OnePlus ကုမၸဏီဟာ ယခင္က Flagship စမတ္ဖုန္းေတြနဲ႔ တူညီတဲ့ Specifications ေတြကို ပိုျပီး ေစ်းသက္သာတဲ့ စမတ္ဖုန္းေတြကို ထုတ္လုပ္ေနတဲ့အတြက္ Flagship Killer ဆုိျပီး လူသိမ်ားတဲ့ ဖုန္းကုမၸဏီတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ အခုေနာက္ပိုင္းမွာ OnePlus က ထုတ္လုပ္တဲ့ ဖုန္းေစ်းေတြက ပိုျပီး ျမင့္မားလာျပီး Flagship Killer ကေန Flagship ဖုန္းေတြျဖစ္လာပါတယ္။

OnePlus 6

အခုေနာက္ဆံုးထုတ္လုပ္ထားတဲ့ OnePlus 6 စမတ္ဖုန္းဆိုရင္ ေစ်းႏႈန္းအေနနဲ႔ ၅၂၉ ေဒၚလာ ကေန စတင္တာျဖစ္တဲ့အတြက္ တျခား Flagship ဖုန္းေတြထက္ ေစ်းသက္သာတယ္ဆုိေပမယ့္ OnePlus က ထုတ္တဲ့ဖုန္းေတြထဲမွာ ပထမဆံုးအေနနဲ႔ ေဒၚလာ ၅၀၀ ေက်ာ္လာတဲ့ ဖုန္းတစ္ခုျဖစ္ပါတယ္။

OnePlus 6

ဒါေပမယ့္အခုလုိမ်ိဳး ေစ်းၾကီးလာေပမယ့္ OnePlus 6 က ယခင္ OnePlus က ထုတ္လုပ္ခဲ့ဖူးတဲ့ စမတ္ဖုန္းေတြထက္ေတာင္ ေရာင္းအားေကာင္းေနပါေသးတယ္။ OnePlus ရဲ႕ တရားဝင္ေၾကညာခ်က္အရ OnePlus 6 စမတ္ဖုန္းဟာ ထြက္ရွိျပီး ၂၂ ရက္အၾကာမွာ စမတ္ဖုန္း အလံုးေရ ၁ သန္းေရာင္းခ်ထားျပီးျပီလုိ႔ သိရပါတယ္။ ယခုပမာဏဟာ OnePlus အတြက္ေတာ့ OnePlus 6 က ကုမၸဏီရဲ႕ အျမန္ဆံုးေရာင္းခ်ေနရတဲ့ စမတ္ဖုန္းတစ္ခုျဖစ္လာပါတယ္။

အခုလုိမ်ိဳး OnePlus 6 စမတ္ဖုန္းအလံုးေရ ၁ သန္းေရာင္းခ်ရျပီးတာက တျခားေသာ Samsung ၊ Apple လုိမ်ိဳး ကုမၸဏီၾကီးေတြနဲ႔ ယွဥ္မယ္ဆုိရင္ေတာ့ ေသးငယ္တဲ့ပမာဏတစ္ခုေပမယ့္ OnePlus လုိမ်ိဳး ကုမၸဏီေသးတစ္ခုအေနနဲ႔ကေတာ့ ဒါက ရလဒ္ေကာင္းတစ္ခုလုိ႔ေျပာရမွာပါ။ ႏႈိင္းယွဥ္ရရင္ Google ရဲ႕ Pixel ဖုန္းေတြေတာင္ ျပီးခဲ့တဲ့ ၂၀၁၇ တစ္ႏွစ္လံုးေရာင္းအားက ၃.၉ သန္းပဲရွိခဲ့တဲ့အတြက္ အခု OnePlus 6 ကို ၂၂ အတြင္း အလံုးေရ ၁ သန္းေရာင္းထားႏုိင္တာက OnePlus ကုမၸဏီအတြက္ေတာ့ အားတက္စရာပါ။

Ref : CNET

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

OnePlus ကုမ္ပဏီဟာ ယခင်က Flagship စမတ်ဖုန်းတွေနဲ့ တူညီတဲ့ Specifications တွေကို ပိုပြီး ဈေးသက်သာတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်နေတဲ့အတွက် Flagship Killer ဆိုပြီး လူသိများတဲ့ ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ OnePlus က ထုတ်လုပ်တဲ့ ဖုန်းဈေးတွေက ပိုပြီး မြင့်မားလာပြီး Flagship Killer ကနေ Flagship ဖုန်းတွေဖြစ်လာပါတယ်။

OnePlus 6

အခုနောက်ဆုံးထုတ်လုပ်ထားတဲ့ OnePlus 6 စမတ်ဖုန်းဆိုရင် ဈေးနှုန်းအနေနဲ့ ၅၂၉ ဒေါ်လာ ကနေ စတင်တာဖြစ်တဲ့အတွက် တခြား Flagship ဖုန်းတွေထက် ဈေးသက်သာတယ်ဆိုပေမယ့် OnePlus က ထုတ်တဲ့ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ ဒေါ်လာ ၅၀၀ ကျော်လာတဲ့ ဖုန်းတစ်ခုဖြစ်ပါတယ်။

OnePlus 6

ဒါပေမယ့်အခုလိုမျိုး ဈေးကြီးလာပေမယ့် OnePlus 6 က ယခင် OnePlus က ထုတ်လုပ်ခဲ့ဖူးတဲ့ စမတ်ဖုန်းတွေထက်တောင် ရောင်းအားကောင်းနေပါသေးတယ်။ OnePlus ရဲ့ တရားဝင်ကြေညာချက်အရ OnePlus 6 စမတ်ဖုန်းဟာ ထွက်ရှိပြီး ၂၂ ရက်အကြာမှာ စမတ်ဖုန်း အလုံးရေ ၁ သန်းရောင်းချထားပြီးပြီလို့ သိရပါတယ်။ ယခုပမာဏဟာ OnePlus အတွက်တော့ OnePlus 6 က ကုမ္ပဏီရဲ့ အမြန်ဆုံးရောင်းချနေရတဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာပါတယ်။

အခုလိုမျိုး OnePlus 6 စမတ်ဖုန်းအလုံးရေ ၁ သန်းရောင်းချရပြီးတာက တခြားသော Samsung ၊ Apple လိုမျိုး ကုမ္ပဏီကြီးတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ သေးငယ်တဲ့ပမာဏတစ်ခုပေမယ့် OnePlus လိုမျိုး ကုမ္ပဏီသေးတစ်ခုအနေနဲ့ကတော့ ဒါက ရလဒ်ကောင်းတစ်ခုလို့ပြောရမှာပါ။ နှိုင်းယှဉ်ရရင် Google ရဲ့ Pixel ဖုန်းတွေတောင် ပြီးခဲ့တဲ့ ၂၀၁၇ တစ်နှစ်လုံးရောင်းအားက ၃.၉ သန်းပဲရှိခဲ့တဲ့အတွက် အခု OnePlus 6 ကို ၂၂ အတွင်း အလုံးရေ ၁ သန်းရောင်းထားနိုင်တာက OnePlus ကုမ္ပဏီအတွက်တော့ အားတက်စရာပါ။

Ref : CNET

Zawyè (Akhayar) 

www.akhayar.com