OnePlus စမတ္ဖုန္းေတြဟာ လက္ရွိအခ်ိန္မွာ System Update အျမန္ဆံုးေသာစမတ္ဖုန္းေတြအျဖစ္လူသိမ်ားျပီးသားျဖစ္ပါတယ္။ OnePlus ရဲ႕ ကိုယ္ပိုင္ Oxygen OS ဟာ Pure Android ကို အနည္းငယ္သာ မြမ္းမံထားေပမယ့္ တျခား Custom UI ေတြနဲ႔မတူဘဲ System Update ကို အျမန္ဆံုးရရွိေနတာပါ။

OnePlus 6 Android Pie Update

အခုလည္း OnePlus ကေန ေနာက္ဆံုးထုတ္လုပ္ထားတဲ့ OnePlus 6 စမတ္ဖုန္းအတြက္ မၾကာေသးခင္က Android Version 9.0 ကို အေျခခံထားတဲ့ Open Beta ကို ထုတ္ေပးခဲ့ပါေသးတယ္။ အဆိုပါ Android Pie Update ဟာ Google ရဲ႕ Pixel ဖုန္းေတြမဟုတ္တဲ့ ဖုန္းတစ္ခုအတြက္ အေစာဆံုးရရွိတဲ့ Update လည္းျဖစ္ပါတယ္။ ဒါေပမယ့္ အဆိုပါ Update ဟာ Beta Version ျဖစ္ေနတဲ့အတြက္ Stable Oxygen OS တင္ထားတဲ့သူေတြအတြက္မဟုတ္ခဲ့ပါဘူး။

OnePlus Android Pie Update

အခုအခ်ိန္မွာေတာ့ OnePlus ကေန ပံုမွန္ Stable Oxygen OS ကို အသံုးျပဳေနတဲ့ OnePlus 6 User ေတြအတြက္ Android Pie Update ကို ထုတ္ေပးလုိက္ျပီျဖစ္ပါတယ္။ အခု Android 9.0 Pie Update နဲ႔အတူ Oxygen OS Number ကိုလည္း လက္ရွိ 5.x.x ကေန Oxygen OS 9.0 ဆုိျပီး ေျပာင္းလဲေခၚဆုိခဲ့ပါေသးတယ္။

အခု OnePlus 6 အတြက္ Oxygen OS 9.0 တျဖစ္လဲ Android 9.0 Pie Update မွာ Android Pie ရဲ႕ Gesture အသစ္ပါဝင္လာသလို Adaptive Battery Feature လည္း ပါဝင္လာျပီျဖစ္ပါတယ္။ Do Not Disturb Mode ကိုလည္း ေျပာင္းလဲထားသလုိ Gaming Mode ကိုလည္း Version 3.0 ကို အဆင့္ျမွင့္တင္လာခဲ့ပါတယ္။

OnePlus 6

ဘာပဲျဖစ္ျဖစ္ System Update ကို အေစာဆံုးရတဲ့ေနရာမွာေတာ့ OnePlus ကို လိုက္မွီဖုိ႔က တျခားစမတ္ဖုန္းထုတ္လုပ္သူေတြအေနနဲ႔ ေတာ္ေတာ္ၾကိဳးစားရဦးမွာပါ။

Ref : GSMAreana

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

OnePlus စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ System Update အမြန်ဆုံးသောစမတ်ဖုန်းတွေအဖြစ်လူသိများပြီးသားဖြစ်ပါတယ်။ OnePlus ရဲ့ ကိုယ်ပိုင် Oxygen OS ဟာ Pure Android ကို အနည်းငယ်သာ မွမ်းမံထားပေမယ့် တခြား Custom UI တွေနဲ့မတူဘဲ System Update ကို အမြန်ဆုံးရရှိနေတာပါ။

OnePlus 6 Android Pie Update

အခုလည်း OnePlus ကနေ နောက်ဆုံးထုတ်လုပ်ထားတဲ့ OnePlus 6 စမတ်ဖုန်းအတွက် မကြာသေးခင်က Android Version 9.0 ကို အခြေခံထားတဲ့ Open Beta ကို ထုတ်ပေးခဲ့ပါသေးတယ်။ အဆိုပါ Android Pie Update ဟာ Google ရဲ့ Pixel ဖုန်းတွေမဟုတ်တဲ့ ဖုန်းတစ်ခုအတွက် အစောဆုံးရရှိတဲ့ Update လည်းဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Update ဟာ Beta Version ဖြစ်နေတဲ့အတွက် Stable Oxygen OS တင်ထားတဲ့သူတွေအတွက်မဟုတ်ခဲ့ပါဘူး။

OnePlus Android Pie Update

အခုအချိန်မှာတော့ OnePlus ကနေ ပုံမှန် Stable Oxygen OS ကို အသုံးပြုနေတဲ့ OnePlus 6 User တွေအတွက် Android Pie Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု Android 9.0 Pie Update နဲ့အတူ Oxygen OS Number ကိုလည်း လက်ရှိ 5.x.x ကနေ Oxygen OS 9.0 ဆိုပြီး ပြောင်းလဲခေါ်ဆိုခဲ့ပါသေးတယ်။

အခု OnePlus 6 အတွက် Oxygen OS 9.0 တဖြစ်လဲ Android 9.0 Pie Update မှာ Android Pie ရဲ့ Gesture အသစ်ပါဝင်လာသလို Adaptive Battery Feature လည်း ပါဝင်လာပြီဖြစ်ပါတယ်။ Do Not Disturb Mode ကိုလည်း ပြောင်းလဲထားသလို Gaming Mode ကိုလည်း Version 3.0 ကို အဆင့်မြှင့်တင်လာခဲ့ပါတယ်။

OnePlus 6

ဘာပဲဖြစ်ဖြစ် System Update ကို အစောဆုံးရတဲ့နေရာမှာတော့ OnePlus ကို လိုက်မှီဖို့က တခြားစမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ တော်တော်ကြိုးစားရဦးမှာပါ။

Ref : GSMAreana

Zawyè (Akhayar) 

www.akhayar.com