




Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

OnePlus ကနေ လာမယ့် မေလ ၁၆ ရက်နေ့မှာ လန်ဒန်မြို့ နဲ့ မေလ ၁၇ ရက်နေ့တွေမှာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ နဲ့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွေမှာ မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

ဒါပေမယ့် OnePlus က အခုအချိန်မှာ OnePlus 6 စမတ်ဖုန်းအပြင် နောက်ထပ် Edition တစ်ခုကိုပါ မိတ်ဆက်ဖို့ရှိနေပါတယ်။ အဲ့ဒါကတော့ Marvel Fans တွေ အချိန်အကြာကြီး စောင့်စားခဲ့ရတဲ့ Infinity War မှာပါဝင်တဲ့ Avengers ရုပ်ရှင်လိုမျိုး OnePlus 6 Marvel Avengers Edition ပဲဖြစ်ပါတယ်။

OnePlus 6 Avengers

OnePlus က ပြီးခဲ့တဲ့နှစ်တုန်းကလည်း OnePlus 5T Star Wars Edition ကိုထုတ်လုပ်ပေးခဲ့ပြီးတော့ အခုအချိန်မှာတော့ Marvel Avengers Edition ကို ထုတ်တော့မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Teaser Video တစ်ခုကိုပါ ထုတ်ခဲ့ပါသေးတယ်။

အခု Teaser Video အရတော့ OnePlus 6 Marvel Avengers Edition က Rounded Corner နဲ့ Notch Display ကိုတွေ့လာရပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းရဲ့ နောက်ကျောပုံကို မမြင်ရသေးတဲ့အတွက် ဖုန်းရဲ့ နောက်ကျောဒီဇိုင်းပိုင်းမှာတော့ ပြောင်းလဲမှုတွေရှိလာမယ်လို့ ယူဆရပါတယ်။

အခု OnePlus 6 Marvel Avenger Edition စမတ်ဖုန်းကို လာမယ့် မေလ ၁၇ ရက်နေ့မှာ အိန္ဒိယနိုင်ငံမှာ Amazon Exclusive အနေနဲ့ရောင်းချသွားမှာဖြစ်ပြီးတော့ အခြားသော နိုင်ငံတွေအနေနဲ့ကတော့ အတိအကျမသိရသေးပါဘူး။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com