကုန်လုံးနီးပါးမှာ Water Resistant Feature တွေပါဝင်လာပြီဖြစ်ပါတယ်။

အခုကတော့ Flagship Killer လို့ လူသိများတဲ့ OnePlus ကနေ မကြာခင်ထွက်ရှိတော့မယ့် OnePlus 6 စမတ်ဖုန်းကလည်း ရေစိုခံနိုင်မယ်ဆိုတာကို သူရဲ့ Social Media မှာ တင်ပြီး ကြော်ငြာခဲ့ပါတယ်။

OnePlus စမတ်ဖုန်းတွေဟာ အခြားသော Flagship စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် ဈေးပိုသက်သာနေတဲ့အတွက် Wireless Charging နဲ့ Water Resistant လိုမျိုး Feature တွေက အရင် OnePlus ဖုန်းတွေမှာထည့်သွင်းပေးထားခြင်းမရှိတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ OnePlus 6 မှာ Water Resistant Feature ပါလာတာက ကောင်းတဲ့ပြောင်းလဲမှုတစ်ခုလို့ ပြောရမှာပါ။

OnePlus 5T

OnePlus 6 စမတ်ဖုန်းဟာ Qualcomm Snapdragon 845 Processor ၊ 8GB RAM ၊ 256GB Storage ပါဝင်မှာဖြစ်ပြီး 6.28″ AMOLED Display ၊ 3450mAh Battery နဲ့ 16MP + 20MP Dual Camera ပါဝင်လာမယ့် စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com