[Zawgyi]





 

Zawyè (Akhayar) 

www.akhayar.com

 

 

[Unicode]

 

OnePlus 5 Smartphone ဟာ လက်ရှိအချိန်မှာ စွမ်းဆောင်ရည်အကောင်းဆုံးဖုန်းတစ်ခုလို့ သတ်မှတ်ထားနိုင်တဲ့ဖုန်းဖြစ်ပါတယ်။ OnePlus 5 ဖုန်းမှာ အမြန်ဆုံးသော Qualcomm Snapdragon 835 CPU, Flagship ဖုန်းတွေမှာတောင် မတွေ့ရသေးတဲ့ 8GB RAM နဲ့ အတူလက်ရှိဈေးကွက်ထဲမှာ Megapixels အရ အများဆုံးဖြစ်တဲ့ Dual Camera စနစ်တွေပါဝင်နေပါတယ်။

ဒါ့အပြင် ဒီလို စွမ်းဆောင်ရည်နဲ့ Feature အကောင်းစားတွေပါဝင်နေတဲ့ OnePlus 5 ဟာ ဈေးနှုန်းအနေနဲ့လည်း $479 နဲ့ $529 ဝန်းကျင်ပဲရှိတဲ့အတွက် အခြားသော စွမ်းဆောင်ရည်တူညီတဲ့ Flagship ဖုန်းတွေထက် ဈေးနှုန်းအရလည်း သက်သာနေပါသေးတယ်။

ဒါပေမယ့် OnePlus ကုမ္ပဏီက သူတို့ရဲ့ လက်ရှိအကောင်းဆုံးဖုန်းကို ကြော်ငြာတဲ့နေရာမှာတော့ တမျိုးဆန်းနေပါတယ်။ Lake Blood လို့ နာမည်ပေးထားတဲ့ ၁ မိနစ်နဲ့ ၁၁ စက္ကန့်ကြာမြင့်တဲ့ OnePlus 5 ကြော်ငြာဗီဒီယိုဟာ OnePlus 5 ရဲ့ ကင်မရာစွမ်းဆောင်ရည်ကို အသားပေးဖော်ပြထားတာဖြစ်ပြီး လူသတ်သမားက လူလိုက်သတ်နေတာကို ကောင်မလေးတစ်ယောက်က ဓါတ်ပုံလှမ်းရိုက်တဲ့ပုံစံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။

Smartphone ကြော်ငြာတွေထဲမှာ ဒီလိုမျိုး Idea အသစ်အဆန်းနဲ့ ရိုက်ကူးထားတာမျိုး သိပ်မရှိတဲ့အတွက် ကြည့်ဖြစ်အောင်ကြည့်လိုက်ဦးနော်။ အသည်းငယ်တတ်ရင်တော့ တမျိုးပေါ့ 😛

 

Zawyè (Akhayar) 

www.akhayar.com