
OnePlus 6 Teaser



OnePlus 6 Rumor


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Flagship စမတ်ဖုန်းထုတ်လုပ်သူကြီး OnePlus ကနေ ဒီတစ်ခါမှာလည်း OnePlus 6 စမတ်ဖုန်းကို မကြာခင် ထုတ်တော့မှာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ OnePlus ကနေ OnePlus 6 စမတ်ဖုန်းအတွက် Teaser Image တစ်ခုကို ထုတ်ပြန်လိုက်ပါပြီ။

OnePlus 6 Teaser

အခု ဓါတ်ပုံကို OnePlus က သူရဲ့ Social Media Website တွေဖြစ်တဲ့ Twitter နဲ့ Facebook မှာ ဖော်ပြခဲ့တာဖြစ်ပြီးတော့ OnePlus 5T စမတ်ဖုန်းအောက်မှာ OnePlus 6 စမတ်ဖုန်းထားရှိထားတဲ့ပုံကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် OnePlus 6 ရဲ့ ဘေးဘောင် ဒီဇိုင်းကို အဓိကတွေ့မြင်ခဲ့ရပြီးတော့ ဒီတစ်ခါမှာတော့ OnePlus ရဲ့ Signature Feature တစ်ခုဖြစ်တဲ့ Alert Slider က နေရာပြောင်းနေတာကို တွေ့ခဲ့ရပါတယ်။

OnePlus 6 Rumor

ဒါ့အပြင် ပြီးခဲ့တဲ့ OnePlus 5T စမတ်ဖုန်းနဲ့ မတူညီတဲ့ Antenna Design တွေကို အသုံးပြုထားတဲ့အတွက်ကြောင့် OnePlus 6 စမတ်ဖုန်းက Glass Design ကို အသုံးပြုလာနိုင်တယ်လို့လည်း ယူဆရပါတယ်။ အဲ့ဒီအတွက် OnePlus 6 က Wireless Charging စနစ်ပါဝင်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com