OnePlus စမတ္ဖုန္းကေန ယေန႔ ေမလ ၁၆ ရက္ေန႔ ၂၀၁၈ မွာ ယခုႏွစ္အတြက္ စမတ္ဖုန္းအသစ္ျဖစ္တဲ့ OnePlus 6 စမတ္ဖုန္းကို တရားဝင္ေၾကညာေတာ့မွာပဲျဖစ္ပါတယ္။ OnePlus ရဲ႕ စမတ္ဖုန္းေတြက စြမ္းေဆာင္ရည္ပိုင္းအရ အေကာငး္ဆံုးေသာ စမတ္ဖုန္းေတြလုိ႔ သတ္မွတ္ခံထားရသလုိ ေစ်းႏႈန္းအရလည္း တျခား Flagship စမတ္ဖုန္းေတြထက္ ေစ်းသက္သာတဲ့အတြက္ လူၾကိဳက္မ်ားလာတာလည္း ျဖစ္ပါတယ္။

အခုထြက္လာမယ့္ OnePlus 6 စမတ္ဖုန္းက OnePlus ရဲ႕ ၈ လံုးေျမာက္ စမတ္ဖုန္းျဖစ္လာျပီး ဒီႏွစ္ရဲ႕ Flagship စမတ္ဖုန္းေတြျဖစ္တဲ့ Samsung Galaxy S9 ၊ Huawei P20 Pro ၊ Sony XZ2 ၊ LG G7 ThinQ ေတြနဲ႔ အဓိကယွဥ္ျပိဳင္သြားမွာပါ။ လက္ရွိသိထားရတဲ့သတင္းေတြအရေတာ့ OnePlus 6 စမတ္ဖုန္းက Qualcomm Snapdragon 845 Processor ၊ 8GB RAM နဲ႔ 256GB Storage ေတြပါဝင္လာမယ့္အတြက္ Specifications ပိုင္းအရေတာ့ အေကာင္းဆံုးျဖစ္ေနမယ္လုိ႔ ယူဆရပါတယ္။

အခုအခ်ိန္ထြက္ရွိလာတဲ့ ဒီဇုိင္းေတြအရေတာ့ OnePlus 6 က Glass Design ကို အသံုးျပဳလာမွာျဖစ္ျပီးေတာ့ Display မွာလည္း Notch ပါဝင္လာမယ္လုိ႔ သိရပါတယ္။ ကင္မရာအေနနဲ႔ OnePlus 5 တုန္းက စတင္ခဲ့သလုိပဲ 16MP + 20MP Dual Camera ပါဝင္လာျပီးေတာ့ ယခင္ထက္ပိုျပီး ေကာင္းမြန္လာမယ္လုိ႔ ယူဆရပါတယ္။

ဒီႏွစ္မွာေတာ့ OnePlus 6 စမတ္ဖုန္းက ဒီဇုိင္းေတြအကုန္နီးပါး ေပါက္ၾကားလာခဲ့ျပီျဖစ္တဲ့အတြက္ ဒီည ဆယ္နာရီခြဲမွာ က်င္းပမယ့္ Launch Event က စိတ္ဝင္စားဖုိ႔ သိပ္မေကာင္းေတာ့ေပမယ့္လည္း OnePlus က ဘယ္လုိမ်ိဳး Features ေတြမိတ္ဆက္လာမလဲဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

OnePlus 6 စမတ္ဖုန္းကို ဒီည Launch Event ၾကည့္ခ်င္တယ္ဆုိရင္ေတာ့ အခု Link ကေန ၾကည့္ႏုိင္မွာျဖစ္ပါတယ္။ Facebook နဲ႔ YouTube မွာလည္း OnePlus ရဲ႕ Page နဲ႔ Channel ေတြကေန ၾကည့္ရႈႏုိင္မယ္လုိ႔ ယူဆရပါတယ္။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

OnePlus စမတ်ဖုန်းကနေ ယနေ့ မေလ ၁၆ ရက်နေ့ ၂၀၁၈ မှာ ယခုနှစ်အတွက် စမတ်ဖုန်းအသစ်ဖြစ်တဲ့ OnePlus 6 စမတ်ဖုန်းကို တရားဝင်ကြေညာတော့မှာပဲဖြစ်ပါတယ်။ OnePlus ရဲ့ စမတ်ဖုန်းတွေက စွမ်းဆောင်ရည်ပိုင်းအရ အကောင်းဆုံးသော စမတ်ဖုန်းတွေလို့ သတ်မှတ်ခံထားရသလို ဈေးနှုန်းအရလည်း တခြား Flagship စမတ်ဖုန်းတွေထက် ဈေးသက်သာတဲ့အတွက် လူကြိုက်များလာတာလည်း ဖြစ်ပါတယ်။

အခုထွက်လာမယ့် OnePlus 6 စမတ်ဖုန်းက OnePlus ရဲ့ ၈ လုံးမြောက် စမတ်ဖုန်းဖြစ်လာပြီး ဒီနှစ်ရဲ့ Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S9 ၊ Huawei P20 Pro ၊ Sony XZ2 ၊ LG G7 ThinQ တွေနဲ့ အဓိကယှဉ်ပြိုင်သွားမှာပါ။ လက်ရှိသိထားရတဲ့သတင်းတွေအရတော့ OnePlus 6 စမတ်ဖုန်းက Qualcomm Snapdragon 845 Processor ၊ 8GB RAM နဲ့ 256GB Storage တွေပါဝင်လာမယ့်အတွက် Specifications ပိုင်းအရတော့ အကောင်းဆုံးဖြစ်နေမယ်လို့ ယူဆရပါတယ်။

အခုအချိန်ထွက်ရှိလာတဲ့ ဒီဇိုင်းတွေအရတော့ OnePlus 6 က Glass Design ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Display မှာလည်း Notch ပါဝင်လာမယ်လို့ သိရပါတယ်။ ကင်မရာအနေနဲ့ OnePlus 5 တုန်းက စတင်ခဲ့သလိုပဲ 16MP + 20MP Dual Camera ပါဝင်လာပြီးတော့ ယခင်ထက်ပိုပြီး ကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။

ဒီနှစ်မှာတော့ OnePlus 6 စမတ်ဖုန်းက ဒီဇိုင်းတွေအကုန်နီးပါး ပေါက်ကြားလာခဲ့ပြီဖြစ်တဲ့အတွက် ဒီည ဆယ်နာရီခွဲမှာ ကျင်းပမယ့် Launch Event က စိတ်ဝင်စားဖို့ သိပ်မကောင်းတော့ပေမယ့်လည်း OnePlus က ဘယ်လိုမျိုး Features တွေမိတ်ဆက်လာမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

OnePlus 6 စမတ်ဖုန်းကို ဒီည Launch Event ကြည့်ချင်တယ်ဆိုရင်တော့ အခု Link ကနေ ကြည့်နိုင်မှာဖြစ်ပါတယ်။ Facebook နဲ့ YouTube မှာလည်း OnePlus ရဲ့ Page နဲ့ Channel တွေကနေ ကြည့်ရှုနိုင်မယ်လို့ ယူဆရပါတယ်။

Zawyè (Akhayar) 

www.akhayar.com