OnePlus ကေန မၾကာေသးခင္က မိတ္ဆက္သြားတဲ့ OnePlus 6T စမတ္ဖုန္းကို ကင္မရာပိုင္းမွာ OnePlus 6 နဲ႔ တူညီတဲ့ကင္မရာစနစ္ကုိပဲ အသံုးျပဳသြားခဲ့ေပမယ့္ Camera Feature အသစ္ေတြကို ထည့္သြင္းလာခဲ့ပါတယ္။ အခု Feature အသစ္ေတြကေတာ့ Nightscape Mode နဲ႔ Studio Lighting Effect ေတြပဲျဖစ္ပါတယ္။

OnePlus 6T

OnePlus 6T မွာပါဝင္လာတဲ့ Nightscape Mode ဟာ လက္ရွိ Huawei ရဲ႕ Flagship စမတ္ဖုန္းေတြမွာပါဝင္တဲ့ Night Mode နဲ႔ Google Pixel 3 ဖုန္းမွာ ရရွိလာမယ့္ Night Sight လုိ Feature ေတြနဲ႔ ယွဥ္တူျပီး ၂ စကၠန္႔ၾကာဖုန္းကို ကိုင္ထားရုံနဲ႔ 5 Seconds Long Exposure ဓါတ္ပံုကို ရုိက္ကူးျပီး ညဘက္ Low Light ပံုေတြကို ပိုျပီးေကာင္းမြန္ေအာင္ေဆာင္ရြက္ေပးမွာပဲျဖစ္ပါတယ္။

OnePlus 6T Nightscape

ေနာက္ထပ္ Studio Lighting Effect ကေတာ့ အထူးသျဖင့္ Portrait ဓါတ္ပံုေတြရုိက္ကူးတဲ့အခ်ိန္မွာ Lighting ကို ႏွစ္သက္သလုိ ခ်ိန္ညွိႏုိင္တာပဲျဖစ္ပါတယ္။ အခု Feature ကေတာ့ တျခားေသာ စမတ္ဖုန္းမွာလည္း ရရွိေနတဲ့ Feature တစ္ခုျဖစ္တဲ့အတြက္ OnePlus အေနနဲ႔ ေနာက္ေတာင္က်ေနတယ္လုိ႔ ေျပာလုိ႔ရပါတယ္။

OnePlus 6T Camera

ဘာပဲျဖစ္ျဖစ္ အခု OnePlus ကေန 6T မွာ ထည့္သြင္းေပးလုိက္တဲ့ အခု Camera Feature အသစ္ ၂ ခုကို အသံုးျပဳဖုိ႔အတြက္ OnePlus 6T ကို က်ိန္းေသဝယ္ယူဖို႔လုိအပ္မွာမဟုတ္ဘဲ OnePlus 6 အသံုးျပဳေနတဲ့သူေတြအတြက္လည္း Software Update ကေန ရရွိလာမွာျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ OnePlus 6 အတြက္ Open Beta 6 Update ထြက္ရွိလာျပီး အဆုိပါ Beta Version Update မွာ ယခု Camera Feature အသစ္ ၂ ခုပါ ပါဝင္လာတယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ OnePlus 6T မွာလုိပဲ UI ပိုင္းတုိးတက္မႈေတြနဲ႔ ေျပာင္းလဲမႈအမ်ားအျပားရရွိလာမွာျဖစ္ပါတယ္။

ဒါေပမယ့္ အခု System Update ဟာ Open Beta အသံုးျပဳေနတဲ့သူေတြအတြက္ပဲရရွိဦးမွာျဖစ္ျပီးေတာ့ Stable Update က ဘယ္အခ်ိန္ရရွိမလဲဆိုတာကုိေတာ့ ေျပာၾကားထားျခင္းမရွိေသးပါဘူး။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

OnePlus ကနေ မကြာသေးခင်က မိတ်ဆက်သွားတဲ့ OnePlus 6T စမတ်ဖုန်းကို ကင်မရာပိုင်းမှာ OnePlus 6 နဲ့ တူညီတဲ့ကင်မရာစနစ်ကိုပဲ အသုံးပြုသွားခဲ့ပေမယ့် Camera Feature အသစ်တွေကို ထည့်သွင်းလာခဲ့ပါတယ်။ အခု Feature အသစ်တွေကတော့ Nightscape Mode နဲ့ Studio Lighting Effect တွေပဲဖြစ်ပါတယ်။

OnePlus 6T

OnePlus 6T မှာပါဝင်လာတဲ့ Nightscape Mode ဟာ လက်ရှိ Huawei ရဲ့ Flagship စမတ်ဖုန်းတွေမှာပါဝင်တဲ့ Night Mode နဲ့ Google Pixel 3 ဖုန်းမှာ ရရှိလာမယ့် Night Sight လို Feature တွေနဲ့ ယှဉ်တူပြီး ၂ စက္ကန့်ကြာဖုန်းကို ကိုင်ထားရုံနဲ့ 5 Seconds Long Exposure ဓါတ်ပုံကို ရိုက်ကူးပြီး ညဘက် Low Light ပုံတွေကို ပိုပြီးကောင်းမွန်အောင်ဆောင်ရွက်ပေးမှာပဲဖြစ်ပါတယ်။

OnePlus 6T Nightscape

နောက်ထပ် Studio Lighting Effect ကတော့ အထူးသဖြင့် Portrait ဓါတ်ပုံတွေရိုက်ကူးတဲ့အချိန်မှာ Lighting ကို နှစ်သက်သလို ချိန်ညှိနိုင်တာပဲဖြစ်ပါတယ်။ အခု Feature ကတော့ တခြားသော စမတ်ဖုန်းမှာလည်း ရရှိနေတဲ့ Feature တစ်ခုဖြစ်တဲ့အတွက် OnePlus အနေနဲ့ နောက်တောင်ကျနေတယ်လို့ ပြောလို့ရပါတယ်။

OnePlus 6T Camera

ဘာပဲဖြစ်ဖြစ် အခု OnePlus ကနေ 6T မှာ ထည့်သွင်းပေးလိုက်တဲ့ အခု Camera Feature အသစ် ၂ ခုကို အသုံးပြုဖို့အတွက် OnePlus 6T ကို ကျိန်းသေဝယ်ယူဖို့လိုအပ်မှာမဟုတ်ဘဲ OnePlus 6 အသုံးပြုနေတဲ့သူတွေအတွက်လည်း Software Update ကနေ ရရှိလာမှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ OnePlus 6 အတွက် Open Beta 6 Update ထွက်ရှိလာပြီး အဆိုပါ Beta Version Update မှာ ယခု Camera Feature အသစ် ၂ ခုပါ ပါဝင်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် OnePlus 6T မှာလိုပဲ UI ပိုင်းတိုးတက်မှုတွေနဲ့ ပြောင်းလဲမှုအများအပြားရရှိလာမှာဖြစ်ပါတယ်။

ဒါပေမယ့် အခု System Update ဟာ Open Beta အသုံးပြုနေတဲ့သူတွေအတွက်ပဲရရှိဦးမှာဖြစ်ပြီးတော့ Stable Update က ဘယ်အချိန်ရရှိမလဲဆိုတာကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com