
OnePlus 6


OnePlus 6 DxOMark



OnePlus 6


Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

OnePlus ကုမ္ပဏီဟာ Flagship Killer စမတ်ဖုန်းတွေကိုပဲ ထုတ်လုပ်လေ့ရှိတာဖြစ်ပြီးတော့ သူ့ရဲ့ စမတ်ဖုန်းတွေက ဈေးနှုန်းအရ တခြားသော Flagship ဖုန်းတွေထက် သက်သာနေပြီး စွမ်းဆောင်ရည်ပိုင်းအရ ပိုပြီး သာလွန်နေအောင် ပြုလုပ်ထားတဲ့အတွက် နာမည်ရရှိလာတာပဲဖြစ်ပါတယ်။

OnePlus 6

အခုလိုမျိုး မြင့်မားတဲ့စွမ်းဆောင်ရည်ကို ဈေးနှုန်းသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ထားတဲ့အတွက် OnePlus ဖုန်းတွေအများစုက ကင်မရာပိုင်းမှာ တခြား Flagship ဖုန်းတွေထက် နိမ့်နေတာပဲဖြစ်ပါတယ်။

OnePlus 6 DxOMark

ဒါပေမယ့် OnePlus အနေနဲ့ အခုလိုမျိုး ကင်မရာပိုင်း အားနည်းမှုကို OnePlus 6 စမတ်ဖုန်းနဲ့ ပြင်ဆင်လာတယ်လို့ ယူဆရပြီးတော့ အခုနောက်ဆုံး Camera Website တစ်ခုဖြစ်တဲ့ DxOMark ကနေ စမ်းသပ်ခဲ့ပြီး ရမှတ်ကို 96 Marks အထိ ပေးခဲ့တာဖြစ်ပါတယ်။ အခုရမှတ်ဟာ Photos Score 100 Marks နဲ့ Video Score 87 Marks ကို Average ယူထားတာဖြစ်ပါတယ်။

OnePlus အနေနဲ့ အခုလိုမျိုး DxOMark မှာ 96 Marks ရရှိသွားတာက Samsung Galaxy Note 8 ၊ iPhone 8 Plus လိုမျိုး စမတ်ဖုန်းတွေနဲ့ ယှဉ်ရင်တော့ ပိုပြီးကောင်းမွန်တယ်လို့ ယူဆရပေမယ့် Xiaomi Mi 8 လိုမျိုး ဈေးနှုန်းနီးစပ်တဲ့ ယှဉ်ပြိုင်ဘက်တွေ၊ Samsung Galaxy S9 ၊ iPhone X နဲ့ Google Pixel 2 လိုမျိုး စမတ်ဖုန်းတွေနဲ့ ယှဉ်ရင်တော့ အားနည်းနေသေးတာပဲဖြစ်ပါတယ်။

OnePlus 6

OnePlus 6 ဟာ Camera ပိုင်းကို ယခင် OnePlus 5 နဲ့ 5T ဖုန်းတွေလိုပဲ 16MP + 20MP Back Camera ကို တပ်ဆင်ထားခဲ့တာဖြစ်ပေမယ့် Sensor ပိုင်းနဲ့ Software Optimizations ပိုင်းမှာ အဆင့်မြှင့်တင်မှုပြုလုပ်ထားခဲ့တာကြောင့် အခုလိုမျိုး ကောင်းမွန်တဲ့ ရလဒ်ကို ရရှိလာတာလို့ ယူဆရပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com