OnePlus 5T နဲ့ ယှဉ်ပြီး ပိုနှေးတဲ့ဖုန်းကို လမ်းမပေါ်ကို ပစ်ခွဲပြတဲ့ OnePlus ကြော်ငြာ

OnePlus ရဲ့ ကြော်ငြာတွေဟာ အမြဲတမ်းလိုလို ဆန်းသစ်တဲ့ Idea တွေနဲ့ ကွဲပြားနေအောင် ရိုက်ကူးတတ်တာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း OnePlus ဟာ သူရဲ့ OnePlus 5T ကိုကြော်ငြာကို တခြားသော Brand တွေဖြစ်တဲ့ Apple နဲ့ Samsung ဖုန်းတွေကို တိုက်ခိုက်ပြီးတော့ ပြုလုပ်ခဲ့ပါသေးတယ်။

အခု OnePlus 5T ကြော်ငြာမှာ Apple iPhone X ကိုလည်း (iPhone 10) လို့ ခေါ်ဆိုရမယ့်အစား iPhone X လို့ခေါ်ဆိုသွားသလို Samsung ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S8 နဲ့ Galaxy Note 8 ဖုန်းတွေကိုလည်း Galaxy ဆိုတဲ့ စာလုံးကို ခေါ်ဆိုသွားခြင်းမရှိပဲ တမင်ပြောသွားတာတွေကလည်း မထိတထိကို စောင်းပြီး ပုတ်ခတ်သွားသေးတာဖြစ်ပါတယ်။

အဲ့ဒီထက်ပိုဆိုးတာကတော့ အခုလိုမျိုး အခြေခံအသုံးပြုမှုတွေမှာ ယှဉ်ပြီးတော့ ရှုံးနှိမ့်တဲ့ဖုန်းကို ချက်ချင်း လမ်းမပေါ်ကို ပစ်ခွဲလိုက်တာဖြစ်ပါတယ်။ အဲ့ဒါထက်ပိုဆိုးတာက OnePlus 5T နဲ့ ယှဉ်ပြိုင်တဲ့ဖုန်းတွေဟာ OnePlus ရဲ့ ဖုန်းတွေမဟုတ်ပဲနဲ့ လမ်းမမှာသွားလာနေတဲ့ လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေဖြစ်နေတာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် တကယ်ကို OnePlus က အခြားသော စမတ်ဖုန်းတွေကို ဘာကြောင့်တမင်ဖျက်ဆီးထားတာဖြစ်မလဲဆိုတာကို အောက်ပါ ကြော်ငြာကို ကြည့်လိုက်ရအောင်လား?

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]