OnePlus 5 ဖုန္းသစ္မွာ Snapdragon 835 Processor အသစ္ကုိ အသံုးျပဳသြားမယ္လုိ႔ Qualcomm နဲ႔ OnePlus တုိ႔ ႏွစ္ဖက္လံုးက အတည္ျပဳခဲ့ပါတယ္။ OnePlus ရဲ႕ အဓိက စမတ္ဖုန္းအမ်ိဳးအစားဟာ ဒီေႏြမွာထြက္လာဖို႔ရွိၿပီး ပစၥည္းသစ္နဲ႔ ပတ္သက္လုိ႔ ေပါက္ၾကားခ်က္အနည္းငယ္သာ၇ွိေသးၿပီး ဒီအထဲက Snapdragon 835 အတြက္ အခုလုိ အတည္ျပဳေပးခဲ့တာပါ။

“#OnePlus5 ကုိ မၾကာခင္ ထုတ္လုပ္ေတာ့မွာပါ။ ကၽြန္ေတာ္တုိ႔လည္း ဖုန္းရဲ႕ #Snapdragon 835 နဲ႔ ထြက္လာမယ့္အခ်ိန္ကို စိတ္မလႈပ္ရွားပဲမေနႏုိင္ေတာ့ပါဘူး” လုိ႔ Qualcomm က Tweet တစ္ခု တင္ခဲ့ပါတယ္။

OnePlus CEO ျဖစ္တဲ့ Pete Lau ကလည္း သူ႕ဘေလာ့ဂ္ကေနတစ္ဆင့္ OnePlus 5 အေနနဲ႔ Snapdragon 835 Processor ကုိ အသံုးျပဳမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါေသးတယ္ “OnePlus 5 ဟာ လုပ္ေဆာင္ခ်က္ေတြအေနနဲ႔ Snapdragon 835 processor ပါဝင္မွာျဖစ္ၿပီး ေခ်ာေမြ႔၊ ေျပျပစ္ၿပီး ေကာင္းမြန္တဲ့ လုပ္ေဆာင္မႈနဲ႔ ထိေရာက္တဲ့ စြမ္းေဆာင္ရည္ေတြရွိပါတယ္” လုိ႔ုဆုိပါတယ္။

Lau ဟာ Weibo ေပၚမွာ OnePlus 5 အေၾကာင္းအတည္ျပဳတဲ့ ပုိ႔စ္ေတြေတာက္ေလွ်ာက္တင္ထားခဲ့ဖူးၿပီး စက္မွာ အေရွ႕ဘက္မွာ Fingerprint Scanner ထည့္သြင္းမွာျဖစ္ေၾကာင္းလည္း သိရပါတယ္။ အဲ့ဒီအျပင္ Twitter က Tweet တစ္ခုမွာ “Why did the headphone jack cross ther road?” လို႔ ေရးထားတာေၾကာင့္ Headphone Jack ေပါက္ကုိလည္း OnePlus 5 မွာ ျဖဳတ္ခ်ဖြယ္ရွိေနပါတယ္။

ျမန္မာႏုိင္ငံမွာလည္း လူသိမ်ားတဲ့ OnePlus Devices ေတြထဲက အသစ္တစ္မ်ိဳးကုိ မၾကာေသးမီမွာ ေတြ႔ျမင္ရေတာ့မွာပါ။

Joker (Akhayar) 

Ref: IndianExpress

==================

OnePlus 5 မှာ Snapdragon 835 အသုံးပြုမယ်လို့ ကုမ္ပဏီအတည်ပြု

OnePlus 5 ဖုန်းသစ်မှာ Snapdragon 835 Processor အသစ်ကို အသုံးပြုသွားမယ်လို့ Qualcomm နဲ့ OnePlus တို့ နှစ်ဖက်လုံးက အတည်ပြုခဲ့ပါတယ်။ OnePlus ရဲ့ အဓိက စမတ်ဖုန်းအမျိုးအစားဟာ ဒီနွေမှာထွက်လာဖို့ရှိပြီး ပစ္စည်းသစ်နဲ့ ပတ်သက်လို့ ပေါက်ကြားချက်အနည်းငယ်သာရှိသေးပြီး ဒီအထဲက Snapdragon 835 အတွက် အခုလို အတည်ပြုပေးခဲ့တာပါ။

“#OnePlus5 ကို မကြာခင် ထုတ်လုပ်တော့မှာပါ။ ကျွန်တော်တို့လည်း ဖုန်းရဲ့ #Snapdragon 835 နဲ့ ထွက်လာမယ့်အချိန်ကို စိတ်မလှုပ်ရှားပဲမနေနိုင်တော့ပါဘူး” လို့ Qualcomm က Tweet တစ်ခု တင်ခဲ့ပါတယ်။

OnePlus CEO ဖြစ်တဲ့ Pete Lau ကလည်း သူ့ဘလော့ဂ်ကနေတစ်ဆင့် OnePlus 5 အနေနဲ့ Snapdragon 835 Processor ကို အသုံးပြုမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ် “OnePlus 5 ဟာ လုပ်ဆောင်ချက်တွေအနေနဲ့ Snapdragon 835 processor ပါဝင်မှာဖြစ်ပြီး ချောမွေ့၊ ပြေပြစ်ပြီး ကောင်းမွန်တဲ့ လုပ်ဆောင်မှုနဲ့ ထိရောက်တဲ့ စွမ်းဆောင်ရည်တွေရှိပါတယ်” လို့ုဆိုပါတယ်။

Lau ဟာ Weibo ပေါ်မှာ OnePlus 5 အကြောင်းအတည်ပြုတဲ့ ပို့စ်တွေတောက်လျှောက်တင်ထားခဲ့ဖူးပြီး စက်မှာ အရှေ့ဘက်မှာ Fingerprint Scanner ထည့်သွင်းမှာဖြစ်ကြောင်းလည်း သိရပါတယ်။ အဲ့ဒီအပြင် Twitter က Tweet တစ်ခုမှာ “Why did the headphone jack cross ther road?” လို့ ရေးထားတာကြောင့် Headphone Jack ပေါက်ကိုလည်း OnePlus 5 မှာ ဖြုတ်ချဖွယ်ရှိနေပါတယ်။

မြန်မာနိုင်ငံမှာလည်း လူသိများတဲ့ OnePlus Devices တွေထဲက အသစ်တစ်မျိုးကို မကြာသေးမီမှာ တွေ့မြင်ရတော့မှာပါ။

Ref: IndianExpress