
OnePlus 6




Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

OnePlus ကနေအခုနောက်ဆုံးအနေနဲ့ OnePlus 6 စမတ်ဖုန်းကို ထုတ်လုပ်ထားပြီးတော့ အခုအချိန်မှာ အရောင်တွေအနေနဲ့ Midnight Black ၊ Mirror Black နဲ့ Silk White ဆိုတဲ့ အရောင်တွေထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ နောက်ထပ်အရောင်အသစ်ကို မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။

OnePlus 6

OnePlus က ပြီးခဲ့တဲ့ ရက်ပိုင်းထဲက နောက်ထပ်အရောင်အသစ်တစ်ခုကို မိတ်ဆက်သွားမယ်ဆိုတာကို Teaser Video တစ်ခုနဲ့ တင်ထားခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာတော့ ကုမ္ပဏီရဲ့ တရားဝင် Forum မှာပဲ ကြေညာလိုက်တာဖြစ်ပါတယ်။ အခုအရောင်အသစ်ကို OnePlus 5T လိုမျိုး Lava Red လိုမျိုး နာမည်ပေးထားတာမဟုတ်ပဲ ဒီအတိုင်း “Red” လို့ပဲ နာမည်ပေးထားတာဖြစ်ပါတယ်။

အခု OnePlus 6 Red စမတ်ဖုန်းကို ထုတ်ရတာက မနှစ်ကထွက်ရှိခဲ့တဲ့ OnePlus 5T Lava Red ကအောင်မြင်ခဲ့တာကြောင့် ထပ်ပြီး ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့လည်း OnePlus က ပြောကြားခဲ့ပါသေးတယ်။

အခု OnePlus 6 Red Color ကို RAM 8GB ၊ Storage 128GB နဲ့ပဲ ရောင်းချသွားမှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့လည်း ပုံမှန် OnePlus 6 စမတ်ဖုန်းနဲ့ တူညီတဲ့ ၅၇၉ ဒေါ်လာနဲ့ လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာ စတင်ပြီးတော့ ရောင်းချသွားတော့မှာဖြစ်ပါတယ်လို့ သိရပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com