OnePlus 6
OnePlus 6 SIM Tray
OnePlus 6
Ref : PhoneArena
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
OnePlus 6 စမတ်ဖုန်းဟာ အခုဆိုရင် ထွက်ရှိလာတာ အချိန်တစ်ခုရှိသွားပြီဖြစ်ပြီးတော့ မြန်မာနိုင်ငံဈေးကွက်ထဲကိုလည်း ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နာမည်ကြီး Teardown Website တစ်ခုဖြစ်တဲ့ iFixit ကနေ OnePlus 6 ကို Teardown ပြုလုပ်ပြီးတဲ့အချိန်မှာတော့ မမျှော်လင့်တဲ့အရာတစ်ခုကို တွေ့လာရပါတယ်။
OnePlus 6
အဲ့ဒါကတော့ OnePlus ကိုယ်တိုင်က OnePlus 6 စမတ်ဖုန်းက Splash Resistant အဆင့်ပဲ ရှိပြီးတော့ သာမန်မတော်တဆ မိုးရေစိုတာလောက်ပဲ ခံနိုင်မှာဖြစ်ပြီးတော့ တရားဝင်ရေဘယ်လောက်စိုခံတယ်ဆိုပြီး IP Rating တွေမရှိသေးဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
OnePlus 6 SIM Tray
ဒါပေမယ့် အခု iFixit ရဲ့ Teardown အရတော့ OnePlus 6 စမတ်ဖုန်းက သာမန်ထက် ရေစိုခံနေတယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် SIM Card Tray ကိုလည်း ရေစိုခံနိုင်အောင် Rubber Gasket ဖြစ်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် OnePlus 6 ဖုန်းကအတွင်းပိုင်းမှာလည်း ရေစိုခံနိုင်တဲ့ တခြားစမတ်ဖုန်းတွေလိုမျိုးပဲ Safeguard တွေနဲ့ Black Silicon Seals တွေပါဝင်နေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် IP Rating မပါဝင်ပေမယ့် သာမန် ရေစိုမခံတဲ့ စမတ်ဖုန်းတွေထက်တော့ သိသိသာသာကို ရေစိုခံနေမှာပါ။
OnePlus 6 Circuit board
ဘာပဲဖြစ်ဖြစ် အခုလိုမျိုး iFixit Teardown အရ OnePlus 6 ဖုန်းက သာမန်မိုးတွင်းမှာတော့ ရေစိုမှာကို စိတ်ပူစရာမလိုပဲ အသုံးပြုနိုင်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့်လည်း IP Rating ပါဝင်တဲ့ စမတ်ဖုန်းတွေလောက်တော့ စိတ်ချထားလို့မရတာကိုတော့ သတိထားရမှာပါ။
OnePlus 6
OnePlus 6 စမတ်ဖုန်းက Qualcomm Snapdragon 845 Processor ၊ RAM 6GB ဒါမှမဟုတ် 8GB နဲ့ Storage ကိုလည်း 64GB ၊ 128GB နဲ့ 256GB ရွေးချယ်နိုင်တဲ့အတွက် လက်ရှိမှာ စွမ်းဆောင်ရည်အကောင်းဆုံး ဖုန်းတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်လာတာပဲဖြစ်ပါတယ်။
Ref : PhoneArena
Zawyè (Akhayar) 
www.akhayar.com