OnePlus 6 Design
Ref : GSMArena
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Flagship Killer လို့ လူသိများတဲ့ OnePlus ကုမ္ပဏီကနေ အခုအချိန်မှာတော့ OnePlus 6 စမတ်ဖုန်းကို တရားဝင်ကြေငြာမယ့်အချိန်ကို တရားဝင်ကြေငြာလိုက်ပါပြီ။
OnePlus က အခုသတင်းကို OnePlus ရဲ့ China Website မှာ ကြေငြာခဲ့တာဖြစ်ပြီးတော့ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ဒေသစံတော်ချိန် ၁၀ နာရီမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အခု OnePlus 6 Launch Event က ပြီးခဲ့တဲ့ OnePlus 5T Event လိုမျိုး Press Show ပုံစံပဲပြုလုပ်သွားမှာဖြစ်ပြီး OnePlus Fans တွေအတွက်ကတော့ ၁၅ ဒေါ်လာ နဲ့ ညီမျှတဲ့ ၉၉ ယွမ်နဲ့ လတ်မှတ်တွေကို ဧပြီရယ်လ ၂၇ ရက်နေ့မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။
OnePlus 6 ရဲ့ ဒီတစ်ခါ Tagline ကိုတော့ The Speed You Need လို့ နာမည်ပေးထားပြီးတော့ အခု OnePlus 6 ဖုန်းက Qualcomm Snapdrago 845 Processor နဲ့ RAM 8GB ပါဝင်လာမယ့်အတွက် လက်ရှိအချိန်မှာ အမြန်ဆုံးသော စမတ်ဖုန်းတစ်ခုဖြစ်လာမယ်လို့ ယူဆရပါတယ်။
OnePlus 6 Design
OnePlus 6 စမတ်ဖုန်းမှာ လက်ရှိအချိန်အထိ သိထားတဲ့သတင်းတွေအရတော့ Glass Body ၊ Notch ပါဝင်လာမယ့် Display နဲ့ Water Resistant Feature တွေပါဝင်လာမှာဖြစ်ပြီးတော့ အခြားသော အချက်အလက်တွေကိုတော့ အတိအကျ မသိရသေးပါဘူး။
Ref : GSMArena
Zawyè (Akhayar) 
www.akhayar.com