[Zawgyi]

လာမယ့္ ၁၇ ရက္ေန႔မွာ မိ္တ္ဆက္ေတာ့မယ့္ OnePlus 6 ရဲ႕ ဓာတ္ပံုေတြ Twitter မွာ ျပန္႔ေနပါတယ္။ /LEAKS ဆိုတဲ့ Account မွာ OnePlus 6 အနက္ေရာင္ကို တင္ထားတာေတြ႕ရပါတယ္။

 

အခုပံုထဲက OnePlus 6 ကေတာ့ အတိအက်ျဖစ္တယ္လို႔ ယူဆလို႔ရပါတယ္။ လြန္ခဲ့တဲ့ ရက္အနည္းငယ္ကလည္း အိႏိၵယသ႐ုပ္ေဆာင္မင္းသားႀကီး Amitabh Bachchan နဲ႔ OnePlus CEO Pete Lau တို႔ ႏွစ္ေယာက္အတူ စကားေျပာေနခ်ိန္ လက္ထဲမွာကိုင္ထားတဲ့ ဖုန္းေတြက OnePlus 6 ေတြျဖစ္ေနလို႔ပါ။ အခု Twitter မွာထြက္လာတဲ့ ပံုေတြနဲ႔လည္း အတိအက်တူေနတာေၾကာင့္ OnePlus 6 ရဲ႕ Design ကို အတည္ျပဳလို႔ရပါၿပီ။ 

OnePlus 6 က ပထမဦးဆံုး Wireless Charging ပါလာမယ့္ OnePlus ဖုန္းလည္းျဖစ္မွာပါ။ Specs ေတြကေတာ့ Flagship ဖုန္းတစ္လံုးျဖစ္တာေၾကာင့္ Qualcomm Snapdragon 845 Chipset နဲ႔အတူ 6 GB RAM ကိုေတြ႕ရမွာျဖစ္တယ္လို႔ သတင္းေတြထြက္ထားပါတယ္။ Diaplay ကိုေတာ့ Full HD+ Resolution ကိုအသံုးျပဳထားၿပီး Samsung ရဲ႕ OLED ကိုပဲသံုးထားမယ္လို႔ ယူဆရပါတယ္။ 

OnePlus 6 Leak

OnePlus Fan ေတြၾကားမွာေတာ့ သတင္းေတြ၊ ဓာတ္ပံုေပါက္ၾကားတာေတြေၾကာင့္ စိတ္ဝင္စားမႈပိုမ်ားလာပါတယ္။ ေနာက္ထပ္ ရက္အနည္းငယ္ပဲလိုေသးတာေၾကာင့္ သတင္းေပါက္တာေတြကေတာ့ ဒီၾကားထဲမွာ ထပ္ၿပီးျဖစ္လာႏိုင္ပါေသးတယ္။ ေရာင္းခ်မယ့္ေစ်းက $500 ျဖစ္မယ္လို႔ သတင္းထြက္ထားတာေၾကာင့္ အျခားဖုန္းေတြထက္ေတာ့ ေစ်းသက္သာေသးတယ္လို႔ ေျပာလို႔ရပါေသးတယ္။ အခ်က္အလက္ အေသးစိတ္အတိအက်ကိုေတာ့ ပြဲေန႔မွာပဲသိရမွာျဖစ္တာေၾကာင့္ လာမယ့္ ၁၇ ရက္ေန႔မွာ Akhayar ပရိတ္သတ္ႀကီးနဲ႔အတူ ေစာင့္ၾကည့္ရမွာပါ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မိတ်ဆက်ဖို့ ရက်ပိုင်းအလိုမှာ OnePlus 6 ရဲ့ဓာတ်ပုံတွေ Twitter မှာသတင်းပေါက်ကြားလာ

လာမယ့် ၁၇ ရက်နေ့မှာ မိတ်ဆက်တော့မယ့် OnePlus 6 ရဲ့ ဓာတ်ပုံတွေ Twitter မှာ ပြန့်နေပါတယ်။ /LEAKS ဆိုတဲ့ Account မှာ OnePlus 6 အနက်ရောင်ကို တင်ထားတာတွေ့ရပါတယ်။

 

အခုပုံထဲက OnePlus 6 ကတော့ အတိအကျဖြစ်တယ်လို့ ယူဆလို့ရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း အိန္ဒိယသရုပ်ဆောင်မင်းသားကြီး Amitabh Bachchan နဲ့ OnePlus CEO Pete Lau တို့ နှစ်ယောက်အတူ စကားပြောနေချိန် လက်ထဲမှာကိုင်ထားတဲ့ ဖုန်းတွေက OnePlus 6 တွေဖြစ်နေလို့ပါ။ အခု Twitter မှာထွက်လာတဲ့ ပုံတွေနဲ့လည်း အတိအကျတူနေတာကြောင့် OnePlus 6 ရဲ့ Design ကို အတည်ပြုလို့ရပါပြီ။ 

OnePlus 6 က ပထမဦးဆုံး Wireless Charging ပါလာမယ့် OnePlus ဖုန်းလည်းဖြစ်မှာပါ။ Specs တွေကတော့ Flagship ဖုန်းတစ်လုံးဖြစ်တာကြောင့် Qualcomm Snapdragon 845 Chipset နဲ့အတူ 6 GB RAM ကိုတွေ့ရမှာဖြစ်တယ်လို့ သတင်းတွေထွက်ထားပါတယ်။ Diaplay ကိုတော့ Full HD+ Resolution ကိုအသုံးပြုထားပြီး Samsung ရဲ့ OLED ကိုပဲသုံးထားမယ်လို့ ယူဆရပါတယ်။ 

OnePlus 6 Leak

OnePlus Fan တွေကြားမှာတော့ သတင်းတွေ၊ ဓာတ်ပုံပေါက်ကြားတာတွေကြောင့် စိတ်ဝင်စားမှုပိုများလာပါတယ်။ နောက်ထပ် ရက်အနည်းငယ်ပဲလိုသေးတာကြောင့် သတင်းပေါက်တာတွေကတော့ ဒီကြားထဲမှာ ထပ်ပြီးဖြစ်လာနိုင်ပါသေးတယ်။ ရောင်းချမယ့်ဈေးက $500 ဖြစ်မယ်လို့ သတင်းထွက်ထားတာကြောင့် အခြားဖုန်းတွေထက်တော့ ဈေးသက်သာသေးတယ်လို့ ပြောလို့ရပါသေးတယ်။ အချက်အလက် အသေးစိတ်အတိအကျကိုတော့ ပွဲနေ့မှာပဲသိရမှာဖြစ်တာကြောင့် လာမယ့် ၁၇ ရက်နေ့မှာ Akhayar ပရိတ်သတ်ကြီးနဲ့အတူ စောင့်ကြည့်ရမှာပါ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။