OnePlus 6 အတွက် Teaser Video ပေါ်ထွက်လာပြီ
Ref : GSMArena
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Flagship Killer ကြီး OnePlus ကတော့ ဒီတစ်ခါမှာ ဒီနှစ်အတွက် ပထမဆုံး OnePlus 6 စမတ်ဖုန်းကို ကြေငြာတော့မှာပါ။ အစပိုင်းတုန်းက OnePlus 6 ကို ဇွန်လမှ ထွက်လာမယ်လို့ ယူဆထားကြပေမယ့်် အခုအချိန်မှာတော့ Teaser Video ထွက်ပေါ်လာပြီဖြစ်တဲ့အတွက် တရားဝင်ကြေငြာဖို့ အချိန်မကြာလောက်တော့ပါဘူး။
OnePlus 6 က ဒီတစ်ခါမှာတော့ “The Speed You Need” ဆိုတဲ့ စာတန်းကို အဓိကပြောသွားတာဖြစ်ပြီး “6” ဆိုတဲ့စာလုံးကိုတော့ နောက်ဆုံးမှာထည့်သွားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် OnePlus 6 က ဒီတစ်ခါမှာတော့ အရင်တုန်းက OnePlus ဖုန်းတွေလိုမျိုးပဲ အခြားသော Flagship ဖုန်းတွေထက်တောင် စွမ်းဆောင်ရည်ကောင်းနေဦးမယ်လို့ ယူဆရပါတယ်။
OnePlus ရဲ့ CEO Carl Pei ကတော့ OnePlus 6 ဟာ Qualcomm Snapdragon 845 Processor ကို အသုံးပြုလာမှာဖြစ်သလို Display မှာလည်း Notch ပါဝင်လာမယ်လို့ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။
OnePlus 6 က ဈေးနှုန်းအနေနဲ့လည်း လက်ရှိ OnePlus ဖုန်းတွေထဲမှာ ဈေးအကြီးဆုံးဖြစ်လာမှာဖြစ်ပြီးတော့ ဒေါ်လာ ၆၀၀ အထက်ရှိလာနိုင်တယ်လို့ ယူဆထားကြပါတယ်။
Ref : GSMArena
Zawyè (Akhayar)