Avengers : Infinity War Edition OnePlus 6 ဖုန်းထွက်လာတော့မှာလား?








Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

OnePlus ရဲ့ ဒီနှ်စ်အတွက် Flagship စမတ်ဖုန်းတစ်ခုဖြစ်တဲ့ OnePlus 6 က မကြာခင်မှာ ထွက်လာတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ OnePlus 5T စမတ်ဖုန်းတုန်းကလည်း OnePlus 5T Star Wars Edtiion ဆိုပြီး ထွက်ရှိခဲ့ပြီးတော့ အခု OnePlus 6 မှာလည်း သီးသန့် Edition တစ်ခုထွက်ရှိလာဦးမယ့်ပုံပါပဲ။

OnePlus 5T Star Wars Edition

OnePlus 5T Star Wars Edition

ဒီတစ်ခါမှာတော့ လူတိုင်းနီးပါးစောင့်မျှော်နေကြတဲ့ Marvel Superhero တွေအကုန်လုံးပါဝင်မယ့် Avengers : Infinity War နဲ့ OnePlus က ပူးပေါင်းလာမယ့်ပုံရှိပါတယ်။ အဲ့ဒီအတွက် Marvel Hero တွေရဲ့ ပုံစံကို အခြေခံထားတဲ့ OnePlus 6 Avengers Edition ဖုန်းဖြစ်လာနိုင်ပါတယ်။

OnePlus ကတော့ လက်ရှိအချိန်အထိ OnePlus 6 စမတ်ဖုန်းကို တရားဝင်ကြေငြာမယ့် အချိန်ကို ပြောကြားထားခြင်းမရှိသေးပေမယ့် Avengers : Infinity War ကတော့ ဒီလ ၂၇ ရက်နေ့ဆိုရင် ရုံတင်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် OnePlus 6 ရဲ့ Avengers Edition စမတ်ဖုန်းကို လာမယ့် မေလဝန်းကျင်လောက်မှ တွေ့ရဖို့ရှိပါတယ်။

OnePlus 6 Avengers Edition

OnePlus နဲ့ Avengers : Infinity War တို့ပေါင်းစပ်ထားတဲ့ Teaser Video ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com