



Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

OnePlus စမတ်ဖုန်းကုမ္ပဏီဟာ အခုနောက်ပိုင်း Flagship Killer ဖုန်းကုမ္ပဏီအနေနဲ့ လူသိများလာတာပဲဖြစ်ပါတယ်။ OnePlus ဟာ များသောအားဖြင့် တနှစ်ကို ဖုန်း ၂ မျိုး ထုတ်လုပ်တတ်ပြီး အခုလည်း မကြာခင်မှာ OnePlus 6 စမတ်ဖုန်းအသစ်ကို ထုတ်လုပ်တော့မှာပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ OnePlus ကနေ အသစ်ထွက်ရှိလာမယ့် OnePlus 6 စမတ်ဖုန်းရဲ့ နောက်ကျောဒီဇိုင်းကို နာမည်ကြီး Leak ပြုလုပ်သူတစ်ဦးဖြစ်တဲ့ Evan Blass ကနေ သူရဲ့ Twitter Account မှာ ဖော်ပြလိုက်ပြီပဲဖြစ်ပါတယ်။ အခုဓါတ်ပုံအရ OnePlus 6 စမတ်ဖုန်းဟာ လက်ရှိ OnePlus ဖုန်းတွေလိုပဲ Metal Body ကိုပဲအသုံးပြုလာမှာဖြစ်ပါတယ်။ Headphone Jack လည်း ပါဝင်လာဦးမှာပါ။

ဒါပေမယ့် OnePlus 6 မှာ ကြီးမားတဲ့ပြောင်းလဲမှုအချို့ရှိလာနိုင်ပြီးတော့ အဲ့ဒါကတော့ Silver Color အရောင်နဲ့ ပြန်လည်ထုတ်လုပ်မယ့်အပြင် DBrand Skin ပုံစံမျိုး Finish တစ်ခုပါ ပါဝင်လာဖို့ရှိနေပါတယ်။ Fingerprint Sensor ကိုလည်း ပြောင်းလဲထားပြီး ယခင်ကထက်ပိုပြီး သေးငယ်သွားတာကို တွေ့ရပါတယ်။ Dual Camera ကိုလည်း ဒေါင်လိုက်ထားတာကို တွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus 6 ဖုန်းကတော့ Oppo ဖုန်းတွေနဲ့ တူညီတဲ့ Body ပုံစံကိုပဲ သုံးလာမှာမဟုတ်လောက်ပါဘူး။ ဒါပေမယ့် Display မှာကတော့ Notch ပါဝင်လာမယ်လို့ ယူဆရပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com