
OnePlus 5T

OnePlus 5T




Ref : PhoneArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

OnePlus ကုမ္ပဏီဟာ Apple iPhone တွေပြီးရင် လက်ရှိအချိန်မှာ တစ်ခုတည်းသော ဖုန်းကို Silent ၊ Vibrate နဲ့ Ringer တွေကို ပြောင်းလဲနိုင်တဲ့ Alert Slider ကို ထည့်သွင်းထုတ်လုပ်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒါပေမယ့် OnePlus က အခုထုတ်လုပ်တော့မယ့် OnePlus 6 စမတ်ဖုန်းမှာ Alert Slider ကို ဖုန်းကို Silent လုပ်ဖို့ထက် ပိုတဲ့ Features တွေကို ထည့်သွင်းတော့မယ့်ပုံပါပဲ။

OnePlus 5T

OnePlus 5T

OnePlus က အခုအချိန်မှာ OnePlus 6 အတွက် ကြော်ငြာ Teaser တွေကို စတင်ပြီး သူတို့ရဲ့ Twitter ၊ Facebook Account တွေမှာ လွှတ်တင်နေပြီဖြစ်ပြီးတော့ အခုအချိန်မှာ “Slide to Focus with the Alert Slider” ဆိုပြီးတော့ Teaser Video တစ်ခုကို ထပ်မံတင်ထားခဲ့ပါတယ်။ အခု Video မှာ OnePlus ဖုန်းတွေအတိုင်းမှာပါဝင်သလိုပဲ Silent ၊ Ringer နဲ့ Do Not Disturb ဆိုပြီး အဆင့် ၃ ဆင့်ကို ပြသသွားပြီးတော့ အခုလို Slide to Focus လို့ နာမည်ပေးထားတဲ့အတွက် ကင်မရာ Focus ကိုပါ Alert Slider နဲ့ ပြုလုပ်လာနိုင်မလားဆိုတာက စဉ်းစားစရာပါ။

OnePlus ကိုယ်တိုင်က ပြီးခဲ့တဲ့ရက်တုန်းကလည်း Gestures နဲ့ ပတ်သတ်ပြီး Teaser Video တစ်ခုကို Twitter Account မှာတင်ခဲ့ပြီးတော့ Application Multitasking နဲ့ အခြားသော Back ၊ Recent တွေအတွက် Gesture ပုံစံအသစ်ကို မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

OnePlus 6 စမတ်ဖုန်းက Qualcomm Snapdragon 845 Processor ၊ RAM 8GB နဲ့ Storage 256GB အထိပါဝင်မှာဖြစ်ပြီးတော့ လက်ရှိမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖုန်းတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းကတော့ အရင် OnePlus ဖုန်းတွေလိုမျိုး ဒေါ်လာ ၅၀၀ ဝန်းကျင်မှာပဲရှိမလားဆိုတာကတော့ မသေချာသေးပါဘူး။

Ref : PhoneArena

Zawyè (Akhayar) 

www.akhayar.com